menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ဖရဲစိုက်ပျိုးနည်းနှင့် ဝိစာရဆေးများသုံးစွဲနည်း။
မြန်မာအမည် - ဖရဲ
အင်္ဂလိပ်အမည် - WATERMELON
ရုက္ခဗေဒအမည် - Citrullus vulgaris
မျိုးရင်းအမည် - CUCURBITACEAE
၁။ မူရင်းဒေသ
ဖရဲ၏မူရင်းဒေသမှာ အာဖရိကတိုက်ဖြစ်သည်။ (၁၆) ရာစုနှစ်မှစ၍ အာဖရိကတိုက်မှ ဥရောပတိုက်၊ အာရှတိုက်၊ အမေရိကတိုက်အစရှိသည့် ကမ္ဘာ့အနံှ့အပြားဒေသများသို့ ပျံ့နှံ့ရောက်ရှိသွားသည်။
၂။ အပင်ပုံသဏ္ဍာန်
ဖရဲပင်သည် နွယ်အမျိုးအစားအဖြစ်၍ အပင်ပျော့မျိုးဖြစ်သည်။ အနွယ်ရော အရွက်ပါ အစိမ်းရင့်ရောင်ပို သည်။ အရွက်မှာ (၄) လက်မှ (၆) လက်မခန့် ရှည်လျားသည့် လက်ခြားအရွက်များဖြစ်ကြသည်။ ပင်စည်နှင့် အရွက်များတွင် အမွှေးများ ဖုံးလွှမ်းလျက်ရှိသည်။
၃။ အသီးပုံသဏ္ဍာန်
အသီးပုံသဏ္ဍာန်မှာလည်း လုံးဝိုင်းပုံ၊ လုံးရှည်ပုံ၊ ဘဲဥပုံ အစရှိသည်ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးရှိသည်။ အသီးအရှည်မှာ မျိုးကိုလိုက်၍ (၉)လက်မမှ (၃၀) လက်မခန့်အထိရှည်ပြီး သီးလုံးအချင်း (၆) လက်မမှ (၁၅) လက်မခန့် အထိရှိသည်။ အတွင်းသားအရောင်မှာလည်း အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အဖြူရောင်တို့ရှိ ကြပြီး အပြင်အခွံရောင်မှာလည်း အစိမ်းဖျော့ရောင်၊ အစိမ်းရင့်ရောင်၊ အဝါရောင်၊ အစင်းပါစသည်ဖြင့် အရောင် အမျိုးမျိုးရှိကြသည်။ အပြင်ခွံမှာ အစင်းပါနှင့် အစင်းမဲ့ဟူ၍ ကွဲပြားသည်။
၄။ မြေအမျိုးအစား
ဖရဲစိုက်ပျိုးရန် သင့်လျော်သော မြေအမျိုးအစားမှာ သဲနုန်းမြေဖြစ်ပါသည်။ မိုးရာသီအကုန် မြစ်ရေကျချိန် မြစ်ကမ်းဘေးရှိ ကျွန်းမြေများတွင်လည်းကောင်း၊ စပါးစရိတ်သိမ်းပြီးသည့် လယ်ကွက်များတွင်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ မြေအချဉ်အငံဓာတ် (၆ မှ ၆.၈)အတွင်း ရှိသည့်မြေတွင် ဖရဲကိုကောင်းစွာ စိုက်ပျိုးနိုင်သည်။ မြေတစ်နေရာတည်းတွင် သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးပါက ရောဂါပိုးမွှား ကျရောက်ဖျက်ဆီးမှုများ သဖြင့် သီးနှံအလှည့်ကျ စိုက်ပျိုးသင့်ပေသည်။ ရေအစိုဓာတ် လိုအပ်သော်လည်း ရေဝပ်ခြင်း၊ စိုထိုင်းဆများခြင်း ကို မနှစ်သက်ပေ။
၅။ မြေနေရာရွေးချယ်ခြင်း
နေရောင်ခြည်ပြည့်ပြည့်၀၀ရရှိနိုင်ပြီး ရေရရှိနိုင်သော နေရာနှင့် သယ်ယူပို့ဆောင်ရန်လွယ်ကူသော နေရာများတွင် ဖရဲကို စိုက်ပျိုးသင့်ပေသည်။
၆။ ရာသီဥတု
အပူချိန် (၂၁-၃၄) ဒီဂရီစင်တီဂရိတ်အတွင်း နေရောင်ခြည်ပြည့်ဝစွာ ရရှိပြီး လေစိုထိုင်းဆနည်းသော ဒေသများတွင် ဖရဲသည် ကောင်းစွာဖြစ်ထွန်းပါသည်။
၇။ စိုက်ချိန်
မိုးများသောဒေသများတွင် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ဖရဲကို စီးပွားဖြစ်စိုက်ပျိုးနိုင်ပြီး မိုးနည်းသောဒေသများတွင် မေလမှစ၍ ဖေဖော်ဝါရီလအထိ စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။ ပူလွန်းသောအချိန် တွင် စိုက်ပျိုးပါက အချိုဓာတ် လျော့နည်းသွားသည်။
၈။ မျိုးစေ့အညှောက်ဖောက်ခြင်း
ဖရဲစေ့ကို မြေတွင် တိုက်ရိုက်စိုက်၍သော်လည်းကောင်း၊ ပျိုးထောင်ပြီး ရွှေ့ပြောင်း၍သော်လည်း ကောင်း စိုက်ပျိုးနိုင်ပါသည်။ မြေတွင် တိုက်ရိုက်စိုက်ပါက မျိုးစေ့ကုန်ကျမှုနှင့် ပြုစုထိန်းသိမ်းစရိတ်များသဖြင့် ပျိုးထောင်စိုက်ပျိုးသင့်ပါသည်။ ယခုအခါ အစေ့မဲ့နှင့် အစေ့ပါဟူ၍ နှစ်မျိုးရှိပါသည်။ အစေ့မဲ့ဖရဲသည် အစေ့ခွန် မာသောကြောင့် မျိုးစေ့အညှောက်ဖောက်ရာတွင် အပင်လောင်းရှိသည့်မျိုးစေ့၏ ထိပ်ချွန်ဘက်ကို လက်သည်း ညှပ်နှင့် အစေ့ခွံအက်ကွဲလာရုံညှပ်ပြီးနောက် အပေါက်ငယ်လေးများဖောက်ထားသော ပလပ်စတစ်အိတ်တွင် ထည့်ရသည်။ ၎င်းအိတ်ကို ရေထဲတွင် နာရီဝက်စိမ်ပြီးနောက် အိတ်ထဲမှ ရေများခါထုတ် ပေးရသည်။ ထို့နောက် မျိုးစေ့ထုတ်ကို မျက်နှာသုတ်ပဝါတွင်ထည့်၍ လိပ်ပြီး အခြားပလပ်စတစ်အိတ်ထဲတွင် ထည့်ကာ (၂) ပေခန့် အမြင့်ရှိသော စက္ကူကပ်ပုံးထဲတွင် ထားရသည်။ မျိုးစေ့ထုတ်အပေါ်မှ (၁) ပေခွဲခန့်အကွာတွင် (၄၀) ဝပ် (သို့မဟုတ်) (၆၀) ဝပ်မီးသီးဖြင့် (၂၄) နာရီကြာအောင် အပူပေးထားရသည်။ မျိုးစေ့ထုတ်ပေါ်တွင် သတင်းစာ စက္ကူုဖြင့် ဖုံးအုပ်ပေးထားခြင်းဖြင့် အလင်းရောင်နှင့် ထိတွေ့ခြင်းမှ ကာကွယ်ပေးပါသည်။
အစေ့ပါ ဖရဲမျိုးစေ့များကိုမူ လက်သည်းညှပ်နှင့် ညှပ်ရန် မလိုဘဲ ရေတွင် (၄)ကြိမ်ကြာ စိမ်ပြီးနောက် ရေများခါပြီး အစေ့မဲ့ ဖရဲစေ့များအတိုင်း မီးသီးအောက်တွင် (၂၄) နာရီအကြားထား၍ အညှောက်ဖာက်ပါသည်။ အညှောက်မပေါက်သေးသော မျိုးစေ့များကို ရေဖြင့်ဆေးပြီး အထက်ပါအတိုင်း ထပ်မံအညှောက်ဖောက်ပေးပြီး ဆက်လက်လုပ်ဆောင်ရသည်။
လျှပ်စစ်မီးမရှိသေးသည့် ဒေသများတွင် မျိုးစေ့ကို ရိုးရိုးရေ (သို့မဟုတ်) ထီး မှိုသတ်ဆေး Hymexazol 70WP (၂.၅) ဂရမ်ကို ရေတစ်လီတာတွင် ဖျော်စပ်ပြီး (၄) နာရီကြာရေစိမ်ပြီးနောက် မြေဆွေးများ ရောစပ်ထည့်ထားသော (၄x၄) လက်မအရွယ် ပလပ်စတစ်အိတ်များတွင် လက်မဝက်ခန့်အနက် တွင် ပျိုးထောင်ရပါသည်။
ပျိုးအိတ်တွင် ထည့်ရန် မြေအမျိုးအစားမှာ မြေဆွေး (၃)ဆ၊ ရိုးရိုးမြေ (၃) ဆ၊ နွားချေးဆွေး (၁)ဆ ရောထားသော မြေအရောအဆ (၅၀၀) တွင် တီစူပါဓာတ်မြေသြဇာ (၁)ဆခွဲ ရောစပ်ပြီး အသုံးပြုရပါသည်။
ပျိုး ထောင်ပြီး (၂) ရက်မှ (၃) ရက်အကြာတွင် ပျိုးပင်ငယ်များ ပေါက်လာသည်။ ပျိုးအိတ်တွင် စိုက်ပြီးနောက် နေ့စဉ်နံနက် (၉) နာရီတွင် ရေလောင်းပေးသည်။ ပျိုးပင်ငယ်စဉ်တွင် ခါးရိရောဂါများကျရောက်တတ်သဖြင့် ဘာလီဆိုဒ် Validamycin 5SL မှိုသတ်ဆေး (၂၀) စီစီကို ရေ (၁၀) လီတာ (သို့မဟုတ်) မက်တယ်လဇီး Metalaxyl 25WP မှိုသတ်ဆေး (၁) ဆ၊ ရေအဆ (၈၀၀) မှ (၁၀၀၀) တွင်ဖျော်၍ ပျိုးပင်များအား ပက်ဖျန်းပေးရသည်။
ပျိုးပင်များကို ပျိုးထောင်ထားသည့်အချိန်တွင် စိုက်ခင်းကို ထယ်ထိုး၊ ထွန်မွှေပြီးနောက် စိုက်ခင်းအား မြေညီညာအောင် ပြုပြင်ပြီး စိုက်ဘောင်များ ဖော်ရပါမည်။
၉။ စိုက်ဘောင်ပြင်ဆင်ခြင်း
စိုက်မြောင်းနေရာကို မှတ်သား၍ ပေါက်ပြား (သို့မဟုတ်) စက်ဖြင့် (၆) လက်မအကျယ် (၆) လက်မအနက်ရှိသော မြောင်းများဖော်ပြီး တစ်ဧကလျှင် မိုးပုလဲမြေသြဇာ (၉၉) ပေါင်၊ တီစူပါ (၉၉) ပေါင်၊ ဘက်စ်ကေ ဓာတ်မြေသြဇာ (၇၇) ပေါင်၊ (သို့မဟုတ်) ဇီလီယန် ကွန်ပေါင်းမြေသြဇာ (၂)အိတ်၊ နွားချေးဆွေး လှည်း (၄၀) စီး၊ Borax (၉) ပေါင်နှင့် ဒီပါ ၄၆ဂျီ (၆)ထုပ်နှုန်း ထည့်ပေးရသည်။ ထို့နောက် ၎င်းစိုက်မြောင်းပေါ်တွှင် (၁.၅) ပေ အကျယ်ရှိသော ဘောင်များဖော်ပါသည်။ ဘောင်ပေါ်တွင် ပလပ်စတစ်စ အမဲအုပ်ခြင်းဖြင့် ပေါင်းမြက်များ မပေါက်ရောက်နိုင်သည့်အပြင် အစိုဓာတ်နှင့် မြေသြဇာ မဆုတ်ယုတ်စေနိုင်ပေ။ ပလပ်စတစ်စ အပြင်ဘက်တွင် ငွေရောင်ရှိသဖြင့် အလင်ပြန် ခြင်းကြောင့် အင်းဆက်ပိုးမွှားများ လာရောက်ခြင်းနည်းစေသည်။ မိုးရွာသွန်းပါက ရေအလွယ်တကူ ထွက်စေရန် (၆) လက်မအနက်ရှိသော ဗွီပုံသဏ္ဍာန် ရေထုတ်မြောင်းငယ်ကို ဘောင်နှစ်ခုအကြားတွင် ဖော်ပေးရသည်။ အပင်အကွာအဝေးမှ အောက်ပါအတိုင်း ဖြစ်ပါသည်။
တစ်ပင်နှင့်တစ်ပင် အကွာအဝေး
ရိုးရိုးဖရဲ (အလုံးကြီး) - ၃၂ လက်မ
(အလုံးသေး) - ၂၄ လက်မ
အစေ့မဲ့ဖရဲ - ၃၆ လက်မ
တစ်တန်းနှင့်တစ်တန်းအကွာအဝေး
ရိုးရိုးဖရဲ (အလုံးကြီး) - ၂၁ ပေ
(အလုံးသေး) - ၁၅ ပေ
အစေ့မဲ့ဖရဲ - ၂၀ ပေ
၁၀။ ရွှေ့ပြောင်းစိုက်ပျိုးခြင်း
ပျိုးထောင်ပြီး (၁၀) ရက်မှ (၁၅) ရက်အတွင်း ရွှေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။
၁၁။ မြေသြဇာထည့်သွင်းခြင်း
(၁) ရွှေပြောင်းစိုက်ပြီး (၃-၅) ရက်အကြာတွင် ရေ (၂၀) လီတာတွင် မိုးပုလဲမြေသြဇာ (၄၈) ဂရမ် (လက်ဖက်ရည် ပန်းကန် တစ်ဝက်) ၊ တီစူပါ မြေသြဇာအမှုန့် (၅၂) ဂရမ်၊ (လက်ဖက်ရည် ပန်းကန်တစ်ဝက်) ဖျော်ပြီး အပင်ခြေတွင် တစ်ပင်လျှင် (၁၀) စီစီခန့် လောင်းပေးရမည်။
(၂) စိုက်ပြီး (၂) ပတ်အကြာတွင် တစ်ဧကလျှင် မိုးပုလဲမြေသြဇာ (၁၈) ကီလိုဂရမ်၊ တီစူပါ (၁၈) ကီလိုဂရမ်နှင့် ဘက်စ်ကေမြေသြဇာ (၁၄) ကီလိုဂရမ်နှုန်း ထည့်ပေးရမည်။
(သို့မဟုတ်) ...
ဇီလီယန် ကွန်ပေါင်းမြေသြဇာ (၁၆)ပတ်လည် (၁)အိတ်နှုန်း ထည့်ပေးရပါမည်။
(၃) စိုက်ပြီး (၃) ပတ်အကြာတွင် ရေ (၂၀) လီတာ (သို့မဟုတ်) (၄.၅) ဂါလံတွင် မိုးပုလဲ (၁၃) ဂရမ် (ဟင်းခတ်ဇွန်း တစ်ဇွန်း) ၊ တီစူပါ (၂၉) ဂရမ် (ဟင်းခတ်ဇွန်း ၁ ဇွန်းခွဲ) ဘက်စ်ကေ (၁၃) ဂရမ် (ဟင်းခတ်ဇွန်း တစ်ဇွန်း) ၊ Borax (၄၀) ဂရမ်ကို ဖျော်ပြီး အပင်များအား ပက်ဖျန်းပေးရ မည်။ Borax ကို ရေနွေးနှင့် ပျော်အောင်ဖျော်ပြီးမှ ရေနှင့် ရောပါသည်။ (သို့မဟုတ်) …
ဆိုလူဖိဒ် (သီးနှံစုံစပါယ်ရှယ်) (၅၀)ဂရမ် + ကယ်လ်စီပလပ် (၃၀)စီစီနှုန်း ရောစပ်ပက်ဖျန်းပေးပါ။
(၄) စိုက်ပြီး (၄) ပတ်အကြာတွင် Borax မှ အပ အထက်ပါအတိုင်း မြေသြဇာအရောကိုဖျော်၍ ပက် ဖျန်းပေးရမည်။
(၅) အသီးတင်ပြီး (၁၄) ရက်အကြာတွင် တစ်ဧကလျှင် မိုးပုလဲမြေသြဇာ (၁၈) ကီလိုဂရမ် (၁၅) ပြည်၊ တီစူပါမြေသြဇာ (၁၈) ကီလိုဂရမ် (၇ ပြည်ခွဲ) နှင့် ဘက်စ်ကေ မြေသြဇာ (၂၇) ကီလိုဂရမ် (၁၅) ပြည်နှုန်း ထည့်ပေးရမည်။
(သို့မဟုတ်) …
ဇီလီယန် ကွန်ပေါင်းမြေသြဇာ (၁)အိတ်နှုန်း ထည့်ပေးရမည်။
၁၂။ အပင်ပြုစုခြင်း
ဖရဲပင်များ စိုက်ပျိုးပြီးနောက် အပင် (၁) ပေခွဲခန့် ရှိလာချိန်တွင် နွယ်များကို ဖြောင့်တန်းပေးပြီး၊ တန်းကြားတွင် ကောက်ရိုးခြောက်များကို ဖုံးအုပ်ဖြန့်ထားပေးရမည်။ ကောက်ရိုးဖုံးထားခြင်းဖြင့် ပေါင်းမြက်များ ကင်းရှင်းခြင်း၊ အစိုဓာတ်ဆုံးရှုံးမှုလျော့နည်းခြင်း၊ ဖရဲပင်မှ နှာမောင်းများက ကောက်ရိုးကို ကုတ်တွယ်ထားခြင်း ဖြင့် လေပြင်းတိုက်သော်လည်း အပင်မရွေ့လျားစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရစေနိုင်ပါသည်။
၁၃။ ဝတ်မှုန်ကူးပေးခြင်း
ပျိုးပင်များရွှေ့ပြောင်းစိုက်ပြီး (၂၀-၃၀) ရက်အကြာတွင် ပန်းပွင့်ပါသည်။ အစေ့ပါ ဖရဲမျိုးများတွင် ပျား များက ဝတ်မှုန်ကူးပေးခြင်းဖြင့် အသီးတင်သည်။ ဝတ်မှုန်ကူးခြင်းဖြင့် အရည်အသွေးကောင်းသော ဖရဲသီးများ ရနိုင်သည်။ အစေ့မဲ့ဖရဲတွင် အဖိုမြုံသောကြောင့် ပင်တည်း ဝတ်မှုန်ကူးပြီး အသီးမတင်နိုင်ပေ။ အစေ့မဲ့ဖရဲ အမပွင့်ကို ရိုးရိုးအစေ့ပါဖရဲပင်မှ အဖိုဝတ်မှုန်ဖြင့် နံနက် (၇-၉) နာရီအတွင်း ဝတ်မှုန်ကူးပေးခြင်းဖြင့် အသီးတင် သည်။ အစေ့မဲ့ဖရဲ အဖိုပွင့်မှ ဝတ်မှုန်ကို အသုံးမပြုရပေ။ ပန်းပွင့်ချိန်တွင် ဆေးဖျန်းရန်လိုအပ်ပါက ညနေပိုင်း တွင် ပက်ဖျန်းသင့်သည်။
၁၄။ အသီးခြွေခြင်း
ပထမဆုံးအပွင့်မှ သီးသောအသီးသည်အသီးအရည်အသွေးမကောင်းသဖြင့် ထိုပထမအပွင့်ကို ခြွေပေး ရသည်။ ပင်ခြေမှ (၂) ပေခွဲ (၃) ပေအကွာတွင်ရှိသော အသီးကိုယူခြင်းဖြင့် အရည်အသွေးကောင်းသော အသီး များကို ရရှိနိုင်သည်။ ဖရဲအလုံးကြီးမျိုးတွင် တစ်ပင်လျှင် တစ်လုံးအလုံးလတ်မျိုးတွင် (၂-၃) လုံး၊ အလုံးငယ်မျိုး တွင် (၄) လုံး ယူနိုင်သည်။
၁၅။ ဆွတ်ခူးခြင်း
သက်လျင်မျိုးနှင့် အလုံးသေးမျိုးတွင် ပန်းပွင့်ပြီး (၂၅ မှ ၃၀) ရက်အကြာတွင် အသီးဆွတ်ခူးနိုင်သည်။ အလုံးကြီးမျိုးနှင့် အစေ့မဲ့မျိုးတွင် ပန်းပွင့်ပြီး (၃၅) ရက်အကြာတွင် ဆွတ်ခူးနိုင်သည်။ သက်လျင်မျိုးတွင် ပန်းပွင့်ပြီး (၂၅ မှ ၃၀) ရက်အကြာတွင် အသီးညှာ၍ အနီးဆုံး နှာမောင်းအရောင်သို့ ပြောင်းလာလျှင် ဆွတ်ခူး နိုင်သည်။ သို့မဟုတ် အသီးကိုလက်နှင့် ပုတ်ကြည့်ပါက ရင်ခေါင်းသံမြည်လျှင် အသီးရင့်မှည့်ပြီဖြစ်၍ ဆွတ်ခူး နိုင်ပြီဖြစ်သည်။ အတွင်းသား အဝါရောင်မျိုးသည် အနီရောင်မျိုးထက်စော၍ မှည့်ပြီး အလုံးသေးမျိုးသည်လည်း အလုံးကြီးမျိုးထက်စော၍ မှည့်သည်။ အစေ့မဲ့ဖရဲမျိုးသည် အစေ့ပါ ဖရဲမျိုးထက် (၅-၁၀) ရက်ခန့် နောက်ကျပြီးမှ ရင့်မှည့်သည်။ ဖရဲအပြင်ခွံအရောင်ရင့်မျိုးသည် အရောင်နုမျိုးထက် စော၍ ရင့်မှည့်သည်။
၁၆။ ပိုးမွှားကျရောက်ဖျက်ဆီးခြင်းနှင့် ကာကွယ်ခြင်း
ပိုးမွှားကာကွယ်ဆေးများကို ပျိုးပင်အဆင့်မှ အသီးမခူးမီ (၁၄) ရက်အထိ ပိုးမွှားကျရောက်မှု အခြေ အနေပေါ်မူတည်ပြီး (၅-၇) ရက်ခြားတစ်ကြိမ် ပက်ဖျန်းသင့်ပါသည်။ ပိုးသတ်ဆေးပက်ဖျန်းရာတွင် နံနက်ပိုင်းနှင့် ညနေပိုင်းတွင်သာ ပက်ဖျန်းသင့်သည်။ နေပူလွန်းသော အချိန်များတွင် မပက်ဖျန်းသင့်ပါ။
အဓိကဖျက်ပိုးများမှာ ယင်ဖြူ၊ လှေးပိုး၊ ပျပိုး၊ ဘူးဖရုံ၊ ကျိုင်းဝါနှင့် မွှားပင့်ကူနီတို့ ဖြစ်ကြပါသည်။ ကာကွယ်နှိမ်နင်းနည်းမှာ -
(၁) ယင်ဖြူနှင့် ပျပိုးအတွက် ကေလာ ပိုးသတ်ဆေး (Thiamethoxam 25WDG) (၁၀)ဂရမ်ကို ရေ (၄) ဂါလံနှင့် ရော၍လည်းကောင်း..
(၂) လှေးပိုးနှင့် ကျိုင်းများအတွက် ဆိုင်လာ ပိုးသတ်ဆေး Acetamiprid + Lambda-cyhalothrin) (၁၀)ဂရမ်ကို ရေ (၄) ဂါလံနှင့်ရော၍လည်းကောင်း..
(၃) မွှာပင့်ကူနီနှင့် အခြားပိုးမျိုးစုံအတွက် အီမာလန်ဒါ ပိုးသတ်ဆေး (Emamectin benzoate + Lambda-cyhalothrin) (၁၀)ဂရမ်ကို ရေ(၄)ဂါလံနှင့် ရော၍လည်းကောင်း ထိရောက်စွာ ပက်ဖျန်းနှိမ်နင်းနိုင်ပါသည်။
၁၇။ ကျရောက်တတ်သော ရောဂါများနှင့် ကာကွယ်ခြင်း
ခါးရိရောဂါ၊ ဖားဥမှိုရောဂါ၊ အကြေးဖတ်ရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ ဒေါင်းနီးမှိုရွက်ခြောက်ရောဂါ၊ ပင်စည်အစေးထွက်ရောဂါနှင့် ကယ်လ်စီယမ် ဘိုရွန်ချို့တဲ့မှုရောဂါများ ကျရောက်တတ်ပါ သည်။
(၁) ခါးရိရောဂါအတွက် ဘာလီဆိုဒ်၊ ဒိုင်ဇီ၊ မက်တယ်လဇီး မှိုသတ်ဆေးများ အသုံးပြုပါ။
(၂) ဖားဥမှိုရောဂါအတွက် ဘင်ဇိုကာ၊ ဟက်ဇာဂွန်၊ ဇိုလာ မှိုသတ်ဆေးများ အသုံးပြုပါ။
(၃) အကြေးဖတ်ရောဂါအတွက် ဘင်ဇိုကာ၊ ဟက်ဇာဂွန်၊ ကျူပရိုမက် မှိုသတ်ဆေးများ အသုံးပြုပါ။
(၄) မှည့်ပြောက်စွန်းရောဂါအတွက် ဘင်ဇိုကာ၊ ဟက်ဇာဂွန်၊ ဇိုလာ၊ ဒိုင်ဇီ မှိုသတ်ဆေးများ အသုံးပြုပါ။
(၅) ဒေါင်းနီးရွက်ခြောက်ရောဂါအတွက် ဆိုင်မောက်၊ ဆိုင်မို-ဇက်၊ စူပါမော့ မှိုသတ်ဆေးများ အသုံးပြုပါ။
(၆) ပင်စည်အစေးထွက်ရောဂါအတွက် ကျူပရိုမက်၊ ဇိုလာ၊ ဒိုင်ဇီ မှိုသတ်ဆေးများ အသုံးပြုပါ။
(၇) ကယ်လ်စီယမ်နှင့် ဘိုရွန်ချို့တဲ့မှုရောဂါအတွက် ကယ်လ်စီပလပ် အရွက်ဖျန်းအားဆေးကို အသုံးပြုပါ။
ပျပိုးနှင့် လှေးပိုးများကို နှိမ်နင်းပေးမှုမရှိက ဗိုင်းရပ်ရောဂါများ ကျရောက်နိုင်သည်။ ရောဂါကျ အရွက်များ ကုပ်သွားပြီး တွန့်လိမ်ကာ သေးငယ်သွားသည်။ ဆစ်ကြားတိုပြီး အသီးပုံသဏ္ဍာန် မမှန်ဘဲ ပိန်ရှုံ့နေ တတ်သည်။ အသီးအတွင်းသားများ မာကြောနေတတ်သည်။ ဗိုင်းရပ်ကျရောက်နေသော အပင်များကို နှုတ်ယူ မီးရှို့ ဖျက်ဆီးပေးရသည်။ ရောဂါကျနေသော အပင်ကို ကိုင်တွယ်ပြီးပါက အသုံးပြုပြီးသော ပစ္စည်းများကို ဆိုဒီယမ်ဟိုက်ပိုကလိုရိုဒ် (၅) ရာခိုင်နှုန်း ဖျော်ရည်နှင့် စိမ်ပြီး သုံးသင့်သည်။
Than Win Agri
Source း ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်း
( မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း)