menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ကိုက်လန်ပင် စိုက်ပျိုးနည်း
🥬🥬🥬🥬🥬🥬🥬🥬🥬🥬
မြန်မာအမည် - ကိုက်လန်
အင်္ဂလိပ်အမည် - Chinese Kale
နိဒါန်း
-----
ကိုက်လန်ပင်တွင် အာဟာရဓာတ်အမျိုးပေါင်းစုံပါဝင်ပြီး ၎င်းတို့မှ ဗိုက်တာမင်ကေ ဓာတ်သည် ကင်ဆာရောဂါအမျိုးမျိုးကိုကာကွယ်ပေးနိုင်ပါသည်။ ကိုက်လန်ကို အရွက်စားကိုက်လန်၊ အဖူးစားကိုက်လန် စသဖြင့် ရောင်းချကြပါသည်။
ကိုက်လန်ပင်၏ သဘာဝ
----------------------
ကိုက်လန်ပင်သည် အအေးကြိုက်တဲ့ သီးနှံပင်တစ်မျိုးဖြစ်ပြီး အပင်အမြင့် တစ်ပေကနေ တစ်ပေခွဲ လောက်အထိရှိပြီး အကိုင်းအခက်တွေဟာ (၃)ပေလောက်အထိ ပြန့်ကားပါသည်။ အပင်သက်တမ်း ကတော့ (၂)နှစ်လောက်အထိခံပေမယ့် နှစ်ချင်းစားသုံးလို့ရပါတယ်။ကိုက်လန်ကိုတော့ အရွက်တွန့် လိမ်နေတဲ့ ပုံစံတွေအပြင် ချောမောညီညာတဲ့ အရွက်ပုံစံကိုတွေ့ရမှာဖြစ်သလို. ခရမ်းရောင်ရှိတဲ့ အရွက်မျိုးကိုလည်း တွေ့နိုင်ပါသည်။ ကိုက်လန်ပင်ရဲ့အနံ့အရောင်တွေဟာ ရာသီဥတု အေးမြလေ ကောင်းလေဖြစ်ပါသည်။ ကိုက်လန်ပင်ကို တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပြီး ဆောင်းရာသီနှောင်းပိုင်းနဲ့ မိုးရာသီနှောင်းပိုင်းတွေမှာ စိုက်ပျိုးကြတာများပါတယ်။ ပြင်ဦးလွင်ဒေသမှာစိုက်ပျိုးတဲ့ ကိုက်လန်တွေထဲမှာ မိုးမျိုးဟာအရွက်ရှည်ပြီး ဆောင်းမျိုးဟာ အရွက်ဝိုင်းပါတယ်။ ဆောင်းမျိုးက အပင်နိမ့်လို့ရပြီး မိုးမျိုးဟာ အပင်မြင့်မှရတာဖြစ်ပါ တယ်။ အပင်နိမ့်ရင် အရွက်တွေဟာရေနဲ့ထိပြီး ပုပ်သွားတတ်ပါတယ်။ မိုးမှာစိုက်တဲ့ ကိုက်လန်ဟာ ဆောင်းတွင်းမှာစိုက်တဲ့ ကိုက်လန်ပင်ထက် စျေးပိုရလေ့ရှိပါတယ်။ မိုးတွင်းဖြစ်တဲ့အတွက် နေရာတိုင်း မှာ စိုက်ပျိုးလို့ မရတဲ့အချက်ဟာ စျေးပိုရစေတာ ဖြစ်ပါတယ်။
ပျိုးခင်းပြင်ဆင်ခြင်း နှင့် စိုက်ပျိုးခြင်း
--------------------------------
ကိုက်လန်စပြီးစိုက်ပျိုးတော့မယ်ဆိုရင် ပျိုးခင်းလုပ်ဖို့အတွက် ဦးဆုံးပြင်ရမှာဖြစ်ပါတယ်။ ပျိုးခင်းကို (၁-၂)လက်မလောက်မြေဆွေးဖုံးပြီး မျိုးစေ့တွေကို လက်မဝက်အနက်နဲ့ တစ်စေ့နဲ့တစ်စေ့ကိုတစ်လက်မခြား စိုက်ပျိုးရပါတယ်။ ပျိုးပင်ပေါက်တွေကို တစ်ပင်နဲ့တစ်ပင် (၆)လက်မခြားပြီး၊ စိုက်တန်း တစ်ခုနဲ့တစ်ခု ကြား (၂-၃)ပေခွာထားရပါတယ်။ ပျိုးပင်တွေအမြစ်စွဲတဲ့အခါ (၁၅-၂၀)ရက်အကြာ အတန်းတွင်းမှာ တစ်ပင်နဲ့တစ်ပင် (၆)လက်မ မခြားပဲ တစ်ပေကွာအောင် မလိုအပ်တဲ့အပင်တွေကို နုတ်ပစ်ရမှာ ဖြစ်ပါတယ်။ အပင်တွေ (၄)လက်မအမြင့်ရှိလာတဲ့အခါ နိုက်ထရိုဂျင်များတဲ့ ဓာတ်မြေသြဇာအရည်ပက်ဖျန်း ပေးရပါတယ်။ မြေကြီးကို ကောက်ရိုး၊သစ်ဆွေး စတာတွေနဲ့ ဖုံးအုပ်ပေးခြင်းအားဖြင့် မြေအစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့အပြင် ပေါင်းမြက်တွေကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် မြေကြီးကိုလည်း အေးမြစေပါတယ်။
စတင်ဆွတ်ခူးခြင်း
----------------
အရွက်နုတွေကို စိုက်ပြီး (၁)လလောက်ကြာတဲ့အခါ စတင်ခူးဆွတ်လို့ရနိုင်ပြီဖြစ်ပါတယ်။ အရွက်ရင့်ကို စားချင်ရင်တော့ (၁)လခွဲ (၂)လလောက်ထိ ထားပေးရမှာဖြစ်ပါတယ်။ ရာသီဥတုအေးပြီးတော့ အရွက်ရင့် လာလေလေ အချိုဓာတ်များလာလေလေဖြစ်ပါတယ်။ ကိုက်လန်ပင်ဟာ တစ်ပင်စိုက်ထားမယ်ဆိုရင် (၄-၅)ခါလောက် အရွက်ကို ခူးယူနိုင်ပါတယ်။ ရေရှည်ထားချင်ရင်တော့ အပင်ရဲ့အရွက်ရင့်တွေကိုပဲ ခူးယူပြီး အလယ်မှာရှိတဲ့အရွက်နုတွေကို ချန်ထားရပါတယ်။ ဒါကြောင့် ကိုက်လန်ပင်ဟာ ရာသီပေါ် သီးနှံပင်ဆို ပေမယ့်လည်း စိုက်ပျိုးတောင်သူတွေအတွက် တွက်ချေကိုက်တဲ့ သီးနှံတစ်မျိုးလည်းဖြစ်ပါတယ်။ ကိုက်လန်ပင်ကို အကြမ်းအားဖြင့် စစိုက်တဲ့အချိန်ကနေ (၂)လခွဲလောက်ဆိုရင် ရောင်းတန်းဝင်တဲ့ အရွက်တွေရနိုင်မှာဖြစ်ပါတယ်။ အရွက်ခူးနိုင်တဲ့ ကာလကတော့ မိမိရဲ့ပြုစုမှုပေါ်မူတည်ပြီး (၃)လလောက်ထိ ရှိပါတယ်။ ဒါကြောင့် ကိုက်လန်သက်တမ်း ဟာ (၅)လခွဲလောက်အထိရှိနိုင်ပါတယ်။
မျိုးစေ့သိုလှောင်ခြင်း
------------------
ကိုက်လန်ပင်ကို မျိုးအဖြစ်ထားဖို့ ရည်ရွယ်မယ်ဆိုရင်တော့ ရောဂါကင်းစင်ပြီး ကျန်းမာသန်စွမ်းသည့် အပင်ကို မှတ်သားထားပါ။ အပင်ရင့်အောင်ထားပြီး ရလာတဲ့မျိုးစေ့ကို ရယူပြီးရင် နေ(၂)ရက်လောက် လှမ်းထားပေးပါ။ ပြီးရင်အအေးခံပြီး လေလုံအောင် ပုလင်းထဲမှာထည့်၍သိမ်းဆည်းရပါတယ်။
Sources : စိုက်ပျိုးရေးနည်းပညာ