menu

“သီးနှံပင်များ ရှင်သန်ကြီးထွားရေးအတွက် အာဟာရဓာတ်များ၏ လုပ်ဆောင်ချက်များ”


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

✅သီးနှံပင်များစိုက်ပျိုးကြရာတွင် မိမိတို့၏ သီးနှံပင်များအတွက် လိုအပ်သောအာဟာရဓာတ်များ နှင့် ထိုအာဟာရဓာတ်များ၏ လုပ်ဆောင်ချက်များကို သိထားသင့်ပြီး လိုအပ်သလိုဖြည့်ဆည်းပေးနိုင်ရန် အရေးကြီးပါသည်။ သို့မှသာ သီးနှံပင်များစိုက်ပျိုးထုတ်လုပ်မှုတွင် အောင်မြင်နိုင်ပါမည်။ ထို့ကြောင့် အာဟာရဓာတ်များ၏လုပ်ဆောင်ချက်များကိုသိရှိပြီး သီးနှံပင်များအတွက် ရွေးချယ်ဖြည့်တင်းပေးနိုင်ပါရန် ဗဟုသုတအဖြစ် တင်ဆက်ပေးလိုက်ပါသည်။

၁။ နိုက်ထရိုဂျင်ဓာတ် ( N )

▪️ အပင်များ၏ရှင်သန်မှုဆိုင်ရာ အဖွဲ့အစည်းများအတွက် အရေးကြီးသောဓာတ်ဖြစ်ပါသည်။ ▪️ ပရိုတင်းတည်ဆောက်ရာတွင် အရေးကြီးသောအခန်းကဏ္ဍတွင် လုပ်ဆောင်ပါသည်။
▪️ အစိမ်းရောင်ခြယ်ပစ္စည်းဖြစ်ပေါ်မှုကို တိုးပွားစေပါသည်။
▪️ အပင်များ၏ အရွက်၊ အခက်အလက်၊ ပင်စည်များ ကြီးထွားမှုကို အားပေးပါသည်။
▪️ အပင်များ၏ အထွက်နှုန်း နှင့် အရည်အသွေးကို တိုးပွားစေပါသည်။

 ၂။ ဖော့စ်ပရပ်စ်ဓာတ် ( P ) 

▪️ အပင်များအတွက်အရေးကြီးသော ဆဲလ်များတည်ဆောက်မှုကို အထောက် အကူပြုပါသည်။ 
▪️ ဆဲလ်ကွဲပွားခြင်း နှင့် ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးပါသည်။ 
▪️ အလင်းမီ အစာချက်လုပ်မှုအတွက် လိုအပ်ပါသည်။ 
▪️ သကြား နှင့် ကစီဓာတ် ဖြစ်ပေါ်မှုအတွက် ကူညီပါသည်။ 
▪️ အပင်များအတွက် လိုအပ်သော စွမ်းအင်များကို ပြောင်းလဲလုပ်ဆောင်ပေးပါသည်။ 
▪️ အမြစ်များကို စောစီးစွာထွက်စေခြင်း၊ ပန်းပွင့်စေခြင်း၊ အစေ့အဆံဖြစ်ပေါ်ပြည့်ဝစေခြင်း အစရှိသည်တို့အတွက် ဆောင်ရွက်ပေးပါသည်။ 

 ၃။ ပိုတက်ဆီယမ်ဓာတ် ( K ) 

▪️ အလင်းမီအစာချက်လုပ်ခြင်း နှင့် အစိမ်းရောင်ခြယ်ပစ္စည်း၏ လုပ်ငန်းဆောင်ရွက်ခြင်းတို့တွင် ကူညီပေးပါသည်။ 
▪️ မြောက်များစွာသော အင်ဇိုင်းများ၏ လုပ်ငန်းစဉ်များတွင် ကူညီပေးပါသည်။ 
▪️ ပရိုတင်းဖြစ်ပေါ်မှုတွင် ပါဝင်ပါသည်။ 
▪️ ဆဲလ်များ၏ အတွင်းပိုင်းဖိအားအတွက် ကူညီဖြေရှင်းပေးသည်။ 
▪️ ရာသီဥတု နှင့် ရောဂါဒဏ်များကို ခံနိုင်ရည်ရှိစေပါသည်။ 
▪️ ရေလိုအပ်မှုကို ထိန်းချုပ်တိုးတက်စေပြီး ရေငတ်ဒဏ် နှင့် အငံဓာတ်လွန်ကဲမှုကို ခံနိုင်စွမ်း တိုးစေပါသည်။ 
▪️ အမြစ်ကြီးထွားမှုအတွက် တိုးတက်စေပြီး အပင်ယိုင်လဲမှုများကို ကာကွယ်ပေးပါသည်။ 
▪️ သီးနှံများ၏ အရည်အသွေးကို တိုးမြှင့်ဆောင်ရွက်ပေးပါသည်။ 

 ၄။ ကယ်ဆီယမ်ဓာတ် ( Ca ) 

▪️ အပင်များ၏ ဆဲလ်နံရံများကို တောင့်တင်းခိုင်မာစေပါသည်။ 
▪️ ဆဲလ်ကွဲပွားခြင်း နှင့် ဆဲလ်ရှည်ထွက်ခြင်းကို ကူညီပေးပါသည်။ 
▪️ အသီးတင်မှုကို ဖြစ်ပေါ်စေပြီး အသီးထိပ်ပုပ်ခြင်းကို ကာကွယ်ပေးပါသည်။ 
▪️ မြေဆီလွှာ အချဉ်ဓာတ်လွန်ကဲမှုကို လျော့နည်းစေပါသည်။ 

 ၅။ ဆာလ်ဖာဓာတ် ( S ) 

▪️ အပင်များအတွက် အရေးကြီးသော ပရိုတင်းဖြစ်စေရန် အမိုင်နိုအက်စစ်ထုတ်လုပ်မှုကို လုပ်ဆောင်ပေးပါသည်။ 
▪️ အစိမ်းရောင်ခြယ်ပစ္စည်း ဖြစ်ပေါ်မှုအတွက် ကူညီပေးပါသည်။ 
▪️ ပဲမျိုးနွယ်ဝင် အပင်များတွင် နိုက်ထရိုဂျင်ကို ဖမ်းယူပေးသော ပဲမြစ်ဖုဖြစ်ပေါ်မှုအတွက် ဆောင်ရွက်ပေးပါသည်။ 
▪️ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ မုံညင်း၊ မုံလာ အစရှိသော သီးနှံများ၏ အနံ့ကို ကောင်းမွန်စေပါသည်။ 
▪️ အချို့အင်ဇိုင်းများ၏ စွမ်းရည်ကို တိုးတက်စေရန် ကူညီပေးပါသည်။ 

 ၆။ မဂ္ဂနီဆီယမ်ဓာတ် ( Mg ) 

▪️ အပင်များအတွက် အစိမ်းရောင်ခြယ်ပစ္စည်း၏ မော်လီကျူးများတွင် ပါဝင်ဖွဲ့စည်းသော ဓာတ်ပစ္စည်းများကို ဖြစ်ပေါ်အားပေးပါသည်။ 
▪️ သကြားဓာတ် နှင့် ကစီဓာတ် ဖြစ်ပေါ်မှုကို ကူညီပေးပါသည်။ 
▪️ ဖော့စ်ပရပ်စ်ဓာတ်ကို ချိတ်ဆက်သယ်ဆောင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါသည်။ 
▪️ အပင်များအတွက် များစွာသော အင်ဇိုင်းများ၏ လုပ်ငန်းတာဝန်များကို ကူညီပေးပါသည်။ 

၇။ ဘိုရွန်ဓာတ် ( B ) 
 
▪️ ဆဲလ်ကွဲပွားခြင်းအတွက် ဆောင်ရွက်ပေးပါသည်။ 
▪️ ကယ်ဆီယမ်ဓာတ်ကို ချိတ်ဆက်သယ်ယူရာတွင် ကူညီပေးပါသည်။ 
▪️ ပရိုတင်းဖြစ်ပေါ်မှုကို အားပေးပါသည်။ 
▪️ ကာဘိုဟိုက်ဒြိတ်ဖြိုခွဲမှုအတွက် ကူညီပေးပါသည်။ 
▪️ ဝတ်မှုန်ကူးမှုကို တိုးတက်ကောင်းမွန်စေပါသည်။ 
▪️ အပွင့် နှင့် အသီး ဖြစ်ပေါ်မှုတို့အတွက် ကူညီဆောင်ရွက်ပေးပါသည်။ 
▪️ အပင်များအတွက် လိုအပ်သော ဟော်မုန်းဖြစ်ပေါ်မှုကို ဆောင်ရွက်ပေးပါသည်။ 

 ၈။ ကော့ပါးဓာတ် ( Cu ) 

▪️ အစိမ်းရောင်ခြယ်ပစ္စည်း ထုတ်လုပ်မှုအတွက် လိုအပ်ပါသည်။ 
▪️ အလင်းမီအစာချက်လုပ်မှုအတွက် ကူညီပေးပါသည်။ 
▪️ အင်ဇိုင်းများ၏ ပရိုတင်းထုတ်လုပ်ခြင်းတွင် ကူညီပေးပါသည်။ 
▪️ အင်ဇိုင်းများ၏ ဖွဲ့စည်းမှုတွင် ပါဝင်ပါသည်။ 
▪️ ဓာတ်တိုးဓာတ်လျော့လုပ်ငန်းစဉ်တွင် ပါဝင်ပါသည်။ 
▪️ အပင်များတွင် ရေရွေ့လျားမှုကို ထိန်းချုုပ်ကူညီပေးပါသည်။ 
▪️ အစေ့ထုတ်လုပ်ခြင်းအတွက် လိုအပ်ပါသည်။ 
▪️ အမြစ်များ ဇီဝဓာတ်ပြုမှုအတွက် ကူညီပေးပါသည်။ 

 ၉။ သံဓာတ် ( Fe ) 

▪️ အရွက်များအတွင်း အောက်စီဂျင်ကို သယ်ယူရာတွင် ဓာတ်ကူပစ္စည်းအဖြစ် ကူညီပေးပါသည်။ 

 ၁၀။ မဂ္ဂနိစ်ဓာတ် ( Mn ) 

▪️ အပင်များ၏ အစိမ်းရောင်ခြယ်ပစ္စည်းထုတ်လုပ်ခြင်း နှင့် အလင်းမီအစာချက်လုပ်ခြင်းအတွက် အရေးကြီးပါသည်။ 
▪️ ဓာတ်တိုးဓာတ်လျော့ လုပ်ငန်းစဉ်များအတွက် ထိန်းညှိပေးပါသည်။ 
▪️ များစွာသော အင်ဇိုင်းများ၏ စွမ်းအင်အတွက် ပါဝင်ပါသည်။ 
▪️ အပင်ကြီးထွားမှုဖြစ်စဉ်တိုင်းတွင် ကော့ပါးဓာတ်၊ သံဓာတ်၊ သွပ်ဓာတ် တို့နှင့်အတူ ပေါင်းစပ်ကူညီပါသည်။ 

၁၁။ မိုလီဒီနမ်ဓာတ် ( Mo ) 

▪️ လေထုထဲမှ နိုက်ထရိုဂျင်ဓာတ်ကို ဖမ်းယူပေးသော ပဲမြစ်ဖုဇီဝဘက်တီးရီးယားအတွက် လိုအပ်ပါသည်။ 
▪️ အင်ဇိုင်းများ ဓာတ်ပြုမှုအတွက် ကူညီပေးပါသည်။

၁၂။ သွပ်ဓာတ် ( Zn ) 

▪️ အစိမ်းရောင်ခြယ်ပစ္စည်း ဖြစ်ပေါ်မှုအတွက် လိုအပ်ပါသည်။ 
▪️ အင်ဇိုင်းများ နှင့် ကြီးထွားဟော်မုန်းများအတွက် ပါဝင်ပါသည်။ 
▪️ အပင်များ ရေစုပ်ယူမှု နှင့် ရေအသုံးပြုမှုကို ထိန်းညှိကူညီပေးပါသည်။

 ၁၃။ ကလိုရင်းဓာတ် ( Cl ) 

▪️ အပင်အတွင်း ရေရွေ့လျားခြင်း နှင့် ရေအသုံးချမှုကို ကူညီဆောင်ရွက်ပေးပါသည်။ 
▪️ Stomata ခေါ် လေရှူပေါက်များ၏ အဖွင့်အပိတ်လုပ်ငန်းစဉ်အတွက် ကူညီပေးပါသည်။ ▪️ အပင်ကြီးထွားမှု နှင့် အပွင့်ဖြစ်ပေါ်မှုကို အားပေးပါသည်။ 

 ၁၄။ ဆီလီကာဓာတ် ( Si ) 

▪️ အပင်အတွက် ပင်စည်ရှည်ထွက်မှုကို တိုးလာစေရန် အထောက်အကူပြုပါသည်။ 
▪️ ရေငတ်ဒဏ်၊ ရေဝပ်ဒဏ်ကို ခံနိုင်ရည်ရှိစေသည်။ 
▪️ အာဟာရစုပ်ယူမှုကောင်းမွန်စေရန် ကူညီသည်။ 
▪️ အချို့ Metal များ၏ လောင်ကျွမ်းခြင်းကို ကာကွယ်ပေးသည်။ 
▪️ စပါးပင်အတွက် မရှိမဖြစ်သော အာဟာရဓာတ်ဖြစ်သည်။ 
▪️ စပါးပင်ကြီးထွားရေးအတွက် လိုအပ်သော အရွက် ပင်စည် နှင့် အမြစ်ပိုင်းဆိုင်ရာ အားလုံးတွင် ဆောင်ရွက်ပေးပါသည်။ 
▪️ စပါးရွက် Cuticle ဖယောင်းလွှာကို ထူစေသောကြောင့် မှိုရောဂါ ၊ ဘက်တီးရီးယားရောဂါ နှင့် အင်းဆက်ပိုးများ၏ ဖျက်ဆီးမှုမှ ကာကွယ်ပေးပါသည်။ 

Ref : Plants & Nutrients