menu

ဆောင်းသီးနှံနှင့် နွေစပါးရိတ်သိမ်းပြီး မိုးကြိုထယ်ရေးဝင်ပါ


🌾🌿🍃🌿🌾🌾🌿🍃🌿🌾

🔹ယခုအချိန်သည် မြန်မာနိုင်ငံအတွင်း ပဲခင်းများ၊ မြေပဲခင်းများ၊ နွေစပါးခင်းများဧကများစွာ ရိတ်သိမ်းပြီးဖြစ်ပါသည်။ နောက်ကျစိုက်လက်ကျန်ပဲခင်းအချို့နှင့် နွေစပါးခင်းအချို့သာကျန်ရှိတော့ သည်။ ယခုကဲ့သို့ဆောင်းသီးနှံနှင့်နွေစပါးအပြီးတွင် လယ်ကွက်များကို မိုးကြိုထယ်ရေးအဖြစ် ထယ်ထိုး မြေလှန်တာမျိုးပြုလုပ်ပေးထားကြရပါမည်။

🔹မိုးစပါးမစိုက်မီ မိုးကြိုထယ်ရေးဝင်နိုင်ပါရန် စိုက်ပျိုးရေးပညာရှင်များလည်းပညာပေးဆွေးနွေးမှုများ ပြုလုပ်ပေးကြပါသည်။ မြန်မာပြည်အောက်ပိုင်းဒေသများတွင် မေလဆန်းမှဇွန်လလယ်ခန့်အထိ မိုးကြိုထယ်ရေးဝင်နိုင်ပါသည်။ မြန်မာပြည်အထက်ပိုင်းဒေသများမှာတော့ ဇွန်လ၊ဇူလိုင်လများတွင် မိုးကြိုထယ်ရေးဝင်သင့်ပါသည်။ မိမိစိုက်သည့်လယ်ယာမြေများတွင် လယ်ယာမြေပြဿနာတစ်ခုခုကြုံနေပါက ပို၍မိုးကြိုထယ်ရေးဝင်သင့်ပါသည်။ မိုးကြိုထယ်ရေးဝင်တဲ့အခါတချို့လည်းနွားထယ်နဲ့၊ တချို့လည်းလက်တွန်းထွန်စက်နဲ့၊ ထို့ထက်အဆင့်မြင့်လာလျှင် ခုနှစ်သွားထယ်၊ ၁၆သွားထယ်၊ ၁၈သွားထယ်နဲ့ ထယ်ဝင်ပြီးမြေလှန်ထားရန်ဖြစ်ပါသည်။

🔹မိုးကြိုထယ်ရေးဝင်ခြင်းဖြင့်ရရှိနိုင်သောအကျိုးကျေးဇူးများမှာ .....

➡စပါးစိုက်လယ်မြေဖြစ်စေ၊ ယာသီးနှံစိုက်ပျိုးသည့်ယာမြေဖြစ်စေ စပါးစိုက်ပျိုးပါက (၃-၄)လ လောက်ရေနှင့်လွှမ်းထားရသဖြင့် မြေထဲမှာအောက်စီဂျင်ငတ်နေပါသည်။ ထို့အတူ ယာမြေများ တွင်လည်း ယာသီးနှံစိုက်ပြီးအစိုဓာတ်လုံအောင် ကြမ်းတုံးနှင့်အကြိမ်ကြိမ်လှိမ့်ပြီး ဖုံးရသည့် အတွက် မြေကြီးတွင်းအောက်စီဂျင်ငတ်နေတတ်ပါသည်။ ထိုအခြေအနေတွင်မိုးကြိုထယ်ရေး ဝင်ပေးပါက မြေကြီးတွင်းသို့အောက်စီဂျင်ဝင်သွားပြီး သီးနှံစိုက်သည့်အခါ အမြစ်ဇုန်ကြီးထွားမှု ကောင်းပြီး အပင်၊အသီး၊အပွင့်များသန်မာထွားကျိုင်းစေပါသည်။

➡မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင်အဖြစ်များသော မြေကြီးတွင်းသံဓာတ်အဆိပ်သင့်သည့်မြေ ဖြစ်နေပါလျှင် မိုးကြိုထယ်ရေးဝင်ပြီးမြေလှန်လိုက်ပါက သံဓာတ်တွေအပေါ်တက်လာပြီး သံဓာတ်အဆိပ်သင့်မှုသက်သာစေပါသည်။

➡မိုးကြိုထယ်ရေးဝင်ထားခြင်းဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့်အထက်ပိုင်းဒေသများတွင် မိုးဦး မိုးဖျားရွာချလိုက်သည့်မိုးရေကို လျင်လျင်မြန်မြန်ဖမ်းဆုတ်ထားနိုင်ပြီး နှမ်း၊ မြေပဲစိုက်လို့ရသည့် အစိုဓာတ်ရသွားနိုင်ပါသည်။ 

➡မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင်လည်းမိုးကြိုထယ်ရေးဝင်ထားပြီးပါက မိုးဦးရေရသည်နှင့် ကန်သင်းပိတ်ဖမ်းလှောင်ထားနိုင်ရန် ပေါင်းမြက်၊ ကောက်လေကောက်လွင့်ကို နှိမ်နင်းပြီးသား ဖြစ်စေနိုင်ပါကြောင်း နှင့် ဆောင်းသီးနှံနှင့် နွေစပါးရိတ်သိမ်းပြီးအချိန်ကိုက် မိုးကြိုထယ်ရေး ဝင်ထားနိုင်ပါရန် အကြံပြုရေးသားအပ်ပါသည်။

🔹စစ်မှန် ပြည့်ဝ ဝိစာရ🔹

Sources : Saya U Aung San (အောင်ဆန်း-စိုက်ပျိုးရေး)