menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ဆေးဖက်ဝင် “ကျောက်ဖရုံ” စိုက်ပျိုးနည်း
🍃🍃🍃🍃🍃🍃🍃🍃🍃🍃
"ကျောက်ဖရုံသီး နှင့် ကျန်းမာရေး"
✔ ကျောက်ဖရုံသီးဟာ ကျန်းမာရေးအတွက် အထောက်ကူပြုတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ အဆုတ်၊ အူမကြီးကိုကောင်းမွန်စေတဲ့ သီးနှံတစ်မျိုးဖြစ်ပြီး ကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။ နွေရာသီ စားပေးရင်တော့ အထူးသင့်လျော်တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ ကျောက်ဖရုံသီးကို အားနည်းတဲ့သူ၊ ခေါင်းမှုးတတ်တဲ့သူ၊ ဖြူဖတ်ဖြူရော်ဖြစ်နေသူ၊ မျက်လုံးအမြင်ဝါးခြင်း၊ ကျောက်ကပ်ရောဂါခံစား နေရခြင်း၊ ဆီးရောဂါမှာ ပရိုတင်း၊ဗီတာမင်၊ကြေးဓာတ်၊ ပိုတက်ဆီယမ်၊ မီးစုန်း၊ သံဓာတ်တို့ ပြည့်ဝစွာပါဝင်လို့နေပါတယ်။ ကျောက်ဖရုံသီးဟာ ခန္ဓာကိုယ်တွင်းကအပူတွေကို စုပ်ယူပေးတာမို့ လူတိုင်းစားပေးသင့်ပါတယ်။ သွေးတိုး၊ ကျောက်ကပ်ရောဂါ ကာကွယ်ပေးပါတယ်။ ဆီးသွားခြင်းအတွက် အထောက်ကူဖြစ်စေပါတယ်။ ရေဖျဉ်းစွဲခြင်း၊ မျက်နှာပေါ် အမည်းစက်ဖြစ်ခြင်း၊ လိပ်ခေါင်းရောဂါ၊ စအိုကျွံခြင်း၊ ထုံနာကျဉ်နာ၊ ဝေဒနာတွေကို သက်သာစေပြီး သွေးတွင်းအဆီများကိုလည်း ကျစေပါတယ်။
"ကျောက်ဖရုံ စိုက်ပျိုးနည်း"
မျိုးရွေးချယ်ခြင်း .....
✔ ဒေသမျိုးတွင် အလုံးလတ် (၁-၂)ပေ နှင့် အလုံးကြီး နှစ်ပေအထက်အရှည်မျိုး ဟူ၍ရှိသည်။ အလုံးလတ် မျိုးများကို စီးပွားဖြစ်မြေလွှတ်စိုက်ကြသည်။ အလုံးကြီး မျိုးများကို အချို့ဒေသ များတွင် စင်တင် စိုက်ကြပြီး ဧရာဝတီတိုင်းမှ ပန်းတနော်၊ ဟင်္သာတအလုံးကြီးမျိုးများသည် ထင်ရှားသည်။ မျိုးအား လုံးသည် အပြင်ခွံတွင်ဖရောင်းပါဝင်မှုများ၍ အဖြူရောင်ပိုတောက်သည်။
စိုက်ပျိုးချိန် .....
✔ မိုးနှောင်းတွင် မြေလွှတ်စိုက်ကြပြီး စင်တင်စိုက်ပါက တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ အချို့ဒေသများ တွင် သစ်ပင်ကြီးများနှင့်တဲများပေါ်တွင်တင်၍ နှစ်ပတ်လည် စိုက်ပျိုးထားတတ်ပြီး အလုံးလတ် မျိုးများ ကို ယိုလုပ်ငန်းအတွက် စီးပွားဖြစ်မြေလွှတ်၍စိုက်ပျိုးကြသည်။
စိုက်ပျိုးခြင်း .....
✔ စင်တင်စနစ်၊ မြေလွှတ်စနစ်ကို ဘောင်ဆွဲ၍ တိုက်ရိုက်အစေ့ချစိုက်ကြသည်။ သဘာဝမြေသြဇာ၊ နွားချေးနှင့် တီစူပါမြေသြဇာတို့ကိုရော၍ စိုက်ဘောင်ကို ဆွပြီး သမအောင်မွှေ၍ ထည့်ပေးရမည်။ စင်တင်စနစ်တွင် သုံးပေအကျယ်၊ တစ်ပေအမြင့် ဘောင်ဆွဲ၍ စိုက်ပါ။ စိုက်ဘောင်ကြီးလေ ပိုကောင်းလေဖြစ်ပါသည်။ မြေ လွှတ်စနစ်တွင် နှစ်ပေအကျယ်၊ တစ်ပေအမြင့်ဘောင်ဆွဲ၍ တစ်ပင်နှင့်တစ်ပင် နှစ်ပေကြားနှစ်တန်းစိုက်ပြီး တစ်ဘောင်နှင့် တစ်ဘောင်(၁၅-၂၀)ပေခြားဆွဲပါက တစ်ဧကလျှင် အပင် ၂,၀၀၀ခန့် ထည့်သွင်းရပါမည်။
မြေသြဇာထည့်သွင်းခြင်း .....
✔ ကျောက်ဖရုံ တစ်ဧကလျှင် သဘာဝ မြေသြဇာလှည်း (၁၀-၂၀)စီး၊ ပုလဲ(၁-၂)အိတ်၊ တီစူပါ(၂-၄)အိတ်၊ ပိုတက်ရှ်မြေသြဇာ(၁-၂)အိတ် ထည့်ပေးရမည်။ ဒေသမျိုးအားလုံးသည် စိုက်ပြီး ရက် ၁၀၀ ကျော်မှ စတင်ခူးဆွတ်နိုင်သည်။ စိုက်ပြီးအရွက်ခုနစ်ရွက်ထွက်ချိန်တွင် ခေါင်နှိမ်ပေးသင့်ပါသည်။
အပြင်ပြုစုခြင်း .....
✔ တိုက်ရိုက်အစေ့ချ စိုက်ခြင်းဖြစ်၍ အပင်ငယ်စဉ်တွင် သတိထားပြီး ပေါင်းရှင်းပေးရမည်။ အစေ့ကို အညှောက်ဖောက်ပြီးမှချ၍အပင်ငယ်စဉ်တွင်ရေကို မပြတ်လောင်းပေးရမည်။ အပင်ကြီးထွားစဉ် ရေငတ်ဒဏ် အသင့်တင့်ခံနိုင်ပြီး အသီးစတင်သီးချိန်တွင်လိုအပ်ပါက ရေသွင်းပေးဖို့ လိုအပ်သည်။
✔ ပိုးမွှားရောဂါကို အခြားဗူး၊ ဖရုံမျိုးရင်းဝင်အပင်များထက် ပိုမိုဒဏ်ခံသော်လည်း ရောဂါကင်းလေ အသီးထွက်မှုပို၍ တာရှည်လေဖြစ်သဖြင့် အပင်ငယ်စဉ်တွင် ပိုးမွှားများကို ဂရုစိုက်နှိမ်နင်း၍ မှိုရောဂါကြိုတင်ကာကွယ်ထားသင့်ပါသည်။
ခူးယူခြင်း နှင့် အစေ့ထုတ်ခြင်း .....
✔ အစေ့ချပြီး ရက်ပေါင်း ၁၀၀ ကျော်တွင် စတင်၍ ခူးယူစားသုံးနိုင်သည်။ မျိုးစေ့ထုတ်ယူလိုပါက ပန်းပွင့်ပြီး ၆၅ ရက်ကျော်မှ ခူးဆွတ်သင့်သည်။ ကျောက်ဖရုံသီးသည် တာရှည်အထားခံသဖြင့် အလုံးလိုက်အရိပ်ထဲ တွင် နှစ်ပတ်လည်ထားသင့်သည်။ ကျောက်ဖရုံတွင် မျိုးစေ့ကိုအလုံးလိုက် သဘာဝအတိုင်းသိုလှောင်ခြင်း ဖြင့် အပင်ပေါက်ရာခိုင်နှုန်းပိုမိုကောင်းမွန်သည်။
Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း