menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
သဘာဝညီမျှခြေဖြစ်စေဖို့ မိတ်ဆွေပိုးများထိန်းသိမ်းကြပါစို့
🐛🌿🐝🍃🐜🌱🦗🎋🦟🌾🕷
➡️လယ်ယာသီးနှံဖျက်ပိုးရှိသလို အကျိုးပြုပိုးလည်းရှိသည်။ မိတ်ဆွေပိုးဟု ခေါ်ကြသည်။ တောင်သူကြီး များ၏ သီးနှံဖျက်ပိုးကို လယ်ကွင်း၊ ယာခင်းထဲ လိုက်လံရှာဖွေဖမ်းယူစားသောက်သဖြင့် တောင်သူမိတ်ဆွေပိုးဖြစ်ပါသည်။ သားရဲကောင်များ၊ ကပ်ပါးပိုးများ၊ ဖျက်ပိုးမှာကျသော ရောဂါများသည်လည်း မိတ်ဆွေအဖြစ်ပါရှိသလို ငှက်အချို့ကလည်း ရန်သူအဖြစ် အသီးအနှံအစေ့အဆန်စားပြီး ဖျက်ကြ၊ အချို့ငှက်များကသီးနှံကျသော ဖျက်ပိုးစားကြနှင့် မိတ်ဆွေငှက်လည်း ရှိကြသည်။
➡️ကပ်ပါးပိုးများသည် ဖျက်ပိုးတို့၏ကိုယ်ခန္ဓာအတွင်း ဝင်ရောက်ဖျက်ဆီးစားသောက်သည်။ မှိုရောဂါ များသည် ဖျက်ပိုး၏ ကိုယ်ခန္ဓာအပေါ် ကျရောက်သေစေသည်။ ပရိုတိုဇွာ၊ နီမတုတ်၊ ဗိုင်းရပ်စ်ရောဂါများလည်း ဖျက်ပိုးတို့အပေါ် ကျရောက်စေပါသည်။ ထို့ကြောင့် မိတ်ဆွေပိုးဟုလည်း ပြောနိုင်သလို ရန်သူဟုလည်း ပြောနိုင်သောအပင်ရောဂါဖြစ်စေသည့် သက်ရှိများဖြစ်၏။
➡️ပုစဉ်း၊ နှံကောင်၊ ဓားခုတ်ကောင်၊ ပျစားယင်၊ ပျစားကျိုင်း၊ ဇာတောင်ပိုး၊ ရှစ်ခိုးကောင်၊ ပင့်ကူ စသည်ဖြင့် လယ်ယာထဲတွင်ဖျက်ပိုးများနှင့်အတူ ယှဉ်တွဲနေထိုင်ကြလေ့ရှိသည်။ သားရဲကောင် အင်းဆက်ပိုးမျိုးပေါင်းများစွာမှ မျိုး ၂၀ ကျော်သည် သီးလုံးဖောက်ပိုးများကို လိုက်လံရှာဖွေ သတ်ဖြတ်စားသောက်ကြ လေ့ ရှိသည်။ ပဲစင်းငုံ၊ ကုလားပဲပင်၊ သီးလုံးဖောက်ပိုးကို အများဆုံး ရှာဖွေစားသောက်ကြသည်မှာ သားရဲကောင်များဖြစ်၏။
➡️ပိုးသတ်ဆေးများ အသုံးပြုလာကြသောအခါ သီးနှံဖျက်ပိုး နှိမ်နင်းကာကွယ် ရေးတွင်ထိရောက်မှု ရှိသော် လည်း စနစ်တကျသုံးသင့်သောအချိန်မသုံးခြင်း၊ လိုအပ်သည့်ဆေးပမာဏထက် ပိုမိုနှုန်းထားမြှင့်ဖျန်းပက်ခြင်းတို့ကြောင့် ဖျက်ပိုးသေသကဲ့သို့ မိတ်ဆွေပိုးလည်း သေကြရပါသည်။ မလိုအပ်ဘဲ ပိုးသတ် ဆေးဖျန်းခြင်း၊ စနစ်တကျမသုံးခြင်းကြောင့် ပတ်ဝန်းကျင်အဆိပ်သင့်မှု၊ပတ်ဝန်းကျင် ညစ်ညမ်းမှု၊သီးနှံပင်နှင့် အသီးများပေါ်တွင် ဓာတုပိုးသတ်ဆေးဓာတ်ကြွင်း ကျန်ရှိခြင်း၊ ဖျက်ပိုးတွင် အဓိက ဖျက်ပိုးနှင့် သာမန်ဖျက်ပိုးဟူ၍နှစ်မျိုးရှိရာ သာမန်ဖျက်ပိုးများသည် ပိုးသတ်ဆေးစနစ်တကျ မသုံးခြင်းကြောင့်အဓိကအရေးကြီးဖျက်ပိုးအဖြစ် ပြောင်းလဲလာခြင်း၊ ဖျက်ပိုးများက ပိုးသတ်ဆေးဒဏ်ကို ရေရှည်တွင် ခံနိုင်ရည်ရှိလာခြင်း စသည့်ဆိုးကျိုးများလည်း ရှိလာပြန်ပါသည်။
➡️ထို့ကြောင့်လည်း မလိုအပ်ဘဲ ပိုးသတ်ဆေးမကြာခဏဖျန်းလေ ဖျက်ပိုးများကျရောက်လေ ဆိုးရွားလေ ဖြစ်လာနိုင်သည်။ ရုတ်တရက် ပြင်းထန်စွာကျရောက်လာနိုင်ခြင်းမျိုး(out break) ကြုံလာကြရနိုင်သည်။ ပိုးသတ်ဆေးကို စနစ်တကျနှုန်းမှန်၊ ဆေးမှန်၊ ကျသည့် ဖျက်ပိုးနှင့် ဖျန်းသည့်ဆေးကိုက်ညီရန် လိုအပ်ပါသည်။မိတ်ဆွေပိုးများသည် စိုက်ပျိုးသူများစနစ်တကျ ပိုးသတ်ဆေးအသုံးမပြုကြလျှင်သေဆုံးမှုအရေအတွက်များလာပြီး ဖျက်ပိုးများ ဆိုးဆိုးရွားရွား ကျလာနိုင်သည်။
➡️အဘယ်ကြောင့်နည်း။ မိတ်ဆွေပိုးများ၊ သားရဲကောင်များသည် ဖျက်ပိုးကို ဖမ်းဆီးနိုင်ရန် လှုပ်ရှားသွား လာမှု သွက်လက်မြန်ဆန်သည်။ ထို့ကြောင့် ဖျန်းလိုက်သောဆေးနှင့် ထိတွေ့နိုင်မှုသည်။ ဖျက်ပိုးထက်ပို၍ အခွင့်အလမ်းများသည်။ များများသေနိုင်သည်။ ဖျက်ပိုးအများစုသည် လူမမြင်၊ သူမမြင် ကွယ်ရာနေ တတ်ကြသည်။ မြေကြီးထဲ၊ ပပ်ကြားအက်ထဲ ပုန်းခိုနေကြသည်။ အရွက်များ၏ အပေါ်မျက်နှာပြင်ထက်အောက်မျက်နှာပြင်တွင် ဥ အုကြသည်။ ရွက်ဖုံးများကြားအတွင်းပိုင်း၊ ပင်စည်၊ အသီးထဲ၊သီးတောင့်ထဲ နေထိုင်စားသောက်ကြသည်။
➡️ထို့ကြောင့် ဆေးဖျန်းလျှင် ဆေးနှင့် တိုက်ရိုက်တွေ့ရန် အခွင့်အလမ်းနည်းသည်။ ဆေးဖျန်းသူက စေ့စေ့စပ်စပ် အရွက်အောက်၊ အပင်ကြို၊ အပင်ကြား၊ မြေပပ်ကြားအက်များအတွင်းထဲအထိ ဆေးဖျန်းမှတွေ့ခွင့်ပိုကြုံရနိုင်သည်။ အချို့ဖျက်ပိုးသည် နေ့မှာပုန်းခိုပြီး ညမှာထွက်၍ ဖျက်တတ်သည့် ညထွက် ဖျက်ပိုးမျိုး ဖြစ်ကြသည်။ ပိုးသတ်ဆေးဖျန်းသူကလည်း နေ့ခင်းဘက်ဖျန်းကြသည်။ ထိုအခါ ဆေးနှင့်ထိတွေ့နိုင်မှုအခွင့်အလမ်းသည် ဖျက်ပိုးကနည်း၍ မိတ်ဆွေပိုးက ပို၍မြန်မြန်တွေ့နိုင်သည်။ ထိုအခါ ပိုးသတ်ဆေးကို မလိုအပ်ဘဲ မကြာမကြာဖျန်းလေ ဖျက်ပိုးအကျများလာလေဆိုတာမျိုး ဖြစ်လာကြသည်။
➡️ရာသီဥတုပြောင်းလဲမှု၊ အဆိုးဘက်ကူးပြောင်းမှုများကလည်း ဖျက်ပိုးများ ဂရုပြုရလောက်အောင် ဆိုးဆိုးရွားရွား ကျလာနိုင်သေးသည်။ ရေကြီး၊ ရေမြုပ်၊ မိုးခေါင်၊ မိုးမရွာ၊ ရွာပါသော်လည်း မစို့မပို့ ဖြစ်လာမှုများလေ ပိုးမွှားဂရုပြုရလေ ဖြစ်လာသည်။ သဘာဝ၏ ညီမျှခြေ (Natural balance)၊ သဘာဝ၏ ဟန်ချက်ညီမျှသောအခြေအနေ (Natural equilibrium) ဖြစ်စေခြင်းဖြင့် သီးနှံစိုက်ခင်း များတွင် ဖျက်ပိုးဆိုးဆိုးရွားရွားမကျအောင် ထိန်းချုပ်ထားနိုင်ကြပါမည်။ မိတ်ဆွေအကျိုးပြုပိုးများကိုလည်း ထိန်းသိမ်းထားနိုင်ကြပါမည်။
➡️သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကြောင့် လေ၊ ရေ၊ မြေ ပျက်စီးထိခိုက်မှုသာမက ရိက္ခာအခက်အခဲ၊ ရောဂါဆန်းများကပ်ရောဂါအသွင် ဖြစ်ပွားခြင်းတို့ ကြုံတွေ့နေရ၍ နိုင်ငံပေါင်းစုံက ဝိုင်းဝန်းပူးပေါင်းဖြေရှင်းဆောင်ရွက်နေကြရသည်။ ယခုလည်း စိုက်ပျိုးသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတွင် ဖျက်ပိုးကြောင့် ပျက်စီးမှုများ လျော့နည်းစေရန် ဖျက်ပိုးကို ထိန်းချုပ်၊ မိတ်ဆွေအကျိုးပြုပိုးများအရေအတွက်မလျော့ နည်းအောင် ထိန်းသိမ်းပြီး ဖျက်ပိုးနှင့် မိတ်ဆွေအကျိုးပြုပိုးအရေအတွက်ညီမျှအောင်ဆောင်ရွက်သင့်ကြပါသည်။
ကိုရဲ(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ( ၁-၇) ရက်