menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
အစိုတမန်းပြင် နွေစပါးတိုက်ရိုက်မျိုးစေ့ချ စိုက်နည်းစနစ်။
🔰အစိုတမန်းပြင် နွေစပါးတိုက်ရိုက်မျိုးစေ့ချ စိုက်နည်းစနစ်🔰
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
✅နွေစပါးအထွက်နှုန်း မြင့်မားရေးအတွက် စိုက်နည်းစနစ်မှန်ကန်ရန် အရေးကြီးသည်။
✅ပျိုးထောင်ကောက်စိုက်စနစ်နှင့် တိုက်ရိုက်မျိုးစေ့ချစိုက်နည်းစနစ်ဟူ၍ နည်းလမ်းနှစ်သွယ်ရှိသည့်အနက် နွေစပါးစိုက်ပျိုးရာတွင် တိုက်ရိုက်မျိုးစေ့ချနည်းစနစ်က ပို၍ သင့် တော်သည်။ တိုက်ရိုက်မျိုးစေ့ချစိုက်နည်းစနစ် အမျိုးမျိုးရှိသည့်အနက် အစိုတမန်းပြင်တိုက်ရိုက်မျိုးစေ့ချ စိုက်နည်းစနစ်သည် စပါးအထွက်နှုန်း မြင့်မားရေးအတွက် ဆောင်ရွက်သင့်သည့်နည်းစနစ်တစ်ခုဖြစ်ပါသည်။
✅မြေပြုပြင်ခြင်း တိုက်ရိုက်မျိုးစေ့ချ နွေစပါးစိုက်ပျိုးမည့် လယ်မြေသည် ရေလုံလောက်စွာရ၍ ရေကို ကောင်းစွာထိန်းနိုင်ရမည်။ ထယ်ရေးနက်နက်ဖြင့် တမန်းညက်အောင်ပြုပြင်ရသည်။ နွားချေး၊ မြေဆွး၊ စက်ဖွဲပြာများကို တတ်နိုင်သမျှ ညီညာစွာ ကြဲဖြန့်ချရသည်။ ပေါင်းမြက်ပင်များကိုကုန်စင်အောင်ကောက်ပေးရမည်ဖြစ်ပါသည်။နောက်ဆုံး ထွန်ရေးပြုပြင်ပြီးသည်နှင့် လယ်ကွက်အတွင်းမှရေကို ကတွတ်ပေါက်မှ ထုတ်ပစ်ရသည်။ လိုအပ်ပါက စိမ့်မြောင်း၊ ပတ်မြောင်းများဖော်၍ ရေကို ပြောင်စင်အောင်ထုတ်ရသည်။ ပြီးက တမန်းပြင်ညီညာအောင် ကျမ်းရိုက်ရပါမည်။
✅မျိုးစေ့ချခြင်း အစိုတမန်းပြင်ပေါ်၌ စာပါးစပ်ပြူအညှောက်ဖောက်ထားသော စပါးမျိုးစေ့ကို ကြဲပက်စိုက်ပျိုးနိုင်သည်။မျိုးစေ့ချကိရိယာသုံးခြင်း၊ ကြိုးတန်း၍ ကြိုးတန်းတစ်လျှောက် လက်ဖြူးချခြင်း၊လက်စုချခြင်းစသည့် နည်းစနစ်များအနက် သင့်တော်ရာနည်းစနစ်ဖြင့် အတန်းလိုက်မျိုးစေ့ချစိုက်ပျိုးနိုင်ပါသည်။
✅စိုက်ချိန် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် ဒီဇင်ဘာလနှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် ဖေဖော်ဝါရီလလယ်တွင် အပြီးစိုက်သင့်သည်။ ရေမြေအခြေအနေအရ စိုက်ချိန်ကွဲပြားနိုင်သော်လည်း နွေစပါးကို မိုးလွတ်လေလွတ်ရိတ်သိမ်းနိုင်ရေး၊ စပါးပင်ကြီးထွားဖွံ့ဖြိုးချိန်တွင် အပူချိန်နိမ့်လွန်းခြင်း၊ ပန်းပွင့်ချိန်တွင် အပူချိန်မြင့်လွန်းခြင်းတို့ ကြုံတွေ့မှုမရှိစေရေး စိုက်ချိန်ကို ချိန်ဆစိုက်ပျိုးရန်ဖြစ်ပါသည်။
✅စပါးမျိုး မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌ သီးထပ်ရင်စပါးမျိုးနှင့်မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ ရွှေသွယ်ရင်စပါးမျိုးတို့သည် ဒေသရေမြေနှင့်ကိုက်ညီပြီး အစိုတမန်းပြင်၌ တိုက်ရိုက်မျိုးစေ့ချရန် သင့်တော်သည့်စပါးမျိုးများဖြစ်သည်။ယခုအခါ ရတနာတိုး၊ ရက် ၉၀၊ နှံကောက်နှင့် အခြားသက်လျင်အထွက်ကောင်းစပါးမျိုးများကို စိုက်ပျိုးနိုင်ပြီဖြစ်သည်။ စိုက်ချိန်စောပါက သက်လျင်အထွက်ကောင်း စပါးမျိုးများသာမက မနောသုခ၊ ဆင်းသုခကဲ့သို့ သက်လတ်အထွက်ကောင်း စပါးမျိုးကိုလည်း စိုက်ပျိုးနိုင်သည်။ သို့သော် ရိတ်သိမ်းချိန်တွင် မိုးဦးကျမုတ်သုံမိုးနှင့်ကြုံတွေ့၍ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး စိုက်ပျိုးမည့်မျိုးနှင့် စိုက်ချိန်တို့ကို ကြိုတင်ချိန်ဆစိုက်ပျိုးရန်ဖြစ်ပါသည်။
✅မျိုးစေ့ရွေးချယ်ခြင်း အသုံးပြုမည့် အထွက်ကောင်းမျိုး သည် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (မျိုးသန့် အဆင့် - ၂) (Certified Seed)ဖြစ်ရပါမည်။ မျိုးစစ်၍ မျိုးစေ့အဆင့် မှန်ကန်ရပါမည်။အစေ့တွင်းစာ ပိုမိုပါရှိသည့်အောင်မြင်ပြည့်ဖြိုးသော စပါးစေ့များရရှိရန် ဆားရည်စိမ်၍ မျိုးရွေးချယ်ပါ။ သို့မဟုတ် ရိုးရှင်း၍ လွယ်ကူသည့် ရေဖြင့်ရွေးချယ်နည်းကို သုံးပါဟု အကြံပြုလိုသည်။ ရိုးရိုးရေတွင် မျိုးစေ့များကို သုံးကြိမ်အဖျင်းအမှော်လုံးပိန်လုံးညှက်များကို ဖယ်ထုတ်ပစ်ရန်ဖြစ်သည်။ စပါးအပင်ပေါက်များ သန်စွမ်းရေး၊ ကြီးထွားဖွံ့ဖြိုးရေး၊ အပင်ပွားထွက်မှုမြန်၍ အပင်ပွားများများထွက်ရေး မျိုးစေ့ရွေးချယ်ခြင်းလုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်သင့်ပါသည်။
✅မျိုးစေ့နှုန်း အစိုတမန်းပြင်၌ စပါးတိုက်ရိုက်မျိုး စေ့ချစိုက်ပျိုးရာတွင် ကြဲပက်ပါက တစ်ဧကလျှင် မျိုးစေ့နှစ်တင်းနှုန်းမှ သုံးတင်းနှုန်း၊ ကြိုးတန်းတန်း၍ လက်ဖြူးချခြင်း၊ လက်စုချခြင်း ဆောင်ရွက်ပါက တစ်ဧကလျှင် မျိုး စေ့နှစ်တင်းနှုန်း၊ ခြောက်လက်မခြား မျိုးစေ့ချကိရိယာဖြင့် စိုက်ပါက တစ်ဧကလျှင်မျိုး စေ့တစ်တင်းခွဲမှ နှစ်တင်းနှုန်း၊ ရှစ်လက်မခြားမျိုးစေ့ချကိရိယာ သို့မဟုတ် ဗီယက်နမ်မျိုးစေ့ချကိရိယာတို့ဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် မျိုးစေ့တစ်တင်းခွဲနှုန်းအသုံးပြု စိုက်ပျိုးရန်ဖြစ်ပါသည်။ ပေါင်းမြက်ပေါက်ရောက်မှု များလေ့ရှိသည့်လယ်မြေ၌ မျိုးစေ့နှုန်းကို ပိုမိုသုံးစွဲသင့်ပါသည်။ အစိုတမန်းပြင်၌ အပင်ပေါက်လာသည့်အခါအကျယ်အဝန်းတစ်မီတာပတ်လည်အတွင်း စပါးပင် ၂၀၀ မှ ၃၀၀ အတွင်းရှိပါက စပါးအထွက်မြင့်မားမည်။ စပါးပင် ၁၅၀ အောက် အပင်ပေါက်လာက စပါးအထွက်နည်းနိုင်သည်ဟု သိရပါသည်။ ထို့ကြောင့် စိုက်တမန်းမကောင်းခြင်း၊ မျိုးစေ့မချမီ ရေကိုပြောင်စင်အောင် မထုတ်နိုင်၍ ရေချိုင့်၊ ရေခွက်များကျန်ရှိခြင်း၊ မြေမျက်နှာပြင်ညီညာအောင် ကျမ်းမရိုက်နိုင်ခြင်း စသည့် စပါးစေ့အပင်မပေါက်နိုင်သည့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ မျိုးစေ့နှုန်းကို တိုးမြှင့်သုံးစွဲရန်လိုအပ်မည် ဖြစ်ပါသည်။
✅ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း အစိုတမန်းပြင် စပါးတိုက်ရိုက်မျိုးစေ့ချစနစ်တွင် ပေါင်းမြက်ဖျက်ဆီးမှုကို ကောင်းစွာနှိမ်နင်းနိုင်ရသည်။ မျိုးစေ့ချပြီး သုံးရက်အတွင်း ပေါင်းမြက်ပင်များ မပေါက်မီ ကြိုတင်ကာကွယ်သည့် ပေါင်းသတ်ဆေးကို ပက်ဖျန်းနိုင်သည်။ သို့မဟုတ် မျိုးစေ့ချပြီး ရေမသွင်းဘဲ အခြောက်ခံကာ ပေါင်းမြက်ပင်များ ပေါက်ရောက်ခွင့်ပေးပြီး ပေါင်းမြက်အပင်ပေါက်ပြီး ပေါင်းမြက်ပင်များ အရွက်နှစ်ရွက်မှ သုံးရွက်ထွက်ချိန်တွင် ပေါင်းသတ်ဆေးဖြင့် နှိမ်နင်းနိုင်သည်။စိုက်ပျိုးသည့်စပါးမျိုး၏ သက်တမ်း အလိုက် ပထမသုံးပုံ တစ်ပုံကာလအတွင်း ပေါင်းကင်းစင်စေရေး ဆောင်ရွက်ရန် လိုသည်။ စိုက်ခင်းအတွင်းမှ ရေကို စနစ်တကျထိန်းသိမ်းပေးခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ ပေါင်းသတ်ဆေးဖျန်းခြင်း စသည့် ဘက်စုံပေါင်းမြက် ကာကွယ်နှိမ်နင်းနည်းစနစ်ကို ကျင့်သုံးရန် ဖြစ်ပါသည်။
✅မြေသြဇာအသုံးပြုခြင်း စပါးပင် ရှင်သန်ကြီးထွားရေး၊ ပွင့်သီးရေးအတွက် အဓိကလိုအပ်သော နိုင်ထရိုဂျင်၊ ဖော့စ်ဖားရပ်၊ ပိုတက်စီယမ်နှင့် အခြားအနည်းလိုအာဟာရဓာတ်များ ရရှိစေရန် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာနှစ်မျိုး လုံးကို ကျွေးပေးရန်လိုပါသည်။သဘာဝမြေသြဇာကို မျိုးစေ့မချမီထွန်ရေးတမန်းပြုပြင်စဉ်ကပင် လယ်ကွက်အတွင်း ညီညာစွာကြဲ၍ မြေနှင့်သမနေအောင် ထွန်မွှေထည့်သွင်းရန် ဖြစ်ပါသည်။ဓာတ်မြေသဇာများတွင် နိုင်ထရိုဂျင်ဓာတ်ပါဝင်သော ယူရီးယားမြေသြဇာကိုအပင်ပွားချိန်၏ အစောပိုင်းနှင့် အလယ်ပိုင်းကာလတို့တွင်လည်းကောင်း၊ မှို့ကပ်ချိန်နှင့် အစေ့အဆန်ပြည့်ဖြိုးချိန်တို့တွင်လည်းကောင်း ထည့်သွင်းပေးရသည်။ ယူရီးယားမြေသြဇာကျွေးတိုင်း ထုထည်တူမြေဆွေး (သို့မဟုတ်) နွားချေးမြေဆွေးနှင့် သမအောင်ရော၍ တစ်ညနှပ်ထားကာ နောက်နေ့တွင် စိုက်ခင်းအတွင်း ညီညာစွာကြဲပက်ပေးရန် ဖြစ်ပါသည်။ ဖော့စ်ဖားရပ်ဓာတ်ပါဝင်သော တီစူပါဓာတ်မြေသြဇာနှင့် ပိုတက်စီယမ်ဓာတ်ပါဝင်သော ပိုတက်ရှ်ဓာတ်မြေသြဇာတို့ကို ထွန်ရေးတမန်းပြင်ချိန်တွင် ထည့်သွင်းပေးရန်ဖြစ်သည်။ ပိုတက်ရှ်ဓာတ်မြေသြဇာကို စပါးပင်၌ အနှံလောင်းဖြစ်တည်ချိန်မတိုင်မီအထိ တစ်ကြိမ် (သို့မဟုတ်) ထို့ထက်ပို၍ ကြဲပက်ပေးသင့်ပါသည်။
✅ရေကို စနစ်တကျထိန်းသိမ်းခြင်း စပါးကို တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုး ပြီး နှစ်ပတ်သားခန့်မှစ၍ ရေကိုပေးသွင်းရန်ဖြစ်သည်။ ရေကိုထိန်းသိမ်းထားခြင်းသည် ပေါင်းမြက်ပေါက်ရောက်မှုကို ကာကွယ်နှိမ်နင်းသည့် နည်းလမ်းတစ်ခုဖြစ်သည်။သို့သော် ပေါင်းမြက်ပေါက်ရောက်မှုနည်းပါးလေ့ရှိသည့် လယ်မြေများ၌ ရေကိုချွေတာ၍ အကျိုးရှိစွာ သုံးစွဲမှုအနေဖြင့် စိုတစ်လှည့် ခြောက်တစ်ခါ ရေပေးစနစ်ကို ဆောင်ရွက်နိုင်သည်။ ၎င်းင်းစနစ်မှာ စိုက်ခင်း၌ ရေပြတ်သွားသော်လည်း မြေအောက်ရေ ခြောက်လက်မခန့်သို့ ရောက်ရှိမှသာ နောက်တစ်ခါ ရေပေးသွင်းခြင်းနည်းလမ်းဖြစ်သည်။ ရေပေးသွင်းစရိတ် သက်သာခြင်းကြောင့် စိုက်ပျိုးကုန်ကျစရိတ်ကို လျှော့ချနိုင်ပါသည်။
✅ရိတ်သိမ်းခြွေလှေ့ခြင်း စပါးနှံများရှိ စပါးစေ့များ၏ ၈၀ မှ ၈၅ ရာခိုင်နှုန်း ကောက်ရိုးရောင် ဖြစ် ပေါ်ချိန်သည် စပါးရိတ်သိမ်းရန် အချိန်မှန်ဖြစ်ပါသည်။ ထိုအချိန်သည် အနှံထွက်ပြီး ၂၈ ရက်မှ ၃၅ ရက်သားတွင် ဖြစ်နိုင်သည်။ ရိတ်သိမ်းပြီး ချက်ချင်းခြွေလှေ့ရန်ဖြစ်သည်။ စပါးရိတ်သိမ်းစက်၊ စပါးခြွေလှေ့စက် (သို့မဟုတ်) စပါးရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းခြွေလှေ့ပါက အလေအလွင့်နည်းပါးမည်ဖြစ်ပါသည်။
- မောင်ဖူးဝေ(တောင်တွင်းကြီး)
- မြန်မာတောင်််််််သူကြီးများဂျာနယ်
- ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်။