menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ငှက်ပျောသီး အရည်အသွေးကောင်းအောင် အစာဖြင့်ထိန်းကျောင်းပါ
🍃🍌🍃🍌🍃🍌🍃🍌🍃🍌🍃🍌🍃
🔸တောင်သူဦးကြီးများနှင့်ဥယျဉ်ခြံစိုက်ပျိုးသူများအတွက်ငှက်ပျောပင်စိုက်ပျိုးလျှင်အောင်မြင်ဖြစ်ထွန်းပြီး အသီးအရည်အသွေးကောင်းအောင် အစာကျွေးပြီးဆောင်ရွက်ရမည့်အချက်များကိုတင်ပြလိုပါသည်။
🔸ငှက်ပျောပင်များစိုက်ပျိုးပြီးစနစ်တကျအစာမကျွေးနိုင်ပါက ငှက်ပျောပင်များအပင်ကြီးထွားနှုန်းနှေးခြင်း၊ အရွက်ဟောင်းများဝါလိုက်လာတတ်ခြင်း၊ ငှက်ပျောသီးအရည်အသွေးကျခြင်းများဖြစ်လာတတ်ပါသည်။ ထိုကဲ့သို့ဖြစ်လျှင်အစာ စနစ်တကျကျွေး၍ပြုပြင်ထိန်းကျောင်းရပါမည်။ ငှက်ပျောပင်သည် ပိုတက်စီယမ် အလွန်စားသုံးသည့်အပင်အမျိုးအစားဖြစ်ပါသည်။ ငှက်ပျောစိုက်ခင်းတစ်ဟက်တာ (၂.၅ ဧကခန့်)တွင် နိုက်ထရိုဂျင် ၃၈၈ ကီလိုဂရမ်၊ ဖော့စ်ပရပ် ၅၂ ကီလိုဂရမ်၊ ပိုတက်စီယမ် ၁,၄၃၈ ကီလိုဂရမ် စားသုံးသည်ဟု သုတေသနမှတ်တမ်းများအရသိရပါသည်။ (N: P: K) အချိုးအရဆိုလျှင်(၈: ၁: ၂၉) စားသုံးတာကိုတွေ့ရပါသည်။
🔸ထို့ကြောင့်ငှက်ပျောပင်များ ပိုတက်စီယမ်ဓာတ်ထည့်မကျွေးလို့ပိုတက်စီယမ်ချို့တဲ့ရင်ရောဂါအမျိုးမျိုး ဝင်လာပြီးငှက်ပျောခြံပါပြုတ်သွားနိုင်ပါသည်။ ငှက်ပျောရဲ့နောက်ထူးခြားတဲ့အချက်တစ်ချက်က ဆိုဒီယမ်ဓာတ် နှင့် မဂ္ဂနီစီယမ်ဓာတ်အနည်းငယ်စားသုံးမှုရှိခြင်းဖြစ်ပါသည်။ ဆိုဒီယမ်ဓာတ်အတွက် ငှက်ပျောတစ်ပင်မှာ အိမ်သုံးဆားတစ်ဇွန်းကျွေးပေးရန်လိုအပ်ပါသည်။ မဂ္ဂနီစီယမ်ဓာတ်အတွက် ငှက်ပျောတစ်ပင်လျှင် မဂ္ဂနီစီယမ်ဆာလ်ဖိတ် (ဆားခါး) တစ်ဇွန်းကျွေးပေးရပါမည်။
🔸ငှက်ပျောပင်ကို တစ်နှစ်လျှင်မြေဩဇာနှစ်ကြိမ်ကျွေးသင့်ပါသည်။နိုက်ထရိုဂျင်အတွက်ယူရီးယား ကျွေးမည်ဆိုပါက လေလွင့်ဆုံးရှုံးမှုနည်းပါးအောင် အပင်ခြေကိုကြဲပက်မကျွေးပဲ ငှက်ပျောရုံ ပတ်ပတ်လည် နှင့် ငှက်ပျောရုံအလယ်တွင် ၃ လက်မ x ၆လက်မ x ၆လက်မ အရွယ်ကျင်းများတူးပြီး ကျင်းဖောက်ကျွေးပေးသင့်ပါသည်။ ငှက်ပျောပင်စိုက်ပြီးနှစ်လသားတွင်အစာစကျွေးရန်လိုပါသည်။ အစာကျွေးချိန်နောက်ကျလျှင်ငှက်ပျောပင်ကြီးထွားမှုနှေးကွေးပြီး၊ အထွက်နှုန်းနှင့်အရည်အသွေး ကျဆင်းစေပါမည်။ ထို့ပြင်ငှက်ပျောကို ပိုတက်စီယမ်ဓာတ်အစားများသော အခြားသီးနှံများနှင့်သီးညှပ် မစိုက်သင့်ကြောင်း ဂရုပြုရပါမည်။
အောင်ဆန်း
(စိုက်ပျိုးရေး)