menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ကြံစိုက်ပျိုးဖို့ မြေဘယ်လိုရွေးချယ်မလဲ ?
🎋🌱🎋🌱🎋🌱🎋🌱🎋🌱🎋
ကြံသီးနှံသည် ရေစီးရေလာကောင်းမွန်သည့်မြေ၊ မြေသားတည်ဆောက်မှုကောင်းမွန်ပြီး လေဝင်လေထွက်ကောင်းသည့် သမမြေ၊ မြေစေးသမမြေများတွင် ဖြစ်ထွန်းပါသည်။ ကြံအမြစ်သည်မြေကြီးထဲနက်နက်ဆင်းနိုင်သည့်အတွက် မြေသားထုနက်နက်ရှိဖို့လိုပါသည်။ မြေအောက်ရေနီးလွန်းသည့်မြေတွင်ကြံပင် ပိုမိုဖြစ်ထွန်းပါသည်။ ကြံပင်၏တစ်လအတွက် ရေလိုအပ်ချက်သည် (၁၅၀)မီလီမီတာ ဖြစ်ပါသည်။
ကြံပင်သည်ရေဝပ်မှုကို (၁-၂)ပတ်ခန့်ခံနိုင်သော်လည်း အချိန်ကြာကြာရေဝပ်ခဲ့ပါက မှိုရောဂါ၊ ဗိုင်းရပ်စ်ရောဂါ၊ ဘက်တီးရီးယားရောဂါများကို ဖြစ်စေနိုင်ပါသည်။ သဲဆန်သောမြေဖြစ်ပါက နီမတုတ်ရောဂါပေါက်ပွားမှုဖြစ်စေပြီး ဓာတ်မြေဩဇာများလေလွင့်ဆုံးရှုံးမှုများစေပါသည်။ မြေစေး၊ နုန်းမြေစေးဖြစ်လျှင်လည်း ရေထိန်းအားကြာရှည်တတ်သည့်အတွက် မြေလွှာထိပ်တင်းပြီး လေဝင် လေထွက်ညံ့ဖျင်း၍အမြစ်ဖွံ့ဖြိုးကြီးထွားမှု နှောင့်နှေးကြန့်ကြာစေပါသည်။ ကြံသီးနှံကို မြေချဉ်ငံကိန်း (၄.၅ - ၈.၅) အတွင်းစိုက်ပျိုးနိုင်သော်လည်း အကောင်းဆုံးအနေအထားမှာ မြေချဉ်ငံကိန်း(၅.၅ - ၇.၅) အတွင်းဖြစ်ပါသည်။ မြေတွင်းဆားဓာတ်ပါဝင်မှုများလျှင် အထွက်ကျဆင်းနိုင်ပါသည်။
ကြံသီးနှံအတွက် လိုအပ်သောအာဟာရဓာတ်များမှာ နိုက်ထရိုဂျင်၊ ဖော့စပရပ်၊ ပိုတက်စီယမ်၊ ကောပါး၊ ဘိုရွန်၊မဂ္ဂနီးစ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ် နှင့် ဇင့်ဓာတ်တို့ဖြစ်ပါသည်။ သဘာဝမြေဩဇာ၊ နွားချေး၊ မြေဆွေးများရောစပ်၍ တစ်ဧကလျှင် လှည်း(၁၀)စီးခန့်ထည့်ပေးရပါမည်။
ကြံသီးနှံတွင်ကျရောက်တတ်သော အင်းဆက်ပိုးမွှားများမှာ ခြ၊ မြေခွေးပုရစ်၊ အနက်ရောင် အခွံမာကျိုင်း၊ အဝါရောင်ခေါင်ညွန့်ထိုးပိုး၊ ပန်းရောင်ခေါင်ညွန့်ထိုးပိုး၊ အစင်းပါခေါင်ညွန့်ထိုးပိုး၊ ဦးမှင်တိုနှံကောင်၊ ခေါင်ညွန့်ထိုးကျိုင်းကောင်၊ ပိုးစေးနှဲ တို့ဖြစ်ပါသည်။၎င်းပိုးမွှားများသည် ကြံအထွက် နှုန်းကိုထိခိုက်စေနိုင်သည့်အတွက် အချိန်မှီကာကွယ်နှိမ်နင်းဖို့လိုအပ်ပါသည်။
ကြံတွင်ဖြစ်ပွားတတ်သောရောဂါများမှာ ကြံအူနီရောဂါ၊ ကြံအက်ကွဲနာ (ကင်ကာ)ရောဂါ၊ ကြံရွက်ခြောက်ရောဂါများဖြစ်ပြီး ကြိုတင်ကာကွယ်နိုင်ရန် စီမံပေးဖို့လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
➡️စစ်မှန် ပြည့်ဝ ဝိစာရ⬅️
Sources : စိုက်ပျိုးရေးရာ အကြံပြုချက်များ။