menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"သီးနှံစိုက်ပျိုးရေး နှင့် မီးခိုးမှိုင်းတိုက်ခြင်း"
🥭🍃🍍🍃🍌🍌🍃🍍🍃🥭
✅သီးနှံစိုက်ပျိုးရေးတွင် မီးခိုးမှိုင်းတိုက်မှုလုပ်ငန်းသည် ဥယျာဉ်ခြံသီးနှံပင်များတွင် အပွင့်၊ အသီးများ ထွက်ရန် ကူညီထောက်ပံ့ပေးသည်။ အထူးသဖြင့် သရက်ပင် ပန်းပွင့်ခါနီးအချိန်တွင် ပြုလုပ်ပေးမှု များပြားသည်။ သီဟိုဠ်သရက်ပင်၊ မရန်းပင်များတွင်လည်း လုပ်ကိုင်ကြပါသည်။ သို့သော် အမြဲတမ်း ပြုလုပ်ပေးရမည့်လုပ်ငန်းမဟုတ်ပါ။ လိုအပ်ချိန်တွင် လိုအပ်သလောက်လုပ်ပေးကြရသည်။ သရက်ပင် ပန်းပွင့်ခါနီး တစ်လခန့်အလိုအချိန်သည် မည်သည့်အချိန်ဖြစ်မည်နည်းဆိုသည်ကိုလည်း သိသင့်သည်။ သရက်ပင်၏အရွက်များရင့်ပြီး ကြွပ်ဆတ်မာကြောချိန် အရွက်ကိုလက်နှင့်ခြေကြည့်က သိနိုင်သည်။ မကြာခင် အဖူး၊ အပွင့်များလာတော့မည်ဟုသိနိုင်သည်။သရက်ပင်ပန်းပွင့်မှုသည် ရှုပ်ထွေးသည်။
✅ရာသီဥတု၊ နေရောင်ခြည်ရမှု၊ အပင်အတွင်းပိုင်းထဲ လေဝင်လေထွက်ကောင်းမှုကလည်း သက်ဆိုင် သကဲ့သို့ အပင်တစ်ပင်တည်းမှာပင် ပန်းပွင့်မှုမညီကြ၊ ပန်းဖူးဖြစ်မှုမတူကြ၊ အသီးကြီးမှုမမှန်ကြ၊ နေရောင်ရသောအပိုင်း စောစောပွင့်ကြသည်။ နည်းပညာအရ ယမ်းစိမ်း (ပိုတက်စီယမ်နိုက်ထရိတ်) သုံးပေးလျှင် ပွင့်သီးမှုအားပေးသည်။ အီကွေတာနှင့်နီးသော ဒေသဖြစ်လျှင် ပန်းပွင့်မှုစောသည်။ ဤအချက်များအပြင် ယခုနည်းမှာ သရက်ပင်အောက်ခြေကကြွေကျသော သရက်ရွက်ခြောက်များစုပုံပြီး (သရက်ပင်ကလည်း အရွက်အကြွေများပါသည်) သရက်ရွက်အစိုများ၊ မြက်စို၊ အပင်အခက်အရွက်အစို များနှင့်ရော၍ မီးမွှေးလိုက်လျှင် မီးခိုးအူလာသည်။
✅မီးခိုးမှိုင်းတိုက်ခြင်းသည် အီသလင်းဓာတ်လွှတ်ပေးခြင်းဖြစ်သည်။ အီသလင်းဓာတ်သည် အပွင့်များ စေသည်။ အရွက်ကြွေစေသည်။ အသီးမှည့်စေသည်ကို သရက်ပင်၊ ငှက်ပျောပင်၊ နာနတ်ပင်၊ မရန်းပင်၊ သီဟိုဠ်သရက်ပင်များတွင် တွေ့ကြရသည်။ သခွားစိုက်ခင်းတွင်အီသလင်းဓာတ်ရလျှင် အမပွင့်များ ပွင့်စေသည်။ သရက်စိုက်ပျိုးသူ အများစုသည် သရက်ပင်အောက်က မီးခိုးမှိုင်းတိုက်ပေးလျှင်ပို၍ပွင့်ကြ၊ သီးကြသည်ကိုသိကြသည်။
✅ဆီးပင်လည်း ဆောင်းတွင်းကာလအပင်အောက်၌ မီးလှုံရင်းနှင့် ဤအဖြစ်မျိုးကြုံကြရသည်။ ထင်းမီး ပေးစရာမလို။ ကြွေကျသောအပင်အရွက်ဖြင့်မီးရှို့နိုင်သည်။ သုတေသနလုပ်ငန်းများ လုပ်ကြရာတွင် ဦးတည်ရည်ရွယ်သည်ကတစ်ခု၊ သို့သော် လုပ်ရင်းကိုင်ရင်းနှင့် တွေ့ရှိသွားသည်က တစ်မျိုးဖြစ်နေတတ် သည်။ ဤသည်ကို ဆရာတစ်ဦးက “ခလုတ်တိုက်သုတေသန”ဟု ခေါ်သည်။ ယခုလည်းအမှိုက်ရှင်းလင်း၊ စုပုံမီးရှို့ရာမှ ပိုပွင့်၊ ပိုသီးသည်ကိုသိလာကြသည်။ သိ၍ပြုလုပ်ကြသည်မဟုတ်။ သို့သော်လုပ်နည်းမှန်နေသည်။
✅စိုက်ပျိုးရေးတွင် အပင်များပွင့်သီးစေရန် ဆောင်ရွက်ရသည့် နည်းလမ်းများထဲတွင် မီးခိုးမှိုင်းတိုက်ခြင်း နည်းတစ်နည်းပါရှိနေသည်။ မီးခိုးအူမှိုင်းတိုက်မှုကို နံနက်စောစောပြုလုပ်လျှင် ထိရောက်သည်။ နံနက်စောလေ မီးခိုးများသရက်ပင်ထဲ ကြာကြာခိုအောင်းလေဖြစ်သည်။ နေမြင့်လျှင်လေတိုက်လာ၍ မီးခိုးများအပြင်ရောက်သွားကြသည်။ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့တွင်လည်း သရက်ပင်များအောက်က မီးခိုးမှိုင်းတိုက်ပေးပြီး ပန်းပွင့်အောင်ပြုလုပ်ကြသည်။ တစ်နေရာတည်းက မီးပုံရှို့ခြင်းမဟုတ်ဘဲ အပင်အောက်လေးဖက်လေးတန်မှလှည့်ပတ် မီးခိုးထွက်အောင်မီးပုံရှို့ရသည်။
✅တစ်ချက်ခုတ်နှစ်ချက်ပြတ်အနေဖြင့် သစ်ရွက်ခြောက်များ ရှင်းလင်းပြီး၍ အမှိုက်ထဲတွင် နေထိုင်တတ် သော ပျပိုးနှင့်သီးထိုးယင်ပေါက်ပွားမှုနည်းသည်။ အပင်ရောဂါကျအရွက်များ မီးရှို့ပြီးဖြစ်၍ ရောဂါကျမှုလည်းနည်းပါးသည်။ မုန်လာ၊ မုန်ညင်းစိုက်ခင်းများတွင် အများဆုံးကျရောက်သော စိန်ကွက်ဖလံ ဖျက်ပိုးမှာ မိုးခိုးမှိုင်းတိုက်ပေးခြင်းဖြင့် စိုက်ခင်းထဲက ပိုးများလျော့နည်းသေဆုံးမှုရှိသည်။ ပိုးပျော့၊ ပိုးခန္ဓာငယ်သော ဖျက်ပိုးများကို မီးခိုးဖြင့်နှိမ်နင်းနိုင်သည်။ မီးဖိုမှ ပြာဓာတ်ရ၍အပင်အတွက်လည်း ကောင်းသည်။
✅နှင်းခါးကျသော ရှမ်းပြည်နယ်ကဲ့သို့ ဒေသများတွင် မီးခိုးမှိုင်းတိုက်မီးဖို၍ ကာကွယ်ကြသည်။သဘာဝတွင် မီးခိုးထဲ၌ အပင်ရင့်မှည့်ဟော်မုန်း (အီသလင်း) ပါရှိနေသည်။ ဤဖြစ်စဉ်မှာ လွယ်ကူ၍ ရိုးရှင်းသော နည်းလမ်းတစ်ရပ်ဖြစ်သည်။ သံချေးမှို၊ ကျပ်ခိုးမှိုများလည်း မီးခိုးမှိုင်းကြောင့် ပျက်စီးနိုင်သည်။ မီးခိုးထဲတွင်ပါရှိသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် အပင်အတွက်အရေးကြီးပစ္စည်းဖြစ်သည်။ အစာချက်မှုထောက်ကူမှုပေးသည်။ သို့သော် အလွန်အကျွံတော့မပြုလုပ်သင့်ပါ။ မွန်ပြည်နယ်တွင် ဥယျာဉ်ခြံများသည် မြေကြီးကိုမီးဖုတ်၍ မြေကျက်လုပ်ကြသည်။ မြေလည်းပိုးရောဂါသန့်၍ အပင်လည်း မီးခိုးရနိုင်သည်ကိုတွေ့ရသည်။
Sources : ကိုရဲ(စိုက်ပျိုးရေး)