menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ကြက်သွန်ဖြူ စိုက်ပျိုးနည်း
🎋🧄🎋🧄🎋🧄🎋🧄🎋🧄🎋
မြန်မာအမည် - ကြက်သွန်ဖြူ
အင်္ဂလိပ်အမည် - Garlic
ရုက္ခဗေဒအမည် - Allium sativum
မျိုးရင်းအမည် - AMARYLLIDACEAE
၁ ။ မူရင်းဒေသ
ကြက်သွန်ဖြူ၏မွန်ရင်းဒေသမှာ အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း၊ တရုတ်နိုင်ငံတောင်ပိုင်း၊ အာဖဂန်နစ္စတန်နိုင်ငံတို့ ဖြစ်ပါသည်။
၂ ။ ရေမြေနှင့် ရာသီဥတု
ကြက်သွန်ဖြူသည် ရေအလွန်လိုအပ်သော သီးနှံဖြစ်သည်။ ထို့ကြောင့်အစိုဓာတ်ရှိသော မြေမျိုးဖြစ်ပါက မြေအတော်များများတွင် စိုက်ပျိုးနိုင်ပါသည်။ မြေဩဇာ နှင့် အစိုဓာတ်လုံလောက်စွာပေးရန်လိုအပ်ပါ သည်။ pH (၅.၅ - ၆) ရှိသောမြေမျိုးကိုနှစ်သက်ပါသည်။ မြေအချဉ်အငံဓာတ် မြင့်မားသောမြေမျိုးကို ကြိုက်နှစ်သက်မှု မရှိပါ။ အပူအအေးသင့်တင့်သော ရာသီဥတုမျိုးကို ကြိုက်နှစ်သက်ပါသည်။ သာမန်အားဖြင့် အောက်တိုဘာ၊ နိုဝင်ဘာလလယ်လောက်တွင် စိုက်ပျိုးလေ့ရှိကြပါသည်။ နေ့တာရှည်ခြင်းသည် ဥဖြစ်ပေါ်မှုကို အားပေးသည်။ အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အသင့်တော်ဆုံးအပူချိန်မှာ(၁၈ - ၂၀) ဒီဂရီစင်တီဂရိတ်တွင် ဖြစ်ထွန်းပြီး ဥမှအညှောက်ပေါက်ရန်အတွက် (၂၂ - ၂၃) ဒီဂရီစင်တီဂရိတ် မြေတွင်းအပူချိန်လိုအပ်ပါသည်။ (၂၇) ဒီဂရီစင်တီဂရိတ်ထက်မြင့်ပါက အပင်ကြီးထွားမှုညံ့စေပါသည်။
၃ ။ လက်ရှိစိုက်ပျိုးလျှက်ရှိသောမျိုးများ
(က) ရှမ်းပြည်မြောက်ပိုင်းဒေသများတွင်အများဆုံးစိုက်ပျိုးကြသည့် ဒေသအခေါ် အခွံအနီမျိုးဖြစ်သည်။ ကြက်သွန်ဖြူဥ အရွယ်အစားမှာ အမွှာပိုကြီးပြီး အခွံအနီရောင်မျိုးဖြစ်ပါသည်။
(ခ) ရှမ်းပြည်တောင်ပိုင်းဒေသများတွင်အများဆုံးစိုက်ပျိုးကြသည့် ရှမ်းတောင်မျိုး ဖြစ်ပါသည်။ ကြက်သွန်ဖြူဥ အရွယ်အစားမှာ အနည်းငယ်အမွှာသေးပြီး အခွံအဖြူရောင်မျိုးဖြစ်ပါသည်။
၄ ။ မျိုးစေ့နှုန်း
တစ်ဧကလျှင် ကြက်သွန်ဖြူဥ ပိဿာ (၂၅၀ - ၃၀၀) ခန့်လိုအပ်ပါသည်။
၅ ။ မြေဩဇာနှုန်းထား
စိုက်ပျိုးသောမြေအခြေအနေပေါ်မူတည်၍ မြေဩဇာနှုန်းထားကွာခြားပါသည်။ တစ်ဧကအတွက် လိုအပ်သော မြေဩဇာမှာ နွားချေး(၅-၁၀)တန်၊ ယူရီးယား (၂၂၄)ပေါင်၊ တီစူပါ(၂၂၄)ပေါင်၊ ပိုတက်ရှ် (၁၁၂)ပေါင် ဖြစ်ပါသည်။ တီစူပါနှင့် ပိုတက်ရှ်ကို နွားချေးနှင့်အတူ မြေပြင်ချိန်တွင် ထည့်ပေးရပါမည်။ ယူရီးယားကို စိုက်ပြီး(၂)ပတ်သားအရွယ်မှစ၍ အပင်(၂)လသားအရွယ်အထိ (၄)ကြိမ်ခွဲ၍ထည့်ပေးရပါမည်။
၆ ။ မြေပြုပြင်ခြင်း
မြေပြုပြင်ချိန်တွင် ပေါင်းနှိမ်နင်းရန်အတွက် ထယ်တစ်စပ်ထိုးပြီးထွန်ရေးညက်အောင် ကြမ်းတုံးရိုက်၍ ဘောင်ဖေါ်စိုက်ပျိုးလေ့ရှိပါသည်။
၇ ။ စိုက်ပျိုးခြင်း
ဘောင်အမြင့်(၈)လက်မ၊ အကျယ်(၃)ပေခန့်ထားပေး၍ ဘောင်ဖေါ်စိုက်ပျိုးလေ့ရှိသည်။ ဘောင်ပေါ်တွင် တစ်ပင်နှင့်တစ်ပင် (၂)လက်မ၊ တစ်တန်းနှင့်တစ်တန်း(၄)လက်မ ခွာ၍စိုက်ပျိုးရပါသည်။
၈ ။ အပင်ပြုစုခြင်း
ကြက်သွန်ဖြူအောင်မြင်ဖြစ်ထွန်းရန်အတွက် ပေါင်းနှိမ်နင်းခြင်းလုပ်ငန်းသည်အထူးအရေးကြီးပါသည်။ စိုက်ပြီးတစ်ပတ်အကြာမှစတင်၍ တစ်ပတ်တစ်ကြိမ်ပေါင်းနှိမ်နင်းပေးရန်လိုပါသည်။ အပင်(၂)လသား အရွယ်အထိ ပေါင်းနှိမ်နင်းခြင်းကို ဂရုစိုက်၍ပြုလုပ်ပေးရပါမည်။ ပေါင်းလိုက်ပြီးတိုင်းရေသွင်း၍ ပုလဲ ဓာတ်မြေဩဇာကို ထည့်သွင်းပေးရပါမည်။ မြေအလွန်ကြပ်နေပါက နွားချေးမြေဆွေးထပ်မံထည့်ပေးရပါမည်။
၉ ။ ရေသွင်းခြင်း
သာမန်အားဖြင့် တစ်ပတ်လျှင်တစ်ကြိမ်ပေးသွင်းရပါမည်။ ရာသီဥတုပူပြင်းပါက (၄-၅)ရက် တစ်ကြိမ် ရေပေးသွင်းရမည်။ အပင်(၂)လသား အပင်အမြင့်(၁.၅)ပေ ရှိချိန်တွင် ရေသွင်းခြင်းကိုလုံးဝရပ်လိုက်ရပါမည်။
၁၀ ။ ပိုးမွှား ရောဂါ ကာကွယ်ခြင်း
ကြက်သွန်ဖြူတွင် လှေးပိုး နှင့် ပျပိုးများကျရောက်တတ်ပြီး အေမီဒါ၊ ကေလာ၊ ပရိုဆင့် ပိုးသတ်ဆေးများ မှတစ်မျိုးမျိုးဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။မှိုရောဂါအနေဖြင့် တောက်တဲ့မြီးရောဂါ အဓိကကျရောက်ပြီး ကာဗာ၊ ဟက်ဇာဂွန် မှိုဆေးတစ်မျိုးမျိုးဖြင့်ကာကွယ်နိုင်ပါသည်။
၁၁ ။ နှုတ်သိမ်းခြင်း နှင့် အထွက်
အပင်သက်တမ်း(၁၃၅ - ၁၅၀)ရက်ရှိပါသည်။ ကြက်သွန်ဖြူပင် ပင်စည်နှင့်အရွက် (၁၅-၂၅)ရာခိုင်နှုန်းခန့် ဝါလာလျှင် (သို့မဟုတ်) ခြောက်လာလျှင် အပင်ကိုလက်ဖြင့်ဆွဲနုတ်၍သိမ်းယူနိုင်ပါသည်။ မျိုးအတွက် ထားပါက အပင်လိုက်လက်တစ်ဆုတ်စာခန့် စည်း၍ ဝါးတန်းပေါ်တွင် အခြောက်ခံထားရပါမည်။ နှုတ်ယူပြီးသောအပင်များကို အမြိတ်များဖြတ်တောက်၍ နေနှစ်ရက်ခန့်လှမ်းထားရပါသည်။ တစ်ဧက လျှင် ကြက်သွန်ဖြူပိဿာချိန် (၁,၅၀၀ - ၃,၀၀၀) အထိ ထွက်နိုင်ပါသည်။
🍃စစ်မှန် ပြည့်ဝ ဝိစာရ🍃
Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း