menu

သီးနှံစိုက်ပျိုးသူများ “ယင်ဖြူ” ဖျက်ပိုးကိုသတိထား

🌿🪰🌿🪰🌿🪰🌿🪰🌿🪰🌿 

မြန်မာအမည် - ယင်ဖြူ 

အင်္ဂလိပ်အမည် - White Fly 

Class – Insecta 

Order – Hemiptera 

Family – Aleyrodidae 

✅ သီးနှံစိုက်ခင်းများတွင် အပင်ဖြစ်ချိန်ကျသောဖျက်ပိုးနှင့် အပွင့်ဝင်ချိန်၊ အသီးတောင့်အစေ့အဆံဖြစ်ချိန်ကျရောက်သော ဖျက်ပိုးတို့များစွာရှိသည်။ ဤသို့သောဖျက်ပိုးများစွာထဲမှ အပင်ဖြစ်ချိန်တွင် အမြောက်အများကျရောက်တတ်သော “ယင်ဖြူ” ကို အထူးသတိထားရမည်။ ယင်ဖြူသည် ပူပြင်းခြောက်သွေ့သောအချိန်တွင် ပို၍တွေ့ရသောဖျက်ပိုးဖြစ်သည်။ နေ့ခင်းနေ့လည်နေပူရှိန် ပူပြင်းလျှင်ပို၍ကျရောက်ပါသည်။ ယင်ဖြူသည် ပဲမျိုးစုံတွင် ကျရောက်မှုများတတ်ပြီး ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အဓိကကျရောက်သော ဖျက်ပိုးအမျိုးအစားမဟုတ်သော်လည်း ဟင်းသီးဟင်းရွက်စိုက်ခင်းမှန်သမျှတွင် ကျယ်ကျယ်ပြန့်ပြန့်ကျရောက်တတ်သည်။ 

✅ ယင်မသည် အကြေးဖြူများရှိနေသည်။ အပင်ကိုလှုပ်ခါကြည့်ပါက အဖြူရောင်ယင်ဖြူများပျံထွက်လာတတ်သည်။ အစာကိုစုပ်စားသည်။ ယင်ဖြူသည် အစာကိုစုပ်စားဖျက်ဆီးပြီး ခန္ဓာကိုယ်ထဲရှိ သယ်ဆောင်နိုင်သော ဗိုင်းရပ်စ်ရောဂါကို အပင်သို့ရောက်ရှိစေပြီး ရောဂါထပ်မံကျစေသည်။ ဥဘဝ ခုနှစ်ရက်၊ အကောင်ဘဝ (၂၈)ရက်နှင့် အကောင်ကြီးဖြစ်ရသဖြင့် (၃၅)ရက်ခန့်ဖြင့် ဘဝတစ်ခုပြန်လည်စတင် ဖြစ်ပွားသည်။ 

✅ ယင်ဖြူ ကို ခရမ်း၊ ရုံးပတီ၊ အခြားဟင်းသီးဟင်းရွက်ပင်များ၊ ချည်မျှင်ရှည်ဝါစိုက်ခင်းများနှင့် ပဲတီစိမ်း၊ ပဲစဉ်းငုံစိုက်ခင်းများတွင် အများဆုံးတွေ့ရသည်။ ယင်ဖြူပွားများမှုသည် မိုးနှောင်းရာသီ၊ ဆောင်းရာသီများ၌များပြားသည်။ ပဲတီစိမ်းတွင် ပန်းပွင့်ပြီးနောက်ပိုင်း၌ တွေ့ရှိရမှုပိုများသည်။ 

✅ ယင်ဖြူကို စိုက်ခင်းထဲ၌ အပင်လှုပ်ခါကြည့်မှု၊ အရွက်၏အောက်ဘက်မျက်နှာပြင်ကို လှန်ပြီးကြည့်မှုဖြင့်တွေ့နိုင်သည်။ ငြိမ်သက်နေထိုင်တတ်သော ဖျက်ပိုးအမျိုးအစားဖြစ်သည်။ ဥကိုလည်းအရွက်၏ အောက်ဘက်တွင် အုသည်။ ထို့ကြောင့် ဥနှင့် ပိုးကောင်ကိုမြင်တွေ့နိုင်မှုနည်းပါးသည်။ အရွက်ကိုလှန်ကြည့်မှ မြင်နိုင်သည်။ ယင်ဖြူအမကောင်သည် သက်တမ်းတစ်လျှောက် တစ်လခန့် အသက်ရှင်ချိန်တွင် ဥပေါင်း ၁၀၀ကျော် အုနိုင်သည်။ ဥအုနိုင်သောအကောင်ကြီးသည် တစ်ပတ်ခန့်ကြာ အသက်ရှင်နေနိုင်သည်။ ပေါက်ဖွားမှုနှုန်းမြန်ဆန်ပြီး ပေါက်ပွားမှုများသည့် ဖျက်ပိုးပင်ဖြစ်သည်။ 

✅ ကာကွယ်မှုအနေဖြင့် မီးခိုးမှိုင်းတိုက်ပေးခြင်းဖြင့် ယင်ဖြူများပျံပြေးကြသည်။ တမာပိုးသတ်ဆေးဖြင့် ဦးစွာနှိမ်နင်းပက်ဖျန်းပါ။ ထို့ပြင် ယင်ဖြူကျရောက်မှုကိုကြိုတင်ကာကွယ်နိုင်ရန် သီးနှံပင်များ (၁၅)ရက်သားခန့်မှစ၍ ဝိစာရ၏ “ကေလာ၊ နိုးဝမ်း” ဆေးတစ်မျိုးမျိုးဖြင့် ကြိုတင်ပက်ဖျန်းပေးခြင်း (သို့မဟုတ်) ယင်ဖြူကျရောက်သည်ကို စတင်တွေ့ရှိသည်နှင့် “ကေလာ၊ နိုးဝမ်း” ဆေးများဖြင့် (၅-၇)ရက်ခြားတစ်ကြိမ်ခန့် ပက်ဖျန်းနှိမ်နင်းပေးရပါမည်။ 

✅ “ယင်ဖြူ”ကို ရာသီဥတုဖြစ်ပေါ်ပြောင်းလဲမှုမြန်ဆန်သော ဥတုရာသီဖောက်ပြန်သည့် အချိန်ကာလမျိုးတွင် ပိုမိုဂရုပြုရသည်။ “ယင်ဖြူ” သည် နေ့ပူ၍ ညဘက်အေးချမ်းသော ဆောင်းရာသီကာလမျိုးနှင့် နေ့နှင့်ညအပူချိန် ပြောင်းလဲမှုကွာခြားသောဒေသမျိုးများတွင် ပိုမို၍ဂရုပြုသင့်သော ဖျက်ပိုးအမျိုးအစားဖြစ်ပါကြောင်း ဗဟုသုတအဖြစ်ရေးသားတင်ပြလိုက်ပါသည်။ 

🌿စစ်မှန် ပြည့်ဝ ဝိစာရ🌿 

Sources : စိုက်ပျိုးရေးရာအကြံပြုချက်များ