menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
သီးနှံစိုက်ပျိုးရေးတွင် ရေနုတ်မြောင်းများလုပ်ဆောင်ပါ
🌾🌱🌾🌱🌾🌱🌾🌱🌾🌱🌾
🔸ပူပြင်းမှုလွန်ကဲသောနွေရာသီကာလကုန်ဆုံးလျှင် မိုးရာသီရောက်တော့မည်။ မိုး၏ရှေ့ပြေးအဖြစ် လေပြင်းတိုက်ခတ်မှု၊ မိုးတိမ်တောင်များကြောင့် လေနှင့်အတူမိုးသီးများကျရောက်မှုများဖြစ်ပေါ်တတ် ပါသည်။ မိုးရာသီဝင်လျှင်မုန်တိုင်းလာနိုင်သည်။ မိုးကြီး၍ရေကြီးရေလျှံမှုများလည်းကြုံရတတ်ပါသည်။ ဤသို့ရာသီဥတုဖောက်ပြန်မှုများသည် သီးနှံစိုက်ပျိုးရေးအတွက် အားတက်နိုင်စရာမရှိနိုင်ပါ။
🔸ရေရှားပါးပြီးနေပူရှိန်ပြင်းထန်လျှင် သီးနှံစိုက်ခင်းများဖြစ်ထွန်းအောင်မြင်မှုနည်းပါးသကဲ့သို့ မိုးများစွာ ရွာပြီးရေကြီးရေလျှံလျှင်လည်း သီးနှံစိုက်ပျိုးမှုကို ဂရုပြုလုပ်ဆောင်ကြရပါမည်။ ပုံမှန်မိုးရွာသွန်း၍ မိုးရေရရှိမှုသည် မြေဆီလွှာစွတ်စိုမှုကိန်းအောင်း၍ဖြစ်စေ၊ မြေ၏ဆွဲအားကြောင့်မြေကြီးအောက်ထဲသို့ ရေဓာတ်စိမ့်ဝင်ကျဆင်း၍ဖြစ်စေ၊ အောက်ခံရေပြင်အဖြစ်နှင့်တည်ရှိနေသဖြင့် သီးနှံပင်မှရေရရှိနိုင်သည်။
🔸သို့သော်ပုံမှန်မဟုတ်သော မိုးရွာမှုမှရရှိသည့်မိုးရေအများစုသည်သီးနှံစိုက်ပျိုးရေးအတွက်ကောင်းကျိုး မပေးသဖြင့်စိုက်ခင်းထဲမှရေထုတ်ပစ်ကြရသည်။ မြေနိမ့်ရာသို့ရေပိုရေလျှံများ စီးဆင်းစေခြင်းဖြင့် ရေကြီး ရေလွှမ်းမဖြစ်ရန်ပြုလုပ်ကြရသည်။ မြေပေါ်မြောင်းများဖြင့်လည်းရေထုတ်ကြရပြီး ရေထုတ်မြောင်း (သို့မဟုတ်) ရေနုတ်မြောင်း ဟုခေါ်ကြသည်။
🔸ဆည်ရေလှောင်တမံ မြစ်ရေတင်စသည့်မြေပေါ်ရေပေးမြောင်းစနစ်များတွင်လည်း ရေပေးမြောင်းနှင့် အတူ ရေနုတ်မြောင်းကိုလည်းထားရှိကြရသည်။ ရေဆိုးမြောင်း၊ ရေပိုရေလျှံမြောင်းများ ဖြစ်ကြသည်။ ဆည်မြောင်းလက်တံများ၏အဖျားပိုင်းအဆုံးနေရာများတွင် ရေပိုရေလျှံများစုစည်းထားသည့် ရေအိုင်၊ ချိုင့်ဝှမ်းများရှိကြသည်။
🔸သီးနှံစိုက်ပျိုးရေးအတွက်ဖြစ်စေ၊ ဒေသရေရရှိရေးအတွက်ဖြစ်စေ ရေပေးရန် ရေရရှိရန်ကိုသာ ဦးစားပေး လုပ်ကိုင်ကြလေ့ရှိသည်။ ရေပိုရေလျှံရေထုတ် မြောင်းများ ပြုလုပ်မှုကို အလေးမထား ချန်လှပ်ထားကြသည်က များသည်။ ရာသီဥတုဖောက်ပြန်၍မိုးများလျှင်ရေများသည်။ ရေနုတ်မြောင်းမရှိ၍ရေများစွာမှာ မြို့ရွာများအပေါ်မှဖြစ်စေ၊ ဆက်သွယ်ရေးလမ်းများပေါ်မှဖြစ်စေ၊ သီးနှံစိုက်ခင်းများအတွင်းမှဖြစ်စေ ဖြတ်သန်းစီးဆင်းသွားသဖြင့် ပျက်စီးမှုများကြုံကြရသည်။
🔸ထို့ကြောင့် မိုးသံလေသံမကြားမီကာလမှစ၍ မြင့်ရာမှနိမ့်ရာသို့ ရေစီးဆင်းနိုင်သော ရေနုတ်မြောင်းများ ကြိုတင်ပြုလုပ်ပေးကြရပါမည်။ ဒေသအလိုက်ရေကြီးရေလွှမ်းမှုကြုံတွေ့ဖူးသောနေရာများအလိုက် ရေနုတ်မြောင်းများပြုလုပ်၍ ရေစီးရေလာကောင်းအောင်ဆောင်ရွက်မှသာ ရေကြီးရေလွှမ်းမှုကြောင့် သီးနှံစိုက်ခင်းများပျက်စီးမှုကင်းပါမည်။
🔸စစ်မှန် ပြည့်ဝ ဝိစာရ🔸
Sources : ကိုရဲ (စိုက်ပျိုးရေး)