menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"ကုလားပဲ မြစ်ခြောက်ဆွေးရောဂါ စနစ်တကျ ကာကွယ်နှိမ်နင်းပါ"
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
▪️ကုလားပဲသီးနှံဟာ မြန်မာနိုင်ငံမှာ ပဲခူးတိုင်းအထက်ပိုင်းကစပြီး အညာဒေသ စစ်ကိုင်း၊ မန္တလေး၊ မကွေးဒေသတွေမှာ အစိုက်များပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာတော့ စိုက်ဟက်တာ သိန်းပေါင်း ၃.၇ သိန်းကျော် စိုက်ပျိုးလျက်ရှိပါတယ်။ ကုလားပဲဟာ ပြည်တွင်းစားသုံးမှုရော၊ ပြည်ပပို့ကုန်ပါ အရေးပါလာတဲ့ သီးနှံဖြစ်ပါတယ်။
▪️ကုလားပဲခင်းတွေမှာ ကွက်ကွက်ပြီး ခြောက်သေနေတတ်တဲ့ ကုလားပဲ မြစ်ခြောက်ဆွေးရောဂါ (Dry Root Rot) ဟာ Rhizoctonia bataicolagကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ ဒီရောဂါဟာ အပူချိန် (၂၀-၃၀) ဒီဂရီစင်တီဂရိတ်ကျော်အတွင်းမှာအဖြစ်များပြီး ဒီအပူချိန်အတွင်းမှာ ရုတ်တရက်ရောဂါဆိုးဆိုး ရွားရွားဖြစ်လာနိုင်ပါတယ်။ ဒီရောဂါဟာ မြေစေးမြေထက် သဲနုန်းမြေမှာ ပိုဖြစ်စေတတ်ပါတယ်။
▪️ဒါကြောင့် အညာဒေသတွေမှာ ပိုမိုဖြစ်ပွားတာဖြစ်ပါတယ်။ ကုလားပဲပင် တစ်မျိုးတည်းမှာသာ ကျရောက်နိုင်ပါတယ်။ကုလားပဲမြစ်ဆွေးရောဂါမှိုဟာ မြေဆောင်ရောဂါ ဖြစ်ပါတယ်။ ကုလားပဲ စိုက်ပြီးတစ်လသားကျော်ရင် မြေတွင်းရှိမှိုဟာ ပဲပင်အမြစ်ကို စတင်တိုက်ခိုက်ပါတယ်။ ကနဦး ပဲပင်ရဲ့အမြစ်မွှားများကို ဦးစွာ တိုက်ခိုက်ပါတယ်။ အသားကျ ခြေကုပ်ရသွားပြီဆိုရင် မြစ်မကြီးကို တိုက်ခိုက်ပါတယ်။ တဖြည်းဖြည်းတိုက်ခိုက်မှုကြာလာပါက မြစ်မွှားများ မြစ်မကြီးများအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခံရပြီး မြစ်မကြီးနဲ့ မြစ်မွှားများ၊ စတင်ဆွေးခြောက်လာပါတယ်။ အမြစ်များ သေသွားပြီး အစာရေစာမစုပ်ယူနိုင်၊ အပေါ်သို့လည်း မပို့နိုင်တော့တဲ့အခါ အပေါ်အပင်ထိပ်ဖျား အရွက်များ ညှိုးကျခြောက်သွေ့သွားပါတယ်။
▪️တခြားအရွက်များ ညှိုးကျခြင်းမရှိပါ။ အရွက်နဲ့ပင်စည်များ တဖြည်းဖြည်း ကောက်ရိုးရောင်သို့ ပြောင်းသွားပါတယ်။ တစ်ခါတစ်ရံမှာ အောက်ခြေအရွက်များ အညိုရောင်ဖြစ်နေ တတ်ပါတယ်။ ရောဂါကြောင့် ကုလားပဲ အသေများဟာ နေရာအနှံ့ ဟိုတစ်ကွက် ဒီတစ်ကွက်တွေ့ရပါတယ်။ ရောဂါရ နေတဲ့ကုလားပဲပင်ကို နုတ်ကြည့်ပါက မြစ်မွှားများ မြေကြီးထဲ ပြတ်ကျန်ရစ်ခဲ့ပြီး မြစ်မကြီးသာ ပါလာ ပါတယ်။ မြစ်မကြီးမှာ ခြောက်ဆွေးနေပြီး အမြစ်ပေါ်မှာ မီးခိုးရောင် မှိုမျှင်များတွေ့ရပါတယ်။ ခြောက်ဆွေးနေတဲ့ မြစ်မကြီးရဲ့ အဖျားပိုင်းကို ချိုးကြည့်ပါက ကြွပ်ဆတ်နေပါတယ်။
▪️ကုလားပဲပင် မြစ်ခြောက်ဆွေးရောဂါကို အချိန်မီကာကွယ်နှိမ်နင်းမှု မပြုလုပ်နိုင်ပါက အထွက်နှုန်း သိသိသာသာကျဆင်း သွားနိုင်ပါတယ်။ဒီရောဂါကို ကာကွယ်နှိမ်နင်းဖို့ .....
(က) ကြိုတင်ကာကွယ်ခြင်း
၁။ ရောဂါရကုလားပဲခင်းက အပင် အကြွင်းအကျန်များကို နုတ်ယူဖယ်ရှင်းပြီး မီးရှို့ပါ။
၂။ မျိုးစေ့ကို ဝိစာရ၏ သီးနှံစုံမြစ်ခြောက်ဆွေးရောဂါကာကွယ်နိုင်သည့် လူးနယ်ဆေးဖြင့် လူးနယ်စိုက်ပါ။
၃။ အပူချိန်လွတ်အောင် စိုက်ချိန်စောစော စိုက်ပါ။
(ခ) နှိမ်နင်းခြင်း
၁။ ကုလားပဲခင်းကို မျက်ခြည်မပြတ် လေ့လာပါ။
၂။ အပင်ငယ်(၁၅)ရက်သားတွင် (သို့မဟုတ်) တစ်ပင်၊ နှစ်ပင်ရောဂါစဖြစ်ပြီဆိုရင် အပင်ခြေမြေကြီးကို ဘာလီဆိုဒ် ၅ အက်စ်အယ်လ်၊ ကာဗာ ၂၅ အက်စီ ဆေးများပက်ဖျန်း၍ ကာကွယ်နှိမ်နင်းပါ။
Sources : အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်