menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ဘိုကိတ်ပဲ စိုက်ပျိုးနည်း”
🌿🫘🌿🫘🌿🫘🌿🫘🌿🫘🌿
🌿မူရင်းဒေသ🌿
ဘိုကိတ်ပဲ၏ မူရင်းဇာတိမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပါသည်။ ၎င်း ဘိုကိတ်ပဲမျိုးကို မြန်မာနိုင်ငံသို့ ယူဆောင်လာသူမှာ မစ္စတာဘရေတွန်ကေ့စ် (Mr Brayton Case) ဆိုသူပင်ဖြစ်ပါသည်။
🫘ဘိုကိတ်ပဲ အမည်ဖြစ်ပေါ်လာပုံ🫘
မစ္စတာကေ့စ်က အသားဖြူဖြူ၊ မျက်လုံးပြာပြာ၊ နှာခေါင်းက ချွန်ချွန်ရှည်ရှည်၊ အရပ်မြင့်မြင့် ဖြစ်ပါသည်။ အရင်အင်္ဂလိပ်ခေတ်က ထိုကဲ့သို့ရုပ်ရှည်ရှိတဲ့သူတွေကို "ဘို" ဟု ခေါ်ဝေါ်ကြပြီး သူ့အမည် Case (ကေ့စ်)ကိုလည်း မြန်မာတို့နားထဲတွင် "ကိတ်" လို့ပဲ ကြားပုံရပါသည်။ သူတင်သွင်းလာပီး စိုက်ပျိုးဖြန့်ဖြူးခဲ့တဲ့ ပဲကို "ဘိုကိတ်ပဲ" လို့ ခေါ်ရာကအစ ယနေ့တိုင် မြန်မာတဝှမ်းလုံးက "ဘိုကိတ်ပဲ"လို့ ခေါ်ကြပြီး မြန်မာနိုင်ငံအနှံ့အပြားမှာ ယခုထိ စိုက်ပျိုးနေကြဆဲဖြစ်သည် ဟု ဆိုကြပါသည်။
🌿ရာသီဥတု🌿
စိုစွတ်တဲ့မိုးရာသီမှာ စိုက်တာများပြီး ခြောက်သွေ့တဲ့ နွေရာသီမှာလည်း ရေသွင်းစိုက်လေ့ရှိကြပါသည်။ အလွန်အေးပြီး နှင်းကျတဲ့ရာသီဥတုကိုတော့ နှစ်သက်လေ့မရှိပါ။
🫘မြေအမျိုးအစား🫘
ရေစီးဆင်းမှုကောင်းပြီး မြေအချဥ်ငံဓာတ် (၆.၅ - ၇) လောက် ရှိတဲ့ နုန်းမြေ၊ သဲနုန်းမြေတွေက အသင့်တော်ဆုံးမြေဖြစ်ပါတယ်။ ၎င်းမြေများသည် ရေမြုပ်ခြင်းကိုလည်း ရှောင်လွဲပေးနိုင်ပါသည်။
🌿စိုက်ပျိုးချိန်🌿
အများအားဖြင့် ဧပြီလ မှ အောက်တိုဘာလ အစောပိုင်းလောက်အထိ စိုက်ပျိုးကြပါသည်။
🫘မြေပြုပြင်ခြင်း🫘
မစိုက်ခင်မှာမြေကို ထယ်ထိုး၊ ထွန်မွှေပြီး ရိုးပြတ်တွေနဲ့ အမှိုက်မှန်သမျှကို ရှင်းလင်းပေးပါ။ သို့မှသာ ပေါင်းမြက်ပေါက်ရောက်မှုကို အနည်းဆုံးအနေအထားထိ လျော့ချနိုင်မှာလည်းဖြစ်ပါသည်။
🌿မြေဩဇာထည့်ခြင်း🌿
ဘိုကိတ်ပဲသည် ကိုယ်တိုင်နိုက်ထရိုဂျင်ထုတ်ပေးသော သီးနှံမျိုးဖြစ်သည်။ တစ်ဧကအတွက် နွားချေး (၇)စီး၊ ပုလဲ(၇) ပြည်၊ ပိုတက် (၁၂)ပြည်၊ တီစူပါ(၂၂) ပြည်ကို မြေခံအဖြစ်ထည့်ပေးရပါမည်။
🫘စိုက်ပျိုးခြင်း🫘
▪️ မစိုက်ခင်မှာ မျိုးစေ့များကို မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်ထားပေးပါ။
▪️ တစ်ဧကလျှင် မျိုးစေ့နှုန်းထား (၆-၈) ပြည်နှုန်း အသုံးပြုပေးရပါမည်။
▪️ စိုက်ပျိုးရာတွင် တိုက်ရိုက်အစေ့ချစိုက်လေ့ရှိပြီး ကျင်းအနက် တစ်လက်မလောက် တစ်ကျင်းကို (၂) စေ့နှုန်းနှင့် စိုက်ပါ။ တစ်ကျင်းနဲ့တစ်ကျင်း အကွာအဝေးကို (၆) လက်မခြားပေးပြီး တန်းကြားကို (၁၂) လက်မခန့်ထားပေးရပါမည်။
🌿ရေသွင်းပေးခြင်း🌿
မိုးရာသီမှာစိုက်လျှင် ရေသွင်းရန်မလိုသော်လည်း နွေရာသီမှာစိုက်လျှင် ရေသွင်းပေးရန်လိုအပ်ပါသည်။ အထူးသဖြင့် အပင်ပေါက်ချိန်နှင့် အစေ့ဆံတည်ချိန်တွေမှာ ရေလိုအပ်ပါသည်။ Sprinkler နည်းနဲ့ ရေပေးမည်ဆိုလျှင် တစ်နေ့ကို (၂-၄) နာရီလောက်ရေပေးပေးပါ။
🫘ပေါင်းမြက်ရှင်းခြင်းနှင့် ကျရာက်တတ်သောပိုးမွှားရောဂါများ🫘
▪️ ပဲသက်တမ်းတစ်လျှောက်လုံးမှာ (၂-၃) ကြိမ် ကြားပေါင်းလိုက်ပေးရန် လိုအပ်ပါသည်။
▪️ အဓိကကျရောက်တတ်သည့်ပိုးမှာ လှေးပိုးနှင့် သီးလုံးဖောက်ပိုးဖြစ်ပြီး ပျ၊ ယင်ဖြူ နှင့် အဝါရောင် မိုစေ့ဗိုင်းရပ်စ်ရောဂါလည်း ကျရောက်တတ်ပါသည်။ ထိုသို့ဖျက်ပိုး နှင့် ရောဂါကျရောက်မှုကို ကာကွယ်နိုင်ရန် ပဲပင်(၁၅)ရက်သားကျော်လျှင် ဝိစာရ၏ “နိုးဝမ်း၊ ကေလာ၊ အီမာလန်ဒါ၊ ပရိုဆင့်” ဆေးများကို ဆေးညွှန်းပါအတိုင်း ရွေးချယ်အသုံးပြုပေးရပါမည်။
🌿ခူးဆွတ်ရိတ်သိမ်းခြင်း🌿
ပျမ်းမျှအားဖြင့် စိုက်ပြီး ရက်ပေါင်း(၉၀-၁၂၀)ခန့် အကြာတွင် ခူးဆွတ်ကြပါသည်။ (သို့မဟုတ်) သီးထောင့်၏ ၉၅ % ဝါညိုရောင်ပြောင်းလာသည့်အချိန်တွင် ခူးဆွတ်ကြပါသည်။
Sources : စိုက်ပျိုးရေးဦးစီးဌာန