menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ဈေးကွက်ရှိတဲ့ ဟင်းနုနွယ် စိုက်ပျိုးနည်း”
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
မြန်မာအမည် - ဟင်းနုနွယ်
အင်္ဂလိပ်အမည် - AMARANTH
ရုက္ခဗေဒအမည် - Amarantus gargeticus
မျိုးရင်းအမည် - AMARANTHACEAE
▶ ဟင်းနုနွယ်သည် စိုက်ပျိုးရန်လွယ်ကူပြီးအကြမ်းခံသော ဟင်းရွက်ဖြစ်သည့်အပြင် အလွန်အကြီး မြန်သော ဗီတာမင်အေနှင့် သံဓါတ် ကြွယ်ဝသည့်ဟင်းရွက်ဖြစ်သည်။ မြန်မာအိမ်ရှင်မများအတွက် ချက်ပြုတ်ရာတွင် လွယ်ကူစေသောဟင်းရွက်ဖြစ်သည့်အတွက် ဟင်းနုနွယ်ကိုဟင်းရည်ချက်ခြင်း၊ သုပ်စားခြင်း၊ ကြော်စားခြင်းနည်း အမျိုးမျိုးဖြင့်စားသုံးတတ်ကြသည်။
မူရင်းဒေသ
---------
အာရှနှင့် အာဖရိကအပူပိုင်းဒေသများတွင် စတင်ပေါက်ရောက်ခဲ့သည်ဟု ယူဆရပါသည်။
အမျိုးအစား
----------
ဟင်းနုနွယ်အမျိုးအစား နှစ်မျိုးရှိပြီး တစ်မျိုးမှာအနီရောင်ဖြစ်ပြီး ကျန်တစ်မျိုးမှာ အစိမ်းရောင် ဖြစ်ပါသည်။အစေ့အရောင်၌ အနီရောင်မျိုးသည် အစေ့အရောင်ဖြူပြီး အစိမ်းရောင်မျိုးသည် အစေ့အရောင်နက်၏။
စိုက်ပျိုးသည့်ဒေသ
----------------
ဟင်းနုနွယ်သည် ပူနွေးသောရာသီကိုကြိုက်နှစ်သက်သဖြင့် မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် အောက်မြန်မာပြည်နေရာအနှံ့အပြားစိုက်ပျိုးပါသည်။
ရေမြေ ရာသီဥတု
---------------
ဟင်းနုနွယ်သည်ရေစီးရေလာကောင်းပြီး မြေဩဇာဓာတ်အသင့်အတင့်ရှိသောမြေတွင် စိုက်ပျိုး ဖြစ်ထွန်းပါသည်။ ဆားပေါက်သောမြေမှလွဲပြီး သဲနုန်းမြေ၊ နုန်းစနယ် နှင့် မြေနက်များတွင်စိုက်ပျိုး ဖြစ်ထွန်းပါသည်။
မြေပြုပြင်ခြင်း
------------
ထွန်ရေးကောင်းစွာရစေရန် မြေပြုပြင်ပြီးနောက် အလျား ပေ(၂၀) ၊ အနံ (၃၀)ပေ၊ အမြင့် (၁)ပေရှိ စိုက်ဘောင်များပြုလုပ်ပေးရမည်။
မြေဩဇာကျွေးခြင်း
----------------
ဟင်းနုနွယ်စိုက်ပျိုးရန် တစ်ဧကအတွက် နွားချေးလှည်း(၁၀-၁၅)စီးနှင့် ယူရီးယားဓာတ်မြေဩဇာ တစ်ဧက(၂၄၄)ပေါင်နှုန်း နှင့် တီစူပါ(၁၁၂)ပေါင်နှုန်း၊ ပိုတက်ရှ်ဓာတ်မြေဩဇာ (၂၈)ပေါင်နှုန်း ထည့်ပေးသင့်ပါသည်။ ဓာတ်မြေဩဇာကိုထည့်ပေးရာတွင် စိုက်ဘောင်ရှိမြေနှင့်သမအောင်ရောပြီးမှ စိုက်ပျိုးသင့်ပါသည်။
စိုက်ပျိုးနည်း
----------
ဟင်းနုနွယ်ကို မျိုးစေ့မှတိုက်ရိုက်စိုက်ပျိုးရန်ဖြစ်ပါသည်။ ဟင်းနုနွယ်ကို မိုးတွင် မေ၊ ဇွန်လများတွင် စိုက်ပျိုးနိုင်ပြီး ဆောင်းတွင် အောက်တိုဘာ နှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးနိုင်ပါသည်။ စိုက်ဘောင်များ တွင်စိုက်တန်းများတစ်တန်းနှင့်တစ်တန်း(၉)လက်မခြားပြီး တန်းများကိုဆွဲပေးရပါသည်။ စိုက်ကြောင်း ဆွဲပေးပြီးနောက်မြေသားတိမ်တိမ်ဖုံးပေးရပါသည်။ အပင်ကလေးများပေါက်လာပြီးနောက် တစ်ပင်နှင့် တစ်ပင်(၆)လက်မခြားရှိနေရန် လက်ဖြင့်ကြားခွဲပေးရပါမည်။ တစ်ဧကလျှင် ဟင်းနုနွယ်မျိုးစေ့(၁)ကီလိုဂရမ်လိုအပ်ပြီး အလျားပေ(၂၀) x အနံ(၄)ပေ ရှိသော ဘောင် အတွက် မျိုးစေ့(၅)ဂရမ်လိုသည်။
ရေပေးသွင်းခြင်း
--------------
မိုးတွင်းစိုက်သောအခင်းများတွင်မူ မိုးမပြတ်ပါကရေသွင်းပေးရန်မလိုပဲ ဆောင်းတွင်းအတွက်မူ လိုအပ်သည့်အချိန်တွင် ပန်းကရားဖြင့်(သို့မဟုတ်)စိုက်ဘောင်ကြားအတွင်းရေလွှတ်ပေးခြင်းဖြင့် ရေပေးနိုင်ပါသည်။
အပင်ပြုစုခြင်း
------------
အပင်များကြပ်လွန်းပါကအပင်ငယ်စဉ်မှုန်းပေးရန်လိုသည်။ ပေါင်းရှိပါကပေါင်းနှိမ်ပေးရမည်။ ပေါင်းလိုက်ရာတွင်အပင်များမနာရန်အရေးကြီးသည်။
ရိတ်သိမ်းခြင်းနှင့်အထွက်
----------------------
ဟင်းနုနွယ်ကိုစိုက်ပြီး(၃-၄)ပတ်ရှိသောအခါ စတင်ဖြတ်တောက်ရိတ်သိမ်းနိုင်သည်။ အပင်ခြေရင်းမှ ဓားနှင့်ဖြတ်ယူပြီးအလွယ်တကူရိတ်သိမ်းနိုင်သည်။ တစ်ဧက ဟင်းနုနွယ်(၇၀-၈၀)ကီလိုဂရမ်အထိ ထွက်နိုင်ပါသည်။
မျိုးစေ့ထုတ်ခြင်း
--------------
ဟင်းနုနွယ်အပင်များကိုမရိတ်ပဲထားပါက အပင်များပန်းပွင့်လာပြီးတဖြည်းဖြည်းအစေ့တည်လာက အပင်လည်းကျလာသည်။ ဤအချိန်တွင်ဟင်းနုနွယ်ပင်ထိပ်ပိုင်းမှ အနှံကိုဖြတ်ယူပြီးနောက် အနှံများကို ခါချပါကအစေ့များရပေမည်။ အစေ့များကိုတစ်နေလှမ်းပြီးပုလင်းတွင်ထည့်၍သိုလှောင်ထားနိုင်သည်။
Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း