menu

ပေါင်းသတ်ဆေး အမျိုးအစား ခွဲခြားခြင်း

၁။ ပက်ဖျန်းသည့် နေရာပေါ်မူတည်၍ ခွဲခြားခြင်း ပက်ဖျန်းသည့် နေရာပေါ်မူတည်၍

(က) အပင်ဖျန်း ပေါင်းသတ်ဆေးနှင့်
(ခ) မြေပေါ်ဖျန်း ပေါင်းသတ်ဆေးဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။

၂။ ပက်ဖျန်းချိန်ပေါ် မူတည်ခွဲခြားခြင်း
 
  (၁) သီးနှံပင်မစိုက်မီ ဖျန်းသော ပေါင်းသတ်ဆေး
 
  (က) အပင်ဖျန်း ပေါင်းသတ်ဆေး ။ သီနှံစိုက်ပျိုးထားခြင်းမရှိသောမြေတွင် လက်ရှိပေါက်နေသော ပေါင်းပင်များပေါ်သို့ ဖျန်းသောဆေးဖြစ်သည်။
  ဥပမာ…
   ဂလိုင်ဖေါက် ( Glyphosate )
   ဇီးရိုး ( Paraquat )
 
  (ခ) မြေပေါ်ဖျန်း ပေါင်းသတ်ဆေး ။ သီးနှံပင်များ မစိုက်ပျိုးမီ သေချာစွာ မြေပြင်ဆင်ထားပြီး ပေါင်းမြက်ကင်းရှင်းသော မြေပေါ်သို့ ပက်ဖျန်းရသော ပေါင်းသတ်ဆေး ဖြစ်သည်။ ပေါင်းသတ်ဆေးဖျန်းပြီး မကြာမီ ခပ်တိမ်တိမ်ထွန်ယက်ပြီး မြေကြီးနှင့် ရောမွှေပေးရသည်။ ဤပေါင်းသတ်ဆေးမျိုးသည် နေရောင်ခြည်ကြောင့်လည်းကောင်း၊ အပူရှိန်ကြောင့်လည်းကောင်း ပျက်စီးဆုံးရှုံးလွယ်သဖြင့် မြေကြီးနှင့် ရောမွှေပေးရခြင်းဖြစ်သည်။
  ဥပမာ…
   ပရိုဂိမ်း ( Pendimethalin )
 
  (၂) အပင်မပေါက်မီ ဖျန်းသော ပေါင်းသတ်ဆေး ပေါင်းပင်မပေါက်မီ မြေပေါ်သို့ ပက်ဖျန်းသော ပေါင်းသတ်ဆေးဖြစ်သည်။ မြေထဲသို့ သီးနှံမျိုးစေ့များ ချစိုက်ထားပြီး သီးနှံမပေါက်မီသော်လည်းကောင်း၊ သီးနှံပေါက်ပြီးချိန်သော်လည်းကောင်း ဖြစ်နိုင်သည်။ စပါးပျိုးထောင်စိုက်စနစ်တွင် ရွှေ့စိုက်ပြီး ပေါင်းမပေါက်မီအချိန် ဖြစ်နိုင်သည်။
  ဥပမာ…
   ပေါင်းရှင်း ( Pretilachlor )
   ဆန်းရှင်း ( Bensulfuron )
   ပေါင်းမင်း ( Oxadiazon )
   အောက်စီ-စတား ( Oxyfluorfen )
   ပေါင်းစင် ( Atrazine )
 
  (၃) အပင်ပေါက်ပြီးမှဖျန်းသော ပေါင်းသတ်ဆေး သီးနှံပင်နှင့် ပေါင်းပင် ပေါက်ပြီးချိန်တွင်ဖျန်းသော ပေါင်းသတ်ဆေး ဖြစ်သည်။
  ဥပမာ…
   ဒီ-မင်း ( 2,4 – D )
   စူပါရိုက်စ် ( Quinclorac )
   ပီဇာ ( Quizalofop )
   ပီကာ ( Fomesafen )

၃။ ဇီဝအကျိုးသက်ရောက်မှုပေါ် မူတည်၍ ခွဲခြားခြင်း
 
  (၁) အကျိုးသက်ရောက်ရာ နေရာပေါ်မူတည်၍ နှစ်မျိုးခွဲခြားနိုင်သည်။
 
  (က) ထိသေပေါင်းသတ်ဆေး ။ ဆေးပက်ဖျန်းသည့် နေရာသာ သေသည့် ပေါင်းသတ်ဆေးဖြစ်သည်။
  ဥပမာ…
   ဇီးရိုး ( Paraquat )
   
  (ခ) ပင်လုံးပြန့် ပေါင်းသတ်ဆေး ။ ဆေးပက်ဖျန်းသည့် နေရာမှ တစ်ပင်လုံးသို့ပြန့်၍ မြေအောက်အမြစ်၊ ကျူဘာ၊ ရိုင်ဇုမ်းတ်ို့အထိ ရောက်ရှိသောဆေး ဖြစ်သည်။ နှစ်ရှည်ပေါင်းများ နှိမ်နင်းရာတွင် ထိရောက်မှုရှိသည်။
  ဥပမာ…
   ဂလိုင်ဖေါက် ( Glyphosate )
 
  (၂) ရွေးချယ်အာနိသင်ပေါ်မူတည်၍ နှစ်မျိုးခွဲခြားနိုင်သည်။
 
  (က) ရွေးချယ်အာနိသင်မဲ့ ပေါင်းသတ်ဆေး ။
  ရွေးချယ်အာနိသင်မဲ့ ပေါင်းသတ်ဆေးသည် ပေါင်းပင်သာမက သီးနှံပင်ကိုပါ သေစေနိုင်သည်။
  ဥပမာ…
   ဇီးရိုး ( Paraquat )
   ဂလိုင်ဖေါက် ( Glyphosate )
 
  (ခ) ရွေးချယ်အာနိသင်ရှိ ပေါင်းသတ်ဆေး ။
  ရွေးချယ်အာနိသင်ရှိ ပေါင်းသတ်ဆေးသည် ပေါင်းပင်ကိုသာ သေစေ၍ သီးနှံပင်ကို မသေစေပါ။
  ဥပမာ…
   ဒီ-မင်း ( 2,4 – D )
   ပေါင်းရှင်း ( Pretilachlor )
   ဆန်းရှင်း ( Bensulfron )
   အောရိုက်(Fenoxaprop+Quinclorac+PSE)
   ပေါင်းကင်း ( Bispyribac )
   စူပါရိုက်စ် ( Quinclorac )
   ပီဇာ ( Quizalofop )
   ပီကာ ( Fomesafen )
   ရှင်းရှင်း ( Imazethapyr )
   ပေါင်းမင်း ( Oxadiazon )
   အောက်စီ-စတား ( Oxyfluorfen )
   ပေါင်းစင် ( Atrazine )
   ပရိုဂိမ်း ( Pendimethalin )

--------------------------------------------------- ပေါင်းသတ်ဆေး သုံးစွဲရာတွင် သတိပြုရမည့် အချက်များ ---------------------------------------------------

၁။ ပေါင်းသတ်ဆေး ရွေးချယ်မှု မှန်ကန်ရမည်။ စိုက်ပျိုးသောသီးနှံနှင့် ပေါက်ရောက်သော ပေါင်းအမျိုးအစားအလိုက် ကိုက်ညီသောဆေး ဖြစ်ရမည်။

၂။ သင့်တော်မှန်ကန်သော ဆေးနှုန်းထား ဖြစ်ရမည်။ ဆေးပုလင်း/ဆေးဘူးတွင် ပါရှိသည့် အညွှန်းအတိုင်း ပက်ဖျန်းရမည်။

၃။ ပက်ဖျန်းချိန် မှန်ရမည်။ ပေါင်းပင်နှင့် သီးနှံပင် သက်တမ်း/အခြေအနေကို ညွှန်ကြားသည့်အတိုင်း ပက်ဖျန်းရမည်။

၄။ ပတ်ဝန်းကျင် အခြေအနေ မှန်ရမည်။ လေဆန်၍ မဖျန်းရ။ လေတိုက်သောနေ့၊ မိုးရွာသောနေ့ မဖျန်းရပါ။

၅။ မြေမျက်နှာပြင်ညီညာ၍ ရေသွင်းရေထုတ်ချိန် မှန်ကန်ရမည်။

၆။ ဆေးဖျန်းရာတွင် အသုံးပြုမည့်ရေသည် ကြည်လင်ရမည်။

၇။ ဆေးအမျိုးအစားကိုလိုက်၍ ဆေးဖျန်းပြီး သုံးနာရီမှ ခြောက်နာရီအတွင်း မိုးလွတ်ရမည်။

၈။ သင့်တော်သော ဆေးဖျန်းခေါင်း သုံးပါ။ ပင်လုံးပြန့်နှင့် မြေပေါ်ဖျန်းဆေးအတွက် ယပ်တောင်ပုံနှင့် ထိသေဆေးအတွက် ပိုးသတ်ဆေးဖျန်းခေါင်းကို သုံးနိုင်သည်။

၉။ ဆေးတစ်မျိုးတည်း ဆက်တိုက်သုံးစွဲပါက ပေါင်းသတ်ဆေးဒဏ်ခံနိုင်သော ပေါင်းမျိုးစိတ်များနှင့် နှိမ်နင်းရခက်သော ပေါင်းများပေါ်ပေါက်လာနိုင်သဖြင့် ဖြစ်နိုင်ပါက ဆေးအုပ်စုမတူသော ဆေးများကို ပြောင်းလဲသုံးစွဲပါ။

၁၀။ ပေါင်းသတ်ဆေး (၂)မျိုး(၃)မျိုးသုံးခြင်းသည် တစ်မျိုးတည်းသုံးခြင်းထက် ပို၍အာနိသင် ထက်မြက်သည်။ သို့သော် ဆေးနှုန်းထားရောစပ်ပုံများ လွဲမှားနိုင်သဖြင့် အသင့်အရောကိုသာ ဝယ်ယူသုံးစွဲသင့်သည်။

၁၁။ ပေါင်းသတ်ဆေးပုံး သီးသန့်ထားရန်အပြင် မဖျန်းမီနှင့် ဖျန်းပြီးချိန်တွင် ဆေးဖျန်းပုံးကို သေချာစွာ ဆေးကြောပြီးမှ သုံးပါ။

၁၂။ မြေပေါ်ဖျန်း ပေါင်းသတ်ဆေး အသုံးပြုရာတွင် ဆေးဖျန်းခေါင်းနှင့် မြေကြီးအကွာအဝေး တစ်ပေကွာ၍ ဖျန်းပြီး အရွက်ဖျန်းပေါင်းသတ်ဆေး အသုံးပြုရာတွင် ဆေးဖျန်းခေါင်းနှင့် အပင်ထိပ်ဖျား အကွာအဝေး တစ်ပေခြား၍ ဖျန်းရမည်။ အထက်ပါ ကာကွယ်နှိမ်နင်းနည်းလမ်းများ အားလုံးတွင် ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန့်တွဲနေပါသည်။ ကာကွယ်နှိမ်နင်းခြင်းနည်း တစ်မျိုးတည်းသုံးခြင်းဖြင့် ပတ်ဝန်းကျင် အခြေအနေအားလုံးတွင် ပြီးပြည့်စုံစွာ မနှိမ်နင်းနိုင်ပါ။

ထို့ကြောင့် မိမိတို့ဒေသအတွင်းတွင် ဆောင်ရွက်နိုင်သော အထိရောက်ဆုံးနှင့် ကုန်ကျစရိတ် အသက်သာဆုံး နည်း ၂ မျိုး(သို့မဟုတ်) ၂ မျိုးထက်ပို၍ စုပေါင်းသုံးစွဲသော ဘက်စုံပေါင်းကာကွယ်နှိမ်နင်းနည်း ( Integrated Weed Management ) သာလျှင် ရေရှည်တည်တန့်သော ပေါင်းကာကွယ်နှိမ်နင်းနည်း ဖြစ်ကြောင်း သိရှိထားရမည်ဖြစ်ပါသည်။
Source : PP ( MOA )
(ဝိစာရအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်)