menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ဓာတ်မြေသြဇာများ၏ ထုတ်လုပ်သုံးစွဲမှု ပုံစံများ။
ဓာတ်မြေသြဇာ (Chemical fertilizer)
………………………………………………
ဓာတ်မြေသြဇာ (Chemical fertilizer)ဆိုသည်မှာ အပင်များ ရှင်သန်ကြီးထွားဖွံ့ဖြိုးရန်အတွက် လိုအပ်သည့် အာဟာရဓာတ်တစ်မျိုး (သို့) တစ်မျိုးထက်ပို၍ပါဝင်အောင် လူတို့ဖန်တီး ပြုလုပ်ထားသည့် အော်ဂဲနစ်နှင့် အင်အော်ဂဲနစ်ပုံစံ ဓာတုမြေသြဇာဖြစ်သည်။
၎င်းဓာတ်မြေသြဇာများကို အဓိကအားဖြင့် ရိုးရိုးသီးသန့်မြေသြဇာများ (Straight fertilizers)နှင့်၊ ရောစပ်မြေသြဇာများ (Mixed fertilizers)ဟု (၂)မျိုးထုတ်လုပ် သုံးစွဲကြသည်။
(က) ရိုးရိုးသီးသန့်မြေသြဇာများ
(Straight fertilizers)
----------------------------------
ရိုးရိုးသီးသန့် မြေသြဇာဆိုသည်မှာ အပင်များအတွက် အဓိကအများလို အာဟာရဓာတ်(၃)မျိုးဖြစ်သည့် N,P & K ဓာတ်တစ်မျိုးမျိုး သီးသန့်တစ်မျိုးတည်းပါဝင်သည့် ဓာတ်မြေသြဇာများဖြစ်သည်။ အရောင်အမျိုးမျိုးနှင့် အမှုန့်၊ အခဲ၊ အရည်စသည့် ပုံစံအမျိုးမျိုး ဖြစ်နိုင်သည်။
ဥပမာ…
မိုးပုလဲ (ယူရီးယား) N46%
-------- (တီစူပါ) P46%
ဘက်စ်ကေ (ပိုတက်ရှ်) K60%
(ခ) ရောစပ်မြေသြဇာများ (Mixed fertilizers)
-----------------------------
ရောစပ်မြေသြဇာဆိုသည်မှာ အဓိကအများလိုဓာတ် (Primary major nutrient) ဖြစ်စေ၊ ဒုတိယအများလိုဓာတ် (Secondary nutrient)ဖြစ်စေ၊ အနည်းလိုဓာတ် (Micronutrient)ဖြစ်စေ၊ အပင်အတွက်လိုအပ်သည့် အာဟာရဓာတ်၂မျိုး (သို့မဟုတ်) ၂မျိုးထက်ပို၍ပါဝင်အောင် ရူပနည်းဖြင့်သော်လည်းကောင်း၊ ဓာတုနည်းဖြင့်သော်လည်းကောင်း ရောစပ်ထားသည့် မြေသြဇာများဖြစ်သည်။ အရောင်အမျိုးမျိုးနှင့် အမှုန့်၊ အခဲ စသည်ဖြင့် ပုံစံအမျိုးမျိုးဖြစ်နိုင်သည်။
ရောစပ်မြေသြဇာများတွင် အဓိကအများလိုဓာတ် NPK(၃)မျိုး ပြည့်စုံအောင်ပါဝင်ပါက ပြည့်စုံသောမြေသြဇာ (Complete fertilizer)ဟုသတ်မှတ်ပြီး (၃)မျိုးပြည့်စုံအောင်မပါဝင်ဘဲ တစ်မျိုး (သို့) ၂မျိုးသာပါဝင်ပါက မပြည့်စုံသောမြေသြဇာ (Incomplete fertilizer)ဟုသတ်မှတ်သည်။
ဥပမာ…
ပြည့်စုံသောမြေသြဇာများ ( Complete fertilizers )
-----------------------------
ဝိစာရအထွက်တိုးကွန်ပေါင်း (16:16:8+12S)
ရွှေတိုးကွန်ပေါင်း (17:8:8+15S)
ဝိစာရ ၁၅ပတ်လည် (15:15:15)
ပတ်ကား (19:9:19)
ဇီလီယန် (16:16:16)
အာသီသ (15:20:15)
မပြည့်စုံသောမြေသြဇာများ ( Incomplete fertilizers )
-------------------------------
ကန်ဂရိုး (N27%,Ca12%)
အောင်နှံဝေ (N21%,S24%)
ရိုးရိုးသီးသန့်မြေသြဇာများ (Straight fer:)
ထို့အပြင် တနည်းအားဖြင့် ရောစပ်မြေသြဇာများ (Mixed fertilizers)ကို အဓိကအားဖြင့် အောက်ပါအတိုင်း (၃)မျိုးထပ်ပြီး ခွဲခြားနိုင်သည်။
(၁) အရောမြေသြဇာများ (Compound fertilizers)
(၂) အနှောမြေသြဇာများ (Complex fertilizers)
(၃) အစုအပုံလိုက်ရောသည့်မြေသြဇာများ (Bulk blending fertilizers)
(၁) အရောမြေသြဇာများ (Compound fertilizers)
…………………………………………
ဓာတ်မြေသြဇာ အမှုန့် (သို့) အခဲအတွင်း အပင်အတွက် လိုအပ်သည့် အာဟာရဓာတ် (၂)မျိုးဖြစ်စေ၊ (၂)မျိုးထက်ပို၍ဖြစ်စေ စက်မှုနည်းပညာကို အသုံးပြုပြီး ရူပနည်းဖြင့်ရောထားသည့် မြေသြဇာများကိုခေါ်သည်။ အရောင်တစ်မျိုးတည်းသာ ရှိနိုင်သည်။
ဥပမာ…
ပတ်ကား (19:9:19) ပန်းရောင်
ဇီလီယန် (16:16:16) ပန်းရောင်
(၂) အနှောမြေသြဇာများ (Complex fertilizers)
……………………………………………
ဓာတ်မြေသြဇာ အမှုန့် (သို့) အခဲအတွင်း အပင်အတွက် လိုအပ်သည့် အာဟာရဓာတ် (၂)မျိုးဖြစ်စေ၊ (၂)မျိုးထက်ပို၍ဖြစ်စေ ဓာတုနည်းဖြင့်ရောထားသည့် (ဝါ) ဓာတုဆားပုံစံဖြင့် ဖွဲ့စည်းထားသည့် မြေသြဇာများဖြစ်သည်။ အရောင်တစ်မျိုးတည်းသာ ရှိနိုင်သည်။
ဥပမာ…
ကန်ဂရိုး (N27%,Ca12%) အစိမ်းနုရောင် ကယ်လ်စီယမ်နိုက်ထရိတ ် (Calcium nitrate)
အောင်နှံဝေ (N21%,S24%) အနီနုရောင် အမိုနီယမ်ဆာလ်ဖိတ် (Ammonium sulphate)
မောနီတာဂျစ်ဆမ် (Ca23%,S17%) အဖြူရောင် ကယ်လ်စီယမ်ဆာလ်ဖိတ် (Calcium sulphate/Gypsum)
(၃) အစုအပုံလိုက် ရောသည့်မြေသြဇာများ (Bulk blending fertilizers)
……………………………………………………
အခဲပုံစံရှိသည့် အပင်အာဟာရဓာတ် (သို့) သီးသန့်မြေသြဇာ Straight fertilizer များကို (၂)မျိုးဖြစ်စေ၊ (၂)မျိုးထက်ပို၍ဖြစ်စေ စက်မှုနည်းပညာ အသုံးပြု၍သော်လည်းကောင်း၊ လူအားကို အသုံးပြု၍သော်လည်းကောင်း လိုအပ်သည့်အာဟာရအချိုး ရရှိအောင် စနစ်တကျတွက်ချက် ရောထားသည့် မြေသြဇာဖြစ်သည်။ အရောင်အမျိုးမျိုး သီးသန့်စီ ရောနှောပါဝင်နိုင်သည်။ တောင်သူအခေါ် သုံးရောင်ခြယ် (သို့) ဒန်ပေါက်ရောင် ဖြစ်သည်။
ဥပမာ…
ဝိစာရအထွက်တိုးကွန်ပေါင်း (16:16:8+12S) ၃ရောင်
ရွှေတိုးကွန်ပေါင်း (17:8:8+15S) ၃ရောင်
ဝိစာရ ၁၅ပတ်လည် (15:15:15) ၃ရောင်
အာသီသ (15:20:15) ၃ရောင်
မှတ်ချက်
__________
ယခုအခါ တောင်သူများကိုယ်တိုင် လက်တွေ့အသုံးပြုနေကြသည့် ပုလဲ၊ တီစူပါနှင့် ပိုတက်ရှ် သီးသန့်မြေသြဇာ(၃)မျိုးကို တွက်ချက်ရောစပ် အသုံးပြုနေကြသည့် မြေသြဇာကိုမူ ရောစပ်မြေသြဇာ Mixed fertilizer (သို့မဟုတ်) အစုအပုံလိုက်ရောသည့်မြေသြဇာ Bulk blending fertilizer ဟုခေါ်ကြရမည် ဖြစ်ပါသည်။
Than Win Agri