menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
အထွက်နှုန်းသေချာ အကျိုးအမြတ်ရေရာ “စကမြေပဲ”စိုက်ပါ
ဆီထွက်သီးနှံ မြေပဲ၊ နှမ်းအစိုက်များတဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေးဒေသတွေမှာ နှမ်းဟာ ရာသီဥတုမှီပြီး စိုက်ရတဲ့အတွက်မိုးရေအရနည်းတဲ့ နှစ်တွေမှာဆိုရင် နှမ်းပျက်စီးဆုံးရှုံးမှု ခံကြရစမြဲပါပဲ။ “ နှမ်းပျက်ရင် စကနဲ့ အစားထိုး“ ဆိုပြီး နှမ်းပျက်လေ့ရှိတဲ့ အညာဒေသတိုင်းမှာ ဆိုစမှတ်ရှိလာခဲ့ပါတယ်။ စကဆိုတာ ကတော့ “စကမြေပဲ“ ကို ဆိုလိုတာဖြစ်ပါတယ်။ မိုးရာသီမိုးနှမ်းအပျက်များလာတဲ့မကွေးတိုင်းဒေသကြီး ရေစကြို၊ ဆိပ်ဖြူ၊ မြိုင်၊ စလင်း၊ ပွင့်ဖြူ၊ အောင်လံ၊ မင်းလှမြို့နယ်တွေ၊ စစ်ကိုင်းတိုင်းဒေသကြီး အရာတော်၊ ဘုတလင်၊ ကသာ၊ ထီးချိုင့်၊ ဆားလင်းကြီး မြို့နယ်တွေ၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦး၊ ကျောက်ပန်းတောင်း၊မြင်းခြံ၊ တောင်သာမြို့နယ်တွေမှာ စကမြေပဲနည်းပညာ တော်တော်ကျယ်ပြန့်နေပြီ ဖြစ်ပါတယ်။
စကမြေပဲကို ဇူလိုင်လ မိုးပြတ်လပ်မှုကြောင့် နှမ်းပျက်စီးတဲ့နေရာတွေမှာ မိုးရာသီမကျ၊ မိုးနှောင်းမကျ စကရာသီမှာ စိုက်ကြရတာ ဖြစ်ပါတယ်။ မိုးကြိုနှမ်းလျင်၊နှံစားပြောင်း၊ ပဲတီစိမ်းအကြီး မြေယာထွန် ယက်ပြီး စကမြေပဲ စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ စကမြေပဲပေါ်ရင် ဆောင်းမြေပဲအတွက် မျိုးအဆင်ပြေ တဲ့အတွက် တွက်ခြေကိုက်တာ တွေ့ရပါတယ်။ မြေအမျိုးအစားအနေနဲ့ကတော့ စကမြေပဲဟာ နုန်းဆန် တဲ့ မြေမှာကောင်းကောင်းထွက်ပါတယ်။ နုန်းဓာတ် ၂၅ ရာခိုင်နှုန်း၊ သဲ ၈၀ ရာခိုင်နှုန်း ဖွဲ့စည်းထားတဲ့မြေ ဆိုရင်စိုက်ပြီး မိုးတစ်ပြိုက်၊ နှစ်ပြိုက် ရလိုက်မယ်ဆိုရင် တစ်ဧက တင်း ၅၀-၆၀ ပြေးမလွတ်ပါဘူး။
စကမြေပဲအတွက် မျိုးအနေနဲ့ကတော့ ဘုတလင်၊ အရာတော် ဒေသတွေမှာသက်လျင် SP မျိုးများ အစိုက်များကြပါတယ်။ မကွေးတိုင်းမှာတော့ ဆင်းပဒေသာ (၅) (၆) (၇) သက်လျင်ပင်ထောင်မျိုးတွေ စိုက်ကြပါတယ်။ အစေ့ပန်းရောင်ဖြစ်ပြီး ရွက်ခြောက်၊ ရွက်လိပ်ရောဂါဒဏ် ခံနိုင်ပါတယ်။ SPမျိုးတွေဟာ မကွေး (၁၁) မျိုးထက် အထွက်ပိုတာ တွေ့ရပါတယ်။ စကမြေပဲစိုက်ဖို့ ထယ်ရေး၊ ထွန်ရေးကောင်းမွန်နေ အောင်ပြုပြင်ဖို့ လိုပါတယ်။ အဓိက သတိပြုရန်မှာ မိုးရွာသွန်းမှုနဲ့ အစိုဓာတ်အလုံအလောက်ရရှိစေရန် စိုက်ချိန်ကို သြဂုတ်လလယ် နဲ့ စက်တင်ဘာ ပထမပတ်အပြီး စိုက်ဖို့လိုပါတယ်။
နောက်တစ်ချက်ကတော့ မျိုးစေ့နှုန်းကို အပင်ပါက် တစ်သိန်းရရှိအာင် နှစ်တင်းနှုန်းနဲ့ အပင်ပေါက် ၈၀ရာခိုင်နှုန်းရှိတဲ့မျိုးကို အသုံးပြုဖို့လိုပါတယ်။နောက်ဆုံး သတိပြုရမှာကတော့ ကျမ်းတုံးလုံအောင် ကောင်းကောင်းအုပ်ပေးဖို့လိုပါတယ်။ စကမြေပဲမှာ ဓာတ်မြေသြဇာ၊သဘာဝမြေသြဇာကို အထူးသတိထားအသုံးပြုသင့်ပါတယ်။ ၁၅ ပတ်လည် ကွန်ပေါင်းမြေသြဇာကို တစ်ဧက တစ်အိတ်ခွဲမြေယာပြုပြင်ချိန်မှာ ထည့်ပေးဖို့လိုပါတယ်။ မြေပဲပင် သက်တမ်း ၄၅ ရက်သားမှာ ဂျစ်ပဆန်ကျောက်မှုန့်မြေသြဇာ တစ်ဧက ပေါင် ၂၀၀ နှုန်းမြေပဲပင်ခြေရင်း ရောက်အောင် ထည့်ပေးသင့်ပါတယ်။
စကမြေပဲစိုက်ပျိုးပြီး ၂၅ ရက်မှ ၃၀ရက်သားမှာ ပေါင်းပွင့်လာချိန် မှာ လက်ပေါင်းတစ်ကြိမ်၊ နှစ်ကြိမ် လိုက်ပေးပြီးပေါင်းလိုက်ရင် ပင်ခြေဘောင်တင်ပေးဖို့ လိုအပ်ပါတယ်။ ပိုးမွှားကာကွယ်နှိမ်နင်းရေးကတော့ မြေပဲရွက်လိပ်၊ ရွက်ကပ်၊ ရွက်ထွင်းပိုးကို သတိထားပြီး ပင်လုံးပြန့် ပိုးသတ်ဆေးတစ်မျိုးမျိုးနဲ့ ကာကွယ်နှိမ်နင်းဖို့ လိုအပ်ပါတယ်။ အပင်ငယ်စဉ် ကျရောက်တတ်တဲ့ ခါးရိရောဂါ၊ အစေ့ပုပ်ရောဂါ၊ မြစ်ပုပ်ရောဂါကို မှိုသတ်ဆေး တစ်မျိုးမျိုးနဲ့ ကာကွယ်နှိမ်နင်းပါ။ ရွက်ပြောက်ရောဂါလည်းကျရောက်တတ်ပါတယ်။ ဖိုးလမင်းနဲ့ ခြ ကျရောက်ပါက မြေအောင်းပိုး သတ်ဆေးတစ်မျိုးမျိုးနဲ့ ကာကွယ်နှိမ်နင်းပါ။
စကမြေပဲသက်တမ်း ရက် ၁၀၀ မှ ၁၀၅ ရက်မှာ ရိတ်သိမ်းပါ။ အစိုဓာတ် (၆-၉)ရာခိုင်နှုန်းအထိရရှိအောင် အခြောက်ခံပြီးမှသိုလှောင်ပါ။သို့ပါ၍ စကမြေပဲမှာ အစိုဓာတ်ရပြီးမိုးလွတ်၊ လေလွတ် ရိတ်သိမ်းရသဖြင့် အထွက်နှုန်းလည်းကောင်း၊ အရည်အသွေးလည်းကောင်း၊ ဆောင်းမြေပဲအတွက် မျိုးအဖြစ်ရောင်းရတဲ့ အတွက် တွက်ခြေကိုက်တဲ့အတွက် တောင်သူလယ်သမားကြီးများလက်မလွတ်တမ်းစိုက်ပျိုးသင့်ပါ တယ်။
အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ( ၁-၇) ရက်