menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ဆေးဝါးဓာတ်စာ “ဟင်းဂလာ”
🍀☘️🍀☘️🍀☘️🍀☘️🍀☘️🍀
✔️ဟင်းဂလာပင်သည် အမျိုးအစားအားဖြင့် ဟင်းဂလာတော၊ ဟင်းဂလာအယဉ်၊ ဟင်းဂလာအရိုင်း ဟူ၍ သုံးမျိုးရှိသည်။ ဟင်းဂလာအယဉ်ကို ပြုတ်တို့၊ ချက်စားလေ့ရှိကြသည်။ ဟင်းဂလာအရိုင်းသည် မိုးဥတု၌များစွာပေါက်ရောက်သောအပင်မျိုးဖြစ်သည်။ ကျန်းမာရေးအရ ဆေးဖက်ဝင်စားသုံးနိုင်သော အပင်ဖြစ်ပေသည်။
✔️ သည်းခြေပျက်ရောဂါ၊ ဝမ်းဖောဝမ်းရောင်ရောဂါ၊ အဖျားရောဂါ၊ နွမ်းနယ်ခြင်း၊ အနာငန်းမန်းထခြင်း၊ ဆီးပူခြင်း၊ ဆီးနည်းခြင်း၊ သွေးဝမ်းရောဂါ၊ ချောင်းဆိုးပန်းနာရောဂါ၊ အသားရေခန်းခြောက်ခြင်း၊ ညောင်းညာခြင်းတို့ကို ပျောက်ကင်းစေနိုင်သော အာနိသင်ရှိသည်။
ဟင်းဂလာအရွက်
---------------
✔️ အရွက်သည် အကြောများ၊ ကြွက်သားများ၊ အရိုးများကို ကောင်းမွန်စေ၍ ခံတွင်းမြိန်စေကာ သွေးအားကိုဖြစ်စေသည်။ အစားပျက်ခြင်း၊ အားနည်းခြင်း၊ ပိန်ခြင်းကို ကာကွယ်၍ အစာကိုကြေစေပါသည်။ ဖောရောင်ခြင်း၊ ထုံကျဉ်ခြင်း၊ ချည့်နဲ့ခြင်း၊ အသားအရေခန်းခြောက်ခြင်းတို့ကို ကာကွယ်၍ အရိုးရောင် ကိုက်ခဲ၊ အဆစ်ရောင်ခြင်းကို ပျောက်ကင်းစေနိုင်သည်။ နှုတ်ခမ်းနာ၊ အာနာ၊ လျှာနာ၊ သွားဖုံးရောင်၊ သွားနာခြင်း၊ အရေပြားဝေဒနာနှင့် သွေးကျမှုကိုလည်း ကာကွယ်နိုင်သည်။
✔️ ဟင်းဂလာအယဉ်ပင် အရွက်ကိုကြိတ်၍ ရရှိသော သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် အကြောထုံး၊ အကြောတင်၊ အဆစ်ရောင်ရောဂါများကို သက်သာစေသည်။ တစ်နေ့သုံးကြိမ်လိမ်းပေးနိုင်ပြီး အုံအေးအဖြစ်လည်းအသုံးပြုနိုင်သည်။ အုံဆေးအဖြစ်အသုံးပြုရာတွင် အချိန်ကြာမြင့်စွာ အုံခြင်း လိမ်းပေးခြင်းကို မလုပ်သင့်ပါ။ အဖုအပိန့်များ ပေါက်စေတတ်ပါသည်။ ဆေးရည်ကို သကြား နဲ့ရောစပ်၍ ဆေးလက်ဖက်ရည်အဖြစ်သောက်သုံးပေးပါ ဝမ်းပျက်ရောဂါ၊ သည်းခြေဖျားရောဂါ၊ ရေဖျဉ်းရောဂါ၊ လေထိုး လေအောင့်ရောဂါ၊ နားကိုက်ခြင်း၊ မျက်စိမှုန်ခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။
✔️ ဟင်းဂလာအယဉ်အရွက်ကို ကြိတ်ခြေ၍ ခေါင်းကိုက်နေရာ၌ အုံပေးလျှင် သက်သာစေသည်။ အုံဆေး (သို့မဟုတ်) လိမ်းဆေးအဖြစ် အသုံးပြုရာတွင် မကြာမကြာလိမ်းပေးခြင်း၊ အုံထားခြင်းတို့ကို မပြုလုပ်ပါနှင့်။ ဆေးပင်တစ်ပင်၏ ဆေးသုံးစွဲမှုအညွှန်းနှင့် ဆေးပမာဏသည် ရောဂါကုသရာတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်လျက်ရှိပြီး ဆေးချိန်ဆေးညွှန်းလွန်ကဲသွားပါကလည်း ဘေးဖြစ်စေ တတ်ကြောင်း အသိပေးရေးသာလိုက်ရပါသည်။
Sources : Green Way