menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ကြံပင်စည်ထိုးပိုးနှင့် ဘက်စုံကာကွယ်နှိမ်နင်းမှု
🔹ကြံပင်ကို ဒေသအနှံ့ စိုက်ကြပါတယ်။ ကြံစိုက်ဖို့ကောင်းတဲ့ ရာသီဥတုက မိုးရွာမှုတစ်နှစ် လက်မ ၅၀ က လက်မ ၇၀ ဖြစ်တယ်။ဒီထက်မိုးများတဲ့ ဒေသတွေလည်း ကြံကိုအဓိကစိုက်ကြတာပဲ။ မွန်၊ ကချင်ပြည်နယ်တွေ၊ပဲခူး၊ ရန်ကုန်ဒေသတွေ စိုက်ပျိုးမှုများတယ်။ အဲဒီဒေသတွေက မိုးရွာမှုလက်မ ရာကျော်တွေဖြစ်တယ်။ အဓိက ဂရုပြုရတာက စိုက်ခင်းထဲက ရေပိုရေလျှံတွေထုတ်၊ ရေမဝပ်ဖို့ပဲ။ လက်မ ၅၀ အောက် မိုးနည်းတဲ့ဒေသလည်း ကြံစိုက်တာပဲ။ ဒါကျတော့ ရေသွင်းပေးမှကောင်းတာ။ စိုက်ချိန် မြေအစိုရှိတဲ့ မိုးရာသီ၊ ခုတ်ချိန်က ခြောက်သွေ့တဲ့ဆောင်းရာသီဖြစ်တယ်။
🔹ချက်ကြံတွေဟာ သကြားစက်နယ်မြေတွေမှာ စိုက်ကြတယ်။ စုပ်ကြံတွေကတော့ ဒေသအနှံ့မှာ ကြံသကာ၊ သကာရည်၊ပွက်ရည်၊ ကြံရည်၊ ကြံချောင်းရောင်းဖို့ စိုက်ကြတယ်။ ၁၉၈၀-၂၀၀၀ ပြည့်နှစ်လောက်ကစပြီး မြန်မာနိုင်ငံမှာ ချက်ကြံစိုက်ပျိုးထုတ်လုပ်မှုက ဟန်မကျချင်ဘူး။ ဝယ်ယူမှု၊သယ်ယူမှု၊ ရောင်းချမှုနဲ့ ဝယ်ဈေးတွေမှာအခက်အခဲပြဿနာ ရှိလာတယ်။ ဒါပေမယ့် စုပ်ကြံရော၊ ချက်ကြံကိုရော အထိုက်အလျောက်စိုက်ပျိုးနေကြဆဲ ရှိပါတယ်။သက်တမ်းတစ်နှစ်ခန့်ကြာတဲ့ ကြံစိုက်ခင်းမှာ ကြံခေါင်ညွန့်ထိုးပိုး၊ ကြံပင်စည်ထိုးပိုး၊ ပျ၊ ကြံဆစ်ပိုးတွေဟာ ရေ၊ မြေ၊ရာသီဥတု ဖြစ်ပေါ်မှုအလိုက် ဂရုပြုကြရတယ်။ ကြံပင်ရဲ့ ကြံချောင်းထဲဝင်ပြီး ကျတတ်တာက ခေါင်ညွန့်ထိုးပိုးနဲ့ ကြံဆစ်ပိုး၊ ကြံပင်စည်ထိုးပိုးတွေ ဖြစ်ပါတယ်။
🔹ကြံပင်ထိပ် ခေါင်ညွန့်ကဝင်တဲ့ပိုးရှိသလို ကြံပင်အောက်ခြေက အဆစ်ကိုထိုးဖောက်ဝင်တဲ့ ကျိုင်းကောင်မျိုးတွေ ရှိပါတယ်။ ကြံပင်ထဲ အထက်အောက် လိုဏ်ခေါင်းဖောက်လျှောက်သွားပြီး ဖျက်တယ်။ ပိုးက အထဲရောက်သွားရင် မသိတော့ဘူး။ ဒါပေမယ့် သိနိုင်တာကကြံပင်တစ်ဝိုက် စားပြီးစွန့်ပစ်လိုက်တဲ့ လွှစာမှုန့်အဖတ်တွေ တွေ့ရတယ်။ ကြံပင်မှာ အပေါက်တွေရှိမယ်။ ကြံချောင်းပုပ်မယ်၊ ကြံပင်ယိုင်လဲမယ်၊ ဒါဆို ကြံပင်ထဲမှာ ပိုးရှိနေပြီ။ လောက်ကောင်ရောက်နေပြီ။ ဖြူဖြူဖွေးဖွေး ပိုးလောက်ကောင်က ဦးခေါင်းက နီညိုရောင်ရှိရင် ကြံပင်စည်ထိုးပိုး ဖြစ်တယ်။ သက်တမ်း ခြောက်လက ၁၀လအထိ ရှိတယ်။ အမတစ်ကောင်က ဥ ၁၅၀ ကျော် ပေါက်နိုင်တယ်။ လောက်ကောင်ကဘဝပြောင်းကြီးထွားလာတော့ နောက်တစ်ဆင့် ကျိုင်းကောင်ဖြစ်လာတယ်။ ကြံရွက်တွေကြား ပုန်းနေတတ်တယ်။ ညနေပိုင်းမှာ ဖျက်ဆီးမှုပိုများတယ်။ ကြံပင်မှမဟုတ်ပါ။ ငှက်ပျောပင်၊ အုန်းပင်၊ ဆီအုန်းပင်၊ထန်းပင်မှာလည်း ကျတတ်ပါတယ်။
🔹ကာကွယ်နှိမ်နင်းမှုမှာ ဓာတုဆေးမသုံးခင် ဘက်စုံကာကွယ်နှိမ်နင်းမှုကို အရင်ဦးစွာလုပ်ပါ။ ဒါတွေက ကြံခင်းမှာထိုးဖောက်ရာ၊ စားပြီးစွန့်ပစ်အဖတ်တွေ ရှာရမယ်။ ရှိတဲ့ကြံပင် ခုတ်ဖယ်ရှင်းရမယ်။ ရေသွင်းတာ၊ ဓာတ်မြေသြဇာကျွေးတာ (အထူးသဖြင့် နိုက်ထရိုဂျင်ဓာတ်မြေသြဇာ) သင့်တင့်တဲ့နှုန်းထား သုံးသင့်တယ်။ ရေသွင်းတာ ဂရုပြုပါ။ စိုက်ရင် ခံနိုင်ရည်ရှိတဲ့မျိုး စိုက်ပါ။ ကြံကို တစ်နေရာတည်းမှာ နှစ်စဉ်မစိုက်ဘဲ သီးလှည့်စိုက်ပါ။ ကြံမျိုးတွေမှာ အခွံမာတာ၊ အမျှင်ပါမှုများတဲ့ မျိုးက ကြံပင်စည်ထိုးကျိုင်းကျတာ နည်းတယ်။ ကြံစိုက်ရင် အက်ကွဲ၊ ဒဏ်ရာ၊ အပေါက်ပါ ကြံဆစ်မျိုး မစိုက်ပါနဲ့။ ပိုးကျစိုက်ခင်း ကြံလမိုင်းထားခြင်းက ပိုပြီးကျတတ်တယ်။
🔹ဒုတိယနည်းက ဇီဝသားရဲကောင်ကပ်ပါးမှိုတစ်မျိုးရှိတယ်။ ကြံစိုက်ခင်းထဲကို လွှတ်ပေးတာ။ ဒါက ကြံအဓိကစိုက်တဲ့ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ဒီနည်းနဲ့ကာကွယ်တယ်။ (စိုက်ခင်းထဲ နကျယ်ကောင်တွေလွှတ်တာမျိုးပါ။) ကြွက်ကိုက်ရာကလည်း ပိုးဝင်နိုင်လို့ ကြွက်လည်း နှိမ်နင်းပါ။ ပိုးတွေကိုလာအောင် အနံ့နဲ့ ဆွဲဆောင်ခေါ်ယူတတ်တဲ့ (အီသိုင်းအက်ဆီတိတ်ဖီရိုမုန်း) ဆေးနဲ့လည်း မြှူခေါ်ပြီး အောက်က ရေ၊ ဆပ်ပြာရည်ခံထားရင် ရေထဲ၊ ဆပ်ပြာရည်ထဲ ပိုးကောင်ကျပြီး နှိမ်နင်းနိုင်တယ်။နောက်ဆုံးနည်းကတော့ ဓာတုဆေးသုံးရပါတော့မယ်။ ရှေ့ကနည်းလမ်းတွေအရင်ဆုံးပြုလုပ်ပြီးမှ ဓာတုဆေးနောက်ဆုံးသုံးသင့်တယ်။ ကြံပင် ပထမအဆစ်ထွက်ချိန် လောက်ကောင်တွေနှိမ်တာနဲ့ ပိုးကျိုင်းကောင်ကြီးတွေကျတော့ ဆေးကို ကြံဖတ်၊ကြံအပိုင်းအစတွေထဲမှာထည့်ပြီး ထောင်ချောက်လုပ် ချကြတာဖြစ်တယ်။ ကင်းထောက်နည်းနဲ့ စိုက်ခင်းထဲက ပိုးရှိ၊ မရှိ ဦးစွာစစ်ဆေးပါ။ ကြံပင် ၁၀၀ မှာ ပင်စည်ထိုးပိုး အပေါက် ၃၀ ကျော်ရင်စီးပွားရေးထိခိုက်နိုင်တဲ့အဆင့် ရှိလာပြီ။ ဒီတော့မှဓာတုဆေးသုံးပါ။
ကိုရဲ(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ(၇-၁၃)ရက်။