menu

သီးနှံများစိုက်ပျိုးချိန်တွင် မျိုးစေ့လူးနယ်ဆေးအသုံးပြုခြင်း၏ အကျိုးကျေးဇူးများ


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

✔️ တောင်သူဦးကြီးတို့၏ သီးနှံစိုက်ခင်းများတွင် သီးနှံပင်များစိုက်ပျိုးပြီးချိန် အပင်ငယ်စဉ် မြေအောင်းပိုးများအမြစ်ကို ကိုက်ဖြတ်ခြင်း၊ ပင်စည်ထိုးယင်ကျရောက်ခြင်း၊ စုပ်စားပိုးများကျရောက်ခြင်းတို့အပြင် မြေဆောင်မှိုကြောင့် အပင်ငယ်များတွင် ခါးရိရောဂါ၊ အမြစ်ဆွေး အမြစ်ပုပ်ရောဂါများဖြစ်ခြင်းတို့ကြောင့် စိုက်ပျိုးပြီးသီးနှံပင်များ တဖြုတ်ဖြုတ်သေကုန်တတ်ပါသည်။ 

✔️ ဤသို့ ရောဂါ၊ ပိုးမွှားများကျရောက်သည်ကို ထိုအချိန်မှ ဆေးဖျန်းကာကွယ်နှိမ်နင်းလို၍မရတော့ပါ။ ထိုကဲ့သို့ မဖြစ်ပေါ်စေရန်ကြိုတင်ကာကွယ်နိုင်မည့်တစ်ခုတည်းသောနည်းလမ်းမှာ သီးနှံစိုက်ပျိုးချိန်တွင် သီးနှံမျိုးစေ့များကို မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုးကြရန်ဖြစ်ပါသည်။ တနည်းအားဖြင့် စိုက်ပျိုးချိန်တွင် သီးနှံမျိုးစေ့များကို မျိုးစေ့လူးနယ်ဆေးနှင့် လူးနယ်စိုက်ပျိုးခြင်းသည်အထိရောက်ဆုံး ဖျက်ပိုး၊ ရောဂါ ကာကွယ်နည်းဖြစ်ပါသည်။ 

✔️ မျိုးစေ့လူးနယ်ဆေးများတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး နှင့် ဟော်မုန်းအားဆေးများ စနစ်တကျပါဝင်ပါသည်။

▶️ သီးနှံများစိုက်ပျိုးချိန်တွင် “မျိုးစေ့လူးနယ်ဆေး” လူးနယ်စိုက်ပျိုးခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများမှာ .....

၁ ။ မျိုးစေ့တိုင်း အပင်ပေါက်၍ အပင်ပေါက်နှုန်းကောင်းခြင်း။

၂ ။ ပေါက်လာသည့်အပင်ငယ်များအပင်ပေါက်ညီညာ၍ လျင်မြန်စွာကြီးထွားပြီး ကျန်းမာသန်စွမ်းခြင်း။

၃ ။ ပင်ခြေပုပ်ရောဂါ၊ ပင်ငယ်သေရောဂါ နှင့် ခါးရိရောဂါများ အပါအဝင် မြေဆောင်မှိုရောဂါများကို ကြိုတင်ကာကွယ်နိုင်ခြင်း။

၄ ။ အပင်ပေါက်ပြီး (၃)ပတ် မှ (၁)လသားအထိ အပင်အသေအပျောက်မရှိခြင်း။

၅ ။ မြေတွင်းအောင်းပိုးများကျရောက်ဖျက်စီးခြင်းကိုကာကွယ်နိုင်ခြင်း။

၆ ။ အပင်ငယ်စဉ် စုပ်စားပိုးများကျရောက်မှုကိုတားဆီးနိုင်သည့်အတွက် ၎င်းတို့သယ်ဆောင်သော ဗိုင်းရပ်စ်ရောဂါများဘေးမှ ကြိုတင်ကာကွယ်နိုင်ခြင်း စသည်တို့ဖြစ်သည်။

✔️ မျိုးစေ့လူးနယ်ဆေးများကို စပါး၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ စသည့်ပဲအမျိုးမျိုး မြေပဲ၊ နှမ်း၊ နေကြာ စသည့်ဆီထွက်သီးနှံပင်များနှင့် ပန်းမန် နှင့် ဟင်းသီးဟင်းရွက်သီးနှံမျိုးစေ့များအတွက် လူးနယ်စိုက်ပျိုးပေးရန်အထူးသင့်တော်သည်။

✔️ ဦးကြီးတို့အတွက်မိမိတို့စိုက်ခင်းများတွင်ကျရောက်တတ်သည့်ဖျက်ပိုး နှင့် ရောဂါများကိုလိုက်၍ မျိုးစေ့လူးနယ်ဆေးများကို ရွေးချယ်အသုံးပြုပေးခြင်းဖြင့် သီးနှံခင်းများအတွင်း ပိုးမွှား၊ ရောဂါများကျရောက်မှုကို ကြိုတင်ကာကွယ်နိုင်ပြီး အပင်ငယ်စဉ်အပင်သေဆုံးမှုနည်း၍ သီးနှံပင်များစိမ်းလန်းသန်စွမ်းမည် ဖြစ်ပါတော့သည်။

🌱စစ်မှန် ပြည့်ဝ ဝိစာရ🌱