menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ရေမြေ ၊ ဒေသ နှင့်ကိုက်ညီသည့် “မျိုး” ရွေးချယ်ပါ
🌾🌱🌾🌱🌾🌱🌾🌱🌾🌱🌾
🔸“အစကောင်းမှ အနှောင်းသေချာ”ဟူသည့်ဆိုရိုးစကားရှိပါသည်။ စိုက်ပျိုးရေးလုပ်ငန်းတွင် ဦးစွာမြေပြင်ရသည်။ ထယ်ရေး၊ထွန်ရေးဝင်ပေးရသည်။ထို့နောက်စိုက်ပျိုးကြသည်။ ဤတွင်စိုက်ပျိုးသည့် “မျိုးစေ့” သည်အရေးကြီးသည်။ စိုက်ပျိုးရေးဆိုသည်မှာ မစိုက်မီမြေပြုပြင်သည်မှ ရင့်မှည့် ခူးဆွတ်ဈေးကွက်ပို့ သည်အထိ လုပ်ငန်းအဆင့်တိုင်းသည် အရေးကြီးပါသည်။ ထိုအထဲမှ “မျိုး”သည်အဓိကဖြစ်ပါသည်။ “မျိုးစေ့မမှန် ပင်မသန်” ဟု ဆိုရိုးလည်းရှိပါသည်။
🔸စိုက်ပျိုးရေးတွင်အဓိကဦးတည်လုပ်ကိုင်နေသည်မှာ သီးနှံအထွက်နှုန်းတိုးရေး နှင့် အရည်အသွေးကောင်း ရေးပင်ဖြစ်သည်။ ဤနှစ်ချက်စလုံးကို အရည်အသွေးကောင်းသည့်မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးခြင်း ဖြင့်ရရှိနိုင်ပါသည်။ မျိုးသန့်သည် ပိုးမွှားနှင့်ရောဂါဒဏ်ခံနိုင်အားရှိရမည်။ မျိုးရိုးဗီဇမရောယှက်ဘဲသန့်ပြန့် ရမည်။ ထိုသို့ “ကောင်းခြင်း၊ သန့်ခြင်း” သည် “မျိုးစေ့” မှသာရရှိနိုင်၍ မျိုးသည်အရေးကြီးသည်ဟု ဆိုလိုပါသည်။ မျိုးစေ့မစိုက်ခြင်းကြောင့် နောက်ဆက်တွဲအဖြစ် ပိုးသတ်ဆေး၊ရောဂါသတ်ဆေးများ အသုံးပြုရလျှင် စရိတ်ကုန်၊လူပန်း၍ ပတ်ဝန်းကျင်လည်းညစ်ညမ်းလာနိုင်ပါသည်။
🔸စိုက်ပျိုးသူများထံ ဌာနတစ်ခုထဲမှ မျိုးလုံလောက်အောင် ပေးဝေဖြန့်ဖြူးရောင်းချနိုင်ခြင်းမရှိသေးပါ။ ထို့ကြောင့် ယခင်က “မျိုးစေ့စီးဆင်းမှု” ဖြင့် မျိုးသန့်ထုတ်လုပ်ခြင်း၊ မျိုးပွားခြင်း၊ ဖြန့်ဖြူးခြင်း၊ မျိုးထိန်းခြင်း လုပ်ငန်းစဉ်များကို အကျိုးဆောင်တောင်သူထားရှိလုပ်ကိုင်ခဲ့ကြပါသည်။ ယခုအခါ ပုဂ္ဂလိကလုပ်ငန်း ကုမ္ပဏီများကလည်းမျိုးစေ့ထုတ်လုပ်လာကြသည်။ သို့သော်နည်းပါးပါသေးသည်။ များပြားလာလျှင် တောင်သူလယ်သမား၊ ဥယျာဉ်ခြံနှင့် နှစ်ရှည်သီးပင်စိုက်ပျိုးသူများသည် မျိုးအခက်အခဲ ပြဿနာပြေလည်သွားပါမည်။
🔸အများစုသော ပဲ၊နှမ်း၊မြေပဲ စိုက်ပျိုးသူများမှာ မျိုးထိန်းထားသောတောင်သူများထံမှဖြစ်စေ၊ ပွဲရုံမှဖြစ်စေ မျိုးအဖြစ်ခေါ်နေကြသော အစေ့အဆန်များကို ဝယ်ယူစိုက်ပျိုးနေကြရသည်။ ရာသီသီးနှံစိုက်ပျိုးမှုထက် နှစ်ရှည်သီးနှံနှင့် ဥယျာဉ်ခြံသီးနှံပင်စိုက်ပျိုးသူများမှာ သုံးလေးနှစ်ကြာမှမျိုးမှန်၊မျိုးမမှန်ဖြစ်သည်ကို သိကြရ၍ မျိုးမမှန်ခဲ့လျှင် ပို၍ဒုက္ခများကြရသည်။ရော်ဘာ နှင့်ဆီအုန်းခြံများတွင် ဤအခက်အခဲများ ကြုံတွေ့ကြရသည်။ ထားရအခက်၊ ခုတ်လှဲရအခက် ဖြစ်ကြရသည်။
🔸ထို့ပြင် စပါးအပါအဝင် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဥယျာဉ်ခြံ နှင့် နှစ်ရှည်သီးပင်များတွင်ကြုံတွေ့ရသော ဒုတိယအခက်အခဲမှာ မိမိဒေသ၊ ရေမြေရာသီဥတုနှင့် ကိုက်ညီမှုရှိ၊မရှိ မကြည့်ကြ၊ မသိကြဘဲ ကောင်းသည်ဆိုသောမျိုးကိုစိုက်ပျိုးကြသဖြင့် မိမိဒေသ၊ ရေမြေရာသီဥတုနှင့် မကိုက်ညီပါက ဖြစ်ထွန်း အောင်မြင်မှုနည်းပါးပြီး အခက်အခဲများစွာလည်း ကြုံတွေ့ကြရပါသည်။
🔸ထို့ကြောင့် စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် ကြုံတွေ့ရသောအမှားများကို ဂရုစိုက်ပြုပြင်နိုင်ရန် သီးနှံများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးလုပ်ငန်းများမှ “မျိုးစေ့ကိုစိုက်ပါ” “ဒေသနှင့်ကိုက်ညီမှုရှိပါစေ” ဆိုသော အချက်နှစ်ချက်ကို အလေးထား ဂရုပြုဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးမှုလုပ်ငန်း၏ ပွဲဦးထွက်အစကို ဆောင်ရွက်နိုင်ကြပါမည်။
Sources : ကိုရဲ (စိုက်ပျိုးရေး)