menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“သင်္ဘောသီးပင်” စိုက်ပျိုးနည်း
အမည် - သင်္ဘောသီး(Papaya)
🍀🍀🍀🍀🍀🍀🍀🍀🍀🍀
🍀စိုက်ပျိုးနိုင်သည့်ဒေသများ🍀
သင်္ဘောပင်သည်အပူပိုင်းစာသုံးသီးပင်ဖြစ်၍အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသရှိတိုင်းပြည်များတွင်စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင်လည်းနေရာအနှံ့အပြားတွင်စိုက်ပျိုးကြပါသည်။
🍀စိုက်ပျိုးသည့်မျိုးများ🍀
သင်္ဘောတွင်အဖိုပင်၊အမပင်နှင့်လိင်စုံပင်ဟူ၍ အဓိကသုံးမျိုးရှိပါသည်။ အဖိုပင်မှအသီးသီးသည်ကို တွေ့ရခဲယင်းလှပါသည်။အမနှင့်လိင်စုံပင်များမှသာအသီးသီးလေ့ရှိပါသည်။ အဖိုပင်- အဖိုပင်မှာများသောအားဖြင့်ပန်းပွင့်စောထွက်လေ့ရှိပြီးအခိုင်လိုက်ပွင့်ပါသည်။အဖိုပင်မှပုံမှန်အားဖြင့်အသီးသီးလေ့မရှိသော်လည်းအပင်ကိုထိခိုက်ဒဏ်ရာရခြင်း ထိပ်ပိုင်းဖြတ်ပေးခြင်းဖြင့်အဖိုပွင့်များကြားတွင် အမပွင့်များပြောင်းလာကာအသီးငယ်များသီးလာတတ်သည်။ဤအပင်ကို သင်္ဘောပဒေသာပင် ဟုခေါ်သည်။ အမပင်- အမပင်သည် ပွင့်၍ပွင့်သီးလေ့ရှိသည်။ ထိုကြောင့်မျိုးအောင်ရန်အတွက်အခြားအပင်မှ ဝတ်မှုံကူးပေး ရသည်။ ရာသီဥတုမြေပြောင်းလဲခြင်းကြောင့်အပွင့်သဘာဝပုံသဏ္ဍန်ပြောင်းလဲမှုမရှိပေ။ လိင်စုံပင် - အပွင့်ပွင့်ရာတွင်ပွင်တံတစ်ခုမှအပွင့်နှစ်ပွင့်သုံးပွင့် ပွင့်တတ်သည်။ အပွင့်များတွင်အဖိုပွင့်နှင့် အမပွင့် များရောပါတတ်သည်။
🍀သင်္ဘောပင်ပျိုးထောင်နည်း🍀
သင်္ဘောပင်ပျိုးထောင်ရန်အတွက် ပျိုးဘောင်၊ ပျိုးခင်း၊ ပလတ်စတစ်အိတ် စသည်တို့ကိုအသုံးပြု နိုင်ပါသည်။ ပျိုးထောင်မည့်မြေသည် နွားချေးဆွေး၊ သဲ၊ မြေကြီးတို့ကိုဆတူရောမွှေထားသော မြေမျိုး ဖြစ်ရပါမည်။ သင်္ဘောစေ့ကိုပျိုးထောင်ရာတွင်မြေနက်နက်ဖုံးမိလျှင် အစေ့ပုတ်သွားပြီး အပင်ပေါက် ညံ့ဖျင်းတတ်သည်။ အစေ့ကိုမြေပါးပါးလောက်ပဲဖုံးပါ။ အပေါ်မှကောက်ရိုးပါးပါးဖုံးအုပ်ထားပါ။ ရေလောင်းပေးပါ။ ကောက်ရိုးပါးပါးအုပ်ထားပါမှ ရေလောင်းသည့်အခါအစေ့များပေါ်မလာအောင် ထိန်းပေးရင် အပူဒဏ်လည်းကာကွယ်ပေးနိုင်ပါသည်။ သင်္ဘောပျိုးထောင်သူတချို့ကပျိုးထောင်ရာတွင်သွပ်ပြားကိုအောက်ခံပြီးမှယင်းအပေါ်မြေသား လေးလက်မခန့်အထူထည့်၍ပျိုးထောင်လေ့ရှိသည်။ ထိုအခါ အဖိုသည်အမပင်ထက်ပိုမိုသန်စွမ်း သောကြောင့်အမြစ်သည်အောက်တွင်ခံထားသောသွပ်ပြားနှင့်မြန်မြန်ထိလွယ်ပေရာပြောင်းရွှေ့စိုက်ပျိုး ချိန်တွင်အဖိုပင်များသည်ညှိုးနွမ်းလေ့ရှိသည်။ အဖိုပင်နှင့်အမပင်ခွဲခြားရာတွင်ဤနည်းကိုအများဆုံး အသုံးပြုကြသည်။ ပျိုးသက်တစ်လခွဲမှနှစ်လသားခန့်ရှိလျှင်စိုက်ခင်းသို့ပြောင်းရွေ့စိုက်ပျိုးနိုင်ပါသည်။ ပျိုးအိပ်ဖြင့်လည်းတစ်ပင်ချင်းစီပျိုးနိုင်ပါသည်။
🍀မြေပြုပြင်နည်း🍀
စိုက်ကျင်းတူးမည့်နေရာသည် ရေမဝပ်နိုင်သောနေရာဖြစ်ရမည်။ စိုက်ကျင်းတစ်ကျင်းနှင့်တစ်ကျင်း အကွာအဝေးမှာမျိုးကိုလိုက်၍ (၈-၁၂)ပေအထိထားသင့်သည်။ မိုးများသောဒေသများတွင် တစ်ပေ ပတ်လည် ကျင်းတူးသင့်သည်။ စိုက်ကျင်းတစ်ကျင်းတွင်နွားချေးဆွေး (သို့မဟုတ်) သစ်ရွက်ဆွေး မြေသြဇာ စသည့် သဘာဝမြေသြဇာများကိုခွဲတောင်းတစ်လုံးခန့်ထည့်ပေးသည်။ သင်္ဘောပင်ကို စိုက်ပျိုးရာတွင်လေးကွက်ကျားစနစ်ဖြင့်စိုက်ပါကအပင်အရေအတွက် ၁၅ ရာခိုင်နှုန်းပိုဝင်ဆံ့သည်။ လေးကွက်ကျားစနစ်ဖြင့် ၈ပေ × ၈ပေ အကွာစိုက်ပါကတစ်ဧကတွင်သင်္ဘောပင် (၆၈၀)ခန့်ဝင်၍ ၁၂ပေ × ၁၂ပေ အကွာစိုက်လျှင်တစ်ဧကတွင် (၃၀၁)ပင်ဝင်ဆံ့ပါမည်။
🍀ရွေ့ပြောင်းစိုက်ပျိုးနည်း🍀
အသင့်ပြင်ထားသောစိုက်ကျင်းများ၌ လိင်စုံပင်များကိုတစ်ကျင်းလျှင် တစ်ပင်ကျစိုက်၍ အဖိုအမ မသေချာသည့်ရိုးရိုးပင်ဖြစ်ပါကတစ်ကျင်းလျှင် နှစ်ပင်ကျ စိုက်ရမည်။ စိုက်ပြီးလျှင်ရေကိုဝအောင် လောင်းပေးရသည်။ပျိုးမထောင်ပဲအပင်ကိုတိုက်ရိုက်စိုက်မည်ဆိုလျှငိစိုက်ကျင်းထဲသို့အစေ့များထည့်၍ စိုက်ပျိုးရသည်။ စီးပွားဖြစ်စိုက်ခင်းအနေဖြင့်စိုက်ပါကဝတ်မှုံကူးရန်အတွက် အမပင်(၂၀)ပင် လျှင် အဖို တစ်ပင်နှုန်းထားပေးရသည်။ ရေလုံးဝမဝပ်စေရန်အထူးသတိထားရပါမည်။
🍀မြေသြဇာကျွေးနည်း🍀
ရွှေ့ပြောင်းစိုက်ပြီးအမြစ်စွဲသည့် အချိန်မှစ၍ (၆)လတစ်ကြိမ်ခန့် စိုက်ကျင်းတစ်ကျင်းလျှင် နွားချေးဆွေး တစ်တောင်းခန့် ကျွေးရပါမည်။ နွားချေးဆွေးမြေသြဇာကျွေးချိန်တွင်တစ်ဧကလျှင် ယူရီးယား (၁၂၀) ပေါင် တီစူပါ(၂၄၀)ပေါင်နှင့် ပိုတက်ရှ် (၂၄၀)ပေါင်နှုန်းကျွေးပေးရပါမည်။ ဓာက်မြေသြဇာများကျွေးရာ တွင်အမြစ်များသွားသည့်အကွာအဝေးအထိအနှံ့ ပက်ကြဲ ပေးရသည်။ အမြစ်များသည်အပင်အမြင့်ထက် ပို၍ရှည်အောင်သွားနိုင်ကြသည်။ ဓာက်မြေသြဇာကျွေးပြီးချိန်တွင် ရေဝအောင်လောင်းပေးရသည်။ မဂ္ဂနီစီယမ်ချို့တည့်သောမြေများတွင်သင်္ဘောပင်အောက်ရွက်များဝါကျင်ခြင်း၊အသီးတွင်သကြားဓာတ်နည်းသွားခြင်းနှင့်အနံအရသာသိသိသာသာညံ့ဖျင်းသွားခြင်းတို့ဖြစ်တတ်သည်။ ထိုသို့မဂ္ဂနီစီယမ်ဓာတ်ချို့တည့်မှုဖြစ်ပါက မဂ္ဂနီစီယမ်ဆာလဖိတ် (ဓာတ်ဆား)ကို ရေဖျော်၍အရွက်များပေါ်နှံ့အောင် ဖျန်းပေးရပါမည်။
🍀ဆွတ်ခူးခြင်းနှင့်အထွက်🍀
စိုက်ခင်းသို့ပြောင်းရွေ့စိုက်ပျိုးပြီးလေးငါးလကြာလျှင်ပန်းစပွင့်၍ခြောက်လကြာလျှင်အသီးစတင်သီး ပါသည်။ သုံးနှစ်သားအရွယ်ထိအသီးအထွက်ကောင်းသည်။ မျိုးကိုလိုက်၍တစ်ပင်လျှင်အသီး (၅၀) မှ (၁၀၀)အထိ သီးနိုင်သည်။ သင်္ဘောပင်များကိုလေးကွက်ကျားစနစ်ဖြင့်စိုက်ပါကသင်္ဘောတစ်ပင်သည် ပျမ်းမျှ(၇၀)ခန့်သီးလျှင် တစ်ဧကမှ အသီးပေါင်း(၄၇,၆၀၀)ခန့် ရနိုင်ပါသည်။
🍀စစ်မှန် ပြည့်ဝ ဝိစာရ🍀
Sources : သစ်သီးဝလံများစိုက်ပျိုးနည်း