menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"ဖရဲ ၊ သခွားတွင်ကျရောက်တတ်သော ဖျက်ပိုးများနှင့် ကာကွယ် နှိမ်နင်းဆေးများ"
🌿🐛🍈🦗🍉🐛🍉🦗🍈🐛🌿
⏭ ဖရဲ၊ သခွားစိုက်ပျိုးနေကြသော တောင်သူဦးကြီးများအတွက် ဖရဲ၊ သခွား မျိုးရင်းဝင်သီးနှံပင်များတွင် ကျရောက်တတ်သောဖျက်ပိုးများ နှင့် ၎င်းဖျက်ပိုးများ ကျရောက်ပါက အသုံးပြုရမည့် “ဝိစာရ”၏ ကာကွယ်နှိမ်နင်းဆေးများကို တင်ပြလိုက်ရပါသည်။
သီးထိုးယင်
---------
လောက်ကောင်သည် အသီးအတွင်းထိုးဖောက်စားသဖြင့် အသီးပုပ်သွားကာ အထွက်နှုန်းကျဆင်း စေသည်။
အသုံးပြုရမည့်ဆေး - ရော့ကက်၊ ဆိုင်လာ။
ခြ
--
ခူးဆွတ်ခါနီးတွင် မြေကြီးနှင့်ထိသော အသီးအောက်ပိုင်းသို့ ခြတက်ဖျက်ဆီးသည်။ ၎င်းဒဏ်ရာမှ မှိုနှင့်ဘက်တီးရီးယားဝင်ရောက်မှုကြောင့် အသီးများပုပ်စေသည်။
အသုံးပြုရမည့်ဆေး- ဒီပါ၊ ဖစ်ပရို၊ ပရိုဆင့်။
အစက်အပြောက်လိပ်ခုံးကျိုင်း
--------------------------
ပိုးလောက်ကောင်သည် အရွက်အစိမ်းရောင်သားကို ခြစ်စားသည်။ ပင်စည်နှင့် သီးကင်းတွင်လည်း ကျရောက်ဖျက်ဆီးသည်။ ဆိုးရွားစွာကျရောက်ပါက အရွက်များခြောက်၍မီးလောင်သကဲ့သို့တွေ့ရမည်။
အသုံးပြုရမည့်ဆေး- လန်ဒါ ၅၊ အက်စ်ဖိတ်၊ ဆိုက်ပါမက်စ်။
ဖိုးလမင်းကျိုင်း
------------
ပိုးလောက်ကောင်သည် အခေါက်နှင့် အမြစ်များကို ကိုက်ဖြတ်ဖျက်ဆီးသဖြင့် တစ်ပင်လုံးညှိုး၍ သေနိုင်သည်။ သဲဆန်သောမြေများတွင် တွေ့ရများသည်။
အသုံးပြုရမည့်ဆေး- ဒီပါ၊ ဖစ်ပရို၊ ပရိုဆင့်။
မွှားပင့်ကူနီ
---------
ပင်ရည်ကိုစုပ်ယူစားသောက်သဖြင့် အရွက်ပေါ်တွင် အဖြူရောင်စက်များဖြစ်ကာ အရွက်များနီ၍ ခြောက်သွေ့ကြွေကျကာ အထွက်နှုန်းကိုကျစေသည်။
အသုံးပြုရမည့်ဆေး- ရော့ကက်၊ မိုက်အိုကေ။
ရွက်ထွင်းပိုး
----------
ပိုးလောက်ကောင်သည် အရွက်အသားထဲဝင်၍ ဖောက်ထွင်းစားသောက်သဖြင့် အဖြူကြောင်းများဖြစ်ပြီး အရွက်ဝါခြောက်သွားသည်။
အသုံးပြုရမည့်ဆေး- အီမာလန်ဒါ၊ မင်းရဲ။
လှေးပိုး
------
ပင်ရည်ကိုစုပ်စားသဖြင့် အညွှန့်နောက်သို့လှန်ခြင်း၊ ဆစ်ကြားတိုခြင်း၊ အရွက်ပေါ်တွင် အဖြူရောင် အစက်များဖြစ်ကာ ဝါခြောက်၍ အပင်သေသွားသည်။ ပူသောရာသီတွင် ဖျက်ဆီးမှုဆိုးဝါးသည်။
အသုံးပြုရမည့်ဆေး- ပရိုဆင့်၊ ဆိုင်လာ။
ပျ
--
ပင်ရည်ကိုစုပ်စားသဖြင့် အညွှန့်၊ အရွက်များခြောက်သွေ့သွားသည်။ ပျများကြောင့် နောက်ဆက်တွဲ ဗိုင်းရပ်စ်ရောဂါဝင်ရောက်တတ်သည်။
အသုံးပြုရမည့်ဆေး- ကေလာ၊ ဆိုင်လာ။
ယင်ဖြူ
------
အရွက်အောက်မျက်နှာပြင်တွင် အစုလိုက်နေပြီး သစ်ရည်ကိုစုပ်စားသည်။ ပိုးကျရောက်မှုပြင်းထန်ပါက အရွက်များဝါ၍ ညှိုးလာပြီး အသီးများအမှည့်မညီခြင်းကို တွေ့ရသည်။ ဗိုင်းရပ်စ်ပိုးများသယ်ဆောင်လာ တတ်သည့်အတွက် ကြိုတင်ကာကွယ်၍ဆေးဖျန်းနှိမ်နင်းပေးရပါမည်။
အသုံးပြုရမည့်ဆေး- ကေလာ၊ နိုးဝမ်း။
⏭ သို့ဖြစ်ရာ ဖရဲ၊ သခွားတွင်ကျရောက်ဖျက်စီးတတ်သော ပိုးမွှားများနှင့် ကာကွယ်နှိမ်နင်းဆေးများကို သိရှိပြီး ပိုးမွှားကင်းစင်သောစိုက်ခင်းများပိုင်ဆိုင်နိုင်ကြပါစေ။
🍈စစ်မှန် ပြည့်ဝ ဝိစာရ🍈
Sources : စိုက်ပျိုးရေးဦးစီးဌာန