menu

"ဖရဲ၊ သခွားတွင်ဖြစ်ပွားတတ်သော ရောဂါများ နှင့် ကုသဆေးများ"


🍃🍉🍃🍈🍂🍈🍂🍈🍃🍉🍃

⏭ ဖရဲ၊ သခွားစိုက်ပျိုးနေကြသော တောင်သူဦးကြီးများအတွက် ဖရဲ၊ သခွား မျိုးရင်းဝင်သီးနှံပင်များတွင် ကျရောက်တတ်သောရောဂါများ နှင့် ၎င်းရောဂါများဖြစ်ပွားပါအသုံးပြုရမည့် “ဝိစာရ”၏ ရောဂါ ကာကွယ်၊ ကုသဆေးများကို တင်ပြလိုက်ရပါသည်။

ခါးရိရောဂါ
---------

ပင်စည်အခြေတွင် ရေစိုနာကွက်ဖြစ်ပေါ်လာပြီး အပင်လဲကျ၍ တစ်ခင်းလုံးပျက်စီးသည်။ ရောဂါပြင်းထန် ပါကမျိုးစေ့မှာ အပင်မပေါက်နိုင်တော့ဘဲ ပုပ်သွားသည်။

⏭ အသုံးပြုရမည့်ဆေး- ဘာလီဆိုဒ်။

ဒေါင်းနီးရွက်ခြောက်ရောဂါ
------------------------

အရွက်ပေါ်တွင် အဝါဖျော့ရောင်အကွက်အပြောက်များ စတင်ဖြစ်ပေါ်သည်။ အောက်မျက်နှာပြင်တွင် အဖြူရောင်၊ခရမ်းရောင်၊ မီးခိုရင့်ရောင် မှိုမျှင်များတွေ့ရပြီး အရွက်ခြောက်ကြွေကျကာ တစ်ခင်းလုံး ခြောက်သေသွားသည်။

⏭ အသုံးပြုရမည့်ဆေး- တိုက်တန်၊ စူပါမော့၊ ဆိုင်မောက်၊ ဆိုင်မိုဇက်။

ဖားဥမှိုရောဂါ
-----------

လေဆောင်ရောဂါဖြစ်သည်။ အရွက်ပေါ်တွင် အဖြူကွက်များစတင်ဖြစ်ပေါ်ပြီး တစ်ပင်လုံးမှိုဖြူများ ဖုံးသွားသည်။ အရွက်များခြောက်ကြွေကျခြင်း၊ အချိန်မတိုင်မီအသီးမှည့်ခြင်း၊ အလေးချိန်ပေါ့နေခြင်း၊ အသီးကြီးထွားမှုမရှိဘဲ အရည်အသွေးကျဆင်းစေသည်။

⏭ အသုံးပြုရမည့်ဆေး- ဟက်ဇာဂွန်၊ ဒိုင်ဇီ၊ ဇိုလာ၊ ကာဗာ။

မြစ်ဖုနီမတုတ်ရောဂါ
------------------

သဲဆန်သောမြေများတွင် တွေ့ရသည်။ အမြစ်များတွင် ပုတီးစေ့ပုံသဏ္ဍာန်ရှိ အရွယ်အမျိုးမျိုးရှိ အဖုများကိုတွေ့ရသည်။ အပင်အားနည်းပြီး ကြီးထွားမှုနည်းတတ်သည်။

⏭ အသုံးပြုရမည့်ဆေး- ဒီပါ၊ ဖစ်ပရို။

ပင်စည်အစေးထွက်ရောဂါ
-----------------------

အပင်သက်တမ်းတစ်လျောက်ကျရောက်သည်။ အရွက်၊ပင်စည်နှင့် အသီးပေါ်တွင် အညိုရောင် အနက်ရောင်၊ အဝိုင်းပုံရေစိုနာကွက်များ၏အလယ်မှ ပယင်းရောင်အစေးများထွက်နေသည်။ ၎င်းအစေးများပေါ်တွင် အဖြူရောင်၊ အနက်ရောင် မှိုမျှင်များဖုံးနေပြီး အသီးတွင်ဖော့ကဲ့သို့ အသားလွှာ များဖြစ်၍ အသီးပုပ်သွားသည်။ အနာကွက်ပင်စည်ကို တစ်ပတ်ပတ်မိပါက ပင်စည်ထိပ်ပိုင်း အစာရေစာ မရသောကြောင့် အပင်ညှိုးခြောက်သေသွားသည်။

⏭ အသုံးပြုရမည့်ဆေး- ဒိုင်ဇီ။

မှဲ့ပြောက်စွန်းရောဂါ
-----------------

အရွက်၊ ပင်စည်နှင့် အသီးများပေါ်တွင် ပုံသဏ္ဍာန်မမှန်သော ညိုနက်ရောင်အနာကွက်များပတ်လည်တွင် အဝါရောင်အနားရစ်ဖြစ်ပေါ်နေသည်။ အသီးများမှာ ကြီးထွားမှုမရှိတော့ဘဲ ပုံပျက်သွားသည်။

⏭ အသုံးပြုရမည့်ဆေး- ဇိုလာ၊ ကာဗာ၊ ဟက်ဇာဂွန်။

ဘက်တီးရီးယားပင်ညှိုးရောဂါ
--------------------------

ရောဂါရအပင်သည် အစိမ်းရောင်ဖျော့လာကာ အညွှန့်၊ အရွက်များအောက်သို့ငိုက်ကျပြီး ညှိုးသွားသည်။ ရောဂါရကိုင်း၊ အသီးမှ ဘက်တီးရီးယားစိမ့်ထွက်ရည်များတွေ့ရသည်။

⏭ အသုံးပြုရမည့်ဆေး- ဘာလီဆိုဒ်၊ ကျူပရိုမက်စ်၊ ကာစင်။

✴️စစ်မှန် ပြည့်ဝ ဝိစာရ✴️

Sources : စိုက်ပျိုးရေးဦးစီးဌာန