menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ကြက်သွန် ဒေါင်းနီးရွက်ခြောက်ရောဂါ ကာကွယ်နှိမ်နင်းပါ”
“ကြက်သွန် ဒေါင်းနီးရွက်ခြောက်ရောဂါ ကာကွယ်နှိမ်နင်းပါ”
🎋🧅🧄🎋🎋🧅🧄🎋🎋🧅🧄🎋
🔘မြန်မာနိုင်ငံမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှစ်ရပ်ပေါင်း ဟက်တာ ၁ ဒသမ ဝ၇ သိန်းကျော် စိုက်ပျိုးလျက်ရှိပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူဟာ မြန်မာ့စားဖိုဆောင်တွင် မရှိမဖြစ် အရေးပါတဲ့သီးနှံ ဖြစ်ပါတယ်။ တစ်ခါတရံ ကြက်သွန်နီကို ပြည်ပတင်ပို့တာလည်း ရှိပါတယ်။
🔘ကြက်သွန်နီ၊ ကြက်သွန်ဖြူကို အညာဒေသ ပဲခူးတိုင်းအထက်မှစ၍ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းဒေသတွေမှာ စီးပွား ဖြစ် စိုက်ပျိုးတာတွေ့ရပါတယ်။ မနှစ်က အညာဒေသ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ စိုက်ခင်းတွေမှာ ဒေါင်းနီးမှိုရောဂါနဲ့ တောက်တဲ့မီးရောဂါ ကျရောက်ဖျက်ဆီးခံရတဲ့အတွက် ဆုံးရှုံးမှုများတာကို တွေ့ရပါတယ်။ဒေါင်းနီးမှိုရောဂါဟာ ကြက်သွန်နီစိုက်ခင်းမှာ ဆောင်းရာသီရော၊ မိုးရာသီပါ ကျရောက်နိုင်ပါတယ်။ ဒီမှို ရောဂါဟာ မျိုးစေ့ဆောင်၊ မြေဆောင်ရောဂါဖြစ်ပါတယ်။
🔘ပတ်ဝန်းကျင်ရာသီဥတုအေးမြပြီး စွတ်စိုထိုင်းမှိုင်းနေရင် ရောဂါဖြစ်ပွားမှု ပိုပြင်းထန်စေပါတယ်။ ရောဂါဖြစ်စေ မှိုဟာ အပင်အစိတ်အပိုင်း များနဲ့ မြေဆီလွှာအတွင်းမှာ ခိုအောင်းနေ ကြပါတယ်။ နားနေတဲ့ မှိုစပိုးများဟာ မြေ ဆီလွှာအတွင်းမှာ (၄-၅)နှစ်ထိ အသက်ရှင်ခိုအောင်းနေနိုင်ပါတယ်။ ဤသို့ ခိုအောင်း နေရင်း ကြက်သွန်နီစိုက်ပျိုးလိုက်သော အခါ ရာသီဥတုအခြေအနေပေးပါက အပင်အစိတ်အပိုင်းများနဲ့ မြေဆီလွှာအတွင်း ခို အောင်းနေရာမှ မှိုစပိုးအစုအဝေးကို ထုတ်လုပ်ပြီး ကြက်သွန်ပင်ဆီသို့ ဝင်ရောက် ခြေကုတ်ယူပါတယ်။ တဖန်မှိုစပိုးများဟာ လေဖြင့် လွင့်ပါပြီး တစ်ပင်မှ တစ်ပင်မှ သည် ကြက်သွန်နီတစ်ခင်းလုံးဆီသို့ ကူး စက်ပျံ့နှံ့ပါတယ်။
🔘ရေသွင်းခြင်း ပြုလုပ်ပါက သွင်းရေနဲ့အတူ မှိုစပိုးများ ပါသွားပြီးလည်းကူးစက်ပျံ့နှံ့ပါတယ်။ ဒေါင်းနီမှိုရောဂါဟာကြက်သွန်နီအပြင် ကြက်သွန်ဖြူနဲ့ ကြက်သွန်မျိုးရင်းဝင် အပင်များမှာလည်း ကျရောက် ဖျက်ဆီးနိုင်ပါတယ်။ ကြက်သွန်နီပင်ပေါ်သို့ ဒေါင်းနီမှိုရောဂါကျပြီဆိုရင် တွေ့မြင်ရတဲ့ လက္ခဏာတွေကတော့ အရွက်တစ်ခုလုံး ရွက်ပြောက်ဖြစ်ပြီး ခြောက်သွားပါတယ်။ အရွက်ထိပ်များမှ စတင်၍ အောက်ဖက်သို့ ဘဲဥပုံရှိ စိမ်းဝါဖျော့ရောင်(သို့) မီးခိုးရောင်အကွက်ကြီးများ ဖြစ်ပေါ်လာပါတယ်။ အရွက်ထိပ်ဖျားမှ အရောင်ဖြူပြီး လိမ်ကောက်၍ အောက်သို့ ငိုက်ကျလာပါတယ်။
🔘အဆိုပါလက္ခဏာမှာ အရွက်ရင့်များမှာ စတင်ဖြစ်ပေါ်လေ့ရှိပါတယ်။ အကွက် ရှည်များထဲမှာ မီးခိုးပြာ (သို့) ခရမ်းမှိုင်း ရောင် မှိုအစုအဝေးကို တွေ့နိုင်ပါတယ်။ ၄င်းနောက် အဆိုပါနေရာများမှာ ဖြူ၍ ခြောက်သွေ့သွားပါတယ်။ သိုလှောင်ထားတဲ့ ကြက်သွန်နီဥများတွင် ဒေါင်းနီမှိုရောဂါကျရောက်ခံရပါက ပုပ်၍ ရှုံ့တွသွားပါတယ်။ အပြင်ဘက်ရွက်ဖတ်များမှာ အရောင်ပြယ်ပြီး အရွယ်မရောက်မီအညှောက် ထွက်နိုင်ပါတယ်။ဒေါင်းနီမှိုရောဂါကျရောက်မှု ပြင်းထန်ပါက ခင်းလုံးကျွတ်ဆုံးရှုံးနိုင်ပါတယ်။
🔘ဒီရောဂါကို ကာကွယ်နှိမ်နင်းဖို့ကတော့ .....
(က) ကြိုတင်ကာကွယ်ခြင်း
၁။ ရောဂါကင်းသော မျိုးစေ့နဲ့ ပျိုးပင်ကိုသာ အသုံးပြုပါ။
၂။ ရေသွင်းရေထုတ်ညံ့သော မြေမှာ ကြက်သွန်မစိုက်ပါနဲ့။
၃။ ရောဂါကျသော ကြက်သွန်ခင်းအား နုတ်သိမ်းပြီးပါက ကြွင်းကျန်သော အပင်အစိတ်အပိုင်းများကို မီးရှို့ပါ။ နုတ်သိမ်းပြီး မြေကို ထယ်ထိုးမြေလှန်ထားပါ။
၄။ စိုက်ခင်းအတွင်း မစိုက်မီ ပေါင်း မြက်ရှင်းလင်းပါ။ စိုက်ခင်းပတ်ဝန်းကျင် ကန်သင်းများရှိ ပေါင်းမြက်နဲ့ ကြက်သွန် မျိုးရင်းဝင် အပင်များကို သုတ်သင်၍ မီးရှို့ပါ။
၅။ စိုက်ခင်းကိုဖြတ်၍ ရေသွင်းခြင်းကို ရှောင်ပါ။
၆။ မျိုးစေ့ (သို့) ပျိုးပင်ကို မစိုက်ပျိုးမီမှိုသတ်ဆေး တစ်မျိုးမျိုးနဲ့ ဆေးစီရင်ပြီးမှ စိုက်ပါ။
(ခ) နှိမ်နင်းခြင်း
ကြက်သွန်စိုက်ခင်းကို မျက်ခြေမပြတ်ကြည့်၍ ကြက်သွန်ဒေါင်းနီးရွက်ခြောက် ရောဂါကျရောက်ပါက ရေ(၂၀)လီတာဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင်စူပါမော့ (၂၀)ဂရမ်နှုန်း (သို့မဟုတ်)ဆိုင်မို-ဇက်(၅၀-၈၀) ဂရမ်နှုန်း ဖျော်စပ်ပက်ဖျန်းပါ။
💢စစ်မှန် ပြည့်ဝ ဝိစာရ💢
Sources : အောင်ဆန်း(စိုက်ပျိုးရေး)