menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ကျွန်းပင်”စိုက်ပျိုးနည်း
🌳🌳🌳🌳🌳🌳🌳🌳🌳🌳
⏭မြန်မာ့ရတနာတန်းဝင် ကျွန်းသစ်ပင်စိုက်ပျိုးနည်းကို ဗဟုသုတအဖြစ်သိရှိမှတ်သားနိုင်ပါရန် တင်ပြလိုက်ရပါသည်။
မြန်မာအမည် - ကျွန်း
အင်္ဂလိပ်အမည် - Teak
ရုက္ခဗေဒအမည် - Tectona grandis
မျိုးရင်းအမည် - Lamiaceae
၁။ မူရင်းဒေသ
အာရှတောင်ပိုင်းနှင့် အရှေ့တောင်အာရှဒေသတို့မှ စတင်ပြန့်ပွားလာသည်။ အိန္ဒိယ ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ မလေးရှား ၊ ထိုင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစရှိသည့်နိုင်ငံတို့တွင် အလေ့ကျ ပေါက်ရောက်သည်။ အာဖရိကနှင့် ကာရေဗီယန်နိုင်ငံများတွင်လည်း စိုက်ပျိုးကြသည်။
၂။ စိုက်ပျိုးသည့်ဒေသ
မြန်မာနိုင်ငံတွင် ပဲခူးရိုးမတစ်လျှောက်တွင် လည်းကောင်း၊ မုတ္တမနယ်ရှိ တောင်ကုန်းများနှင့် ၎င်းတို့၏ မြောက်ဘက်တောင်ကုန်းဆက်များတွင်လည်းကောင်း ၊ မြစ်ကြီးနားနှင့် ကာမိုင်းနယ်တို့တွင်လည်း ကျွန်းပင်များကို တွေ့ရပါသည်။ ပေ ၃,၀၀၀ အထက်မှအပ မြန်မာနိုင်ငံရှိ တောတောင်နေရာအနှံ့ပြားတွင် သဘာ၀ပေါက်ပင်အဖြစ် ပေါက်ရောက်သည်။
၃။ ရေမြေ ရာသီဥတု
ရေစီးရေလာကောင်းမွန်ပီး သဲဆန်သော မြေစီး၊ နှုန်းမြေနုမျိုးနှင့် ပူအိုက်စွတ်စိုသော ရာသီဥတုကို နှစ်ခြိုက်သည်။ ကယ်လ်စီယံကြွယ်ဝသော မြေမျိုးတွင် ကျွန်းပင်အရည်အသွေးမှာ ပို၍ကောင်းစွာ ဖြစ်ထွန်းသည်။ မြေချဉ်ငံဓာတ် ( ၅ - ၈ ) အတွင်းရှိသော မြေများတွင် စိုက်ပျိုးနိုင်သည်။ အကောင်းဆုံးသော မြေအနေထားမှာ မြေချဉ်ငံဓာတ် (၆.၅ မှ ၇.၅) အတွင်း ရှိလျှင် ပိုကောင်းသည်။ သင့်တော်သော မိုးရေချိန် လက်မ (၄၀ မှ ၁၂၀) ဖြစ်သည်။ သင့်တော်သော အပူချိန်မှာ (၂၇ - ၃၆) ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။
၄။ ပျိုးထောင်နည်း
အစေ့မှ ပျိုးထောင်၍စိုက်ပျိုးကြသည်။ ကျွန်းစေ့သည် အညှောင့်ပေါက်ရန် ခက်ခဲသောအပင်တစ်မျိုး ဖြစ်သည်။ အပင်ကကြွေကျပီးချင်း ကျွန်းစေ့မျိုးဖောက်မယ်ဆိုရင် အထဲက အစေ့ဆံကအပင်ပေါက်ဖို့ အဆင်သင့် မဖြစ်သေးတာကြောင့် အချိန်ကြာကြာယူရပါသည်။ ထို့ကြောင့် အပင်မှကြွေပီး (၃) လခန့် သက်တမ်းရှိသော မျိုးစေ့ကိုသာ မျိုးဖောက်ရန်သင့်တော်ပါသည်။ ပျိုးပင်အဖြစ် ပြုလုပ်မည်ဆိုပါက ပထမဦးဆုံး မျိုးစေ့ရွေးချယ်ရာတွင် အရည်သွေးကောင်း၍ ပြောင်ချောနေသောအစေ့ ပုံစံမျိုးကို ရွေးချယ်ပါ။ ထို့နောက် ရေအေးထဲမှာ(၃) ရက်ခန့် ရေစိမ်ပါ။ ရေစိမ်သည့်အခါတွင် မျိုးစေ့များ ရေပေါ်ပေါလောပေါ်နိုင်သည်ထိ အစိုဓာတ်လုံလောက်စွာ မရရှိနိုင်ခြင်းမျိုးဖြစ်တတ်ပါသည်။ ထို့ကြောင့် အစေ့များကို အဝတ်စဖြင့်ထုတ်ပြီးမှ ရေထဲစိမ်ပါ။ (၃) ရက်ခန့် ရေစိမ်ပြီးနောက် မျိုးစေ့များကို (၃) ရက် ခန့်နေပူလှန်းပါ။
ဒီနည်းတိုင်း (၄) ကြိမ်ခန့် ပြုလုပ်ပေးပါ။ ရက်ပေါင်း (၂၀)ကျော်လာပါက မျိုးစေ့များ အညှောင့်ပေါက်လာ သည်ကို တွေ့မြင်နိုင်ပါသည်။ အညှောက်ပေါက်လာသော မျိုးစေ့များကို ပျိုးအိတ် (သို့) စိုက်ခင်းထဲရှိ မြေကြီးတွင် အနက် (၁) လက်မခန့်၌ စိုက်ပါ။ သဲကြမ်းနှင့် ဖွဲပြာ ဆတူ ရောစပ်ပြီး မျိုးစေ့ပေါ်မှာ ဖုံးအုပ်ပါ။ ပျိုးပင် ၁၀၀ အတွက် တစ်နေ့လျှင် နှစ်ကြိမ် ၊ တစ်ကြိမ်လျှင် အနည်းဆုံး ရေဂါလံဝက် လောင်းရပါမည်။ ပုံမှန်အားဖြင့် မြေသြဇာ ကျွေးရန် မလိုသော်လည်း လိုအပ်ပါက ကျွေးရပါမည်။ အပင်သိမ်လှီခြင်း ၊ အပင်ညံ့ ၊ အပင်သေ စသည့်အပင်များကို ဖယ်ရှားပေးပါ။
၅။ စိုက်ပျိုးနည်း
ကျွန်းပင်များကို မြေချစိုက်ရန် အကောင်းဆုံးချိန်မှာ မိုးကျချိန် မေ ၊ ဇွန် ၊ ဇူလိုင် လများတွင် စိုက်ပျိုးခြင်းဖြစ်ပါသည်။ တစ်ပင်နှင့် တစ်ပင် (၃ - ၄) မီတာ ခြား၍ ကျင်းစနစ်ဖြင့် စိုက်ပျိုးကြသည်။ စိုက်ကျင်းကို (၃) ပေ ပတ်လည် အရွယ်အစားတူး၍ နွားချေးဆွေး (သို့မဟုတ်) သစ်ရွက်ဆွေးမြေသြဇာ တို့နှင့် အပေါ်ယံမြေသားတို့ကို ဆတူရော၍ ကျင်းတွင် ထည့်ပေးလေ့ရှိပါတယ်။ ထို့နောက် မြေလုံးမပျက် ကျင်းတွင် စိုက်ပျိုးကြပါတယ်။
၆။ မြေသြဇာကျွေးနည်း
အပင်ငယ်စဉ်တွင် နွားချေးနှင့် ပုလဲဓာတ်မြေသြဇာတို့ကို ကျွေးသင့်ပါသည်။ အပင်ငယ်များကို ကျွေးရာတွင် မိုးဦးတွင်တစ်ကြိမ် ၊ မိုးနှောင်းတွင်တစ်ကြိမ် ၊ အပင်ငယ် တစ်ပင်တွင် နွားချေး ၅ ပေါင်နှင့် ပုလဲဓာတ်မြေသြဇာ ဝ.၅ ပေါင်ခန့် ကျွေးသင့်ပါသည်။ မြေသြဇာကျွေးရာတွင် အပင်၏အရိပ်ဝန်း (Canopy) အောက်ခြေတစ်ဝိုက်တွင် ကျင်းငယ်များတူး၍ ကျွေးသင့်ပါသည်။
၇။ အပင်ပြုစုနည်း
အပင်သက်တမ်း (၁ - ၃) နှစ်တွင်းမှာတော့ ပေါင်းရှင်းခြင်းလုပ်ငန်းကို စနစ်တကျ နှင့် ဂရုတစိုက် ဆောင်ရွက်ပေးပါ။ မိုးရာသီတွင် ပေါင်းရှင်းခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။ ပထမနှစ်မှာ (၃)ကြိမ် ၊ ဒုတိယနှစ်နှင့် တတိယနှစ်မှာ(၂) ကြိမ်စီ ဆောင်ရွက်ပါ။ ဒီဇင်ဘာ(သို့) နှောင်နှစ် မိုးဦးမကျမီအချိန်တွေမှာ အပင်သေများကို ဖာထေးခြင်းပြုလုပ်ပါ။ စတင်စိုက်ပျိုးသည့်နှစ်မှစ၍ အပင်သက်တမ်း (၅) နှစ်အထိ မီးကာကွယ်ခြင်းလုပ်ငန်းများကို သတိထားဆောင်ရွက်ရန်လိုပါသည်။ အပင်ကြီးလာသည်နှင့်အမျှ အပင်ကြပ်ခြင်း ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ပင်စည်ရွယ်စားနှင့် စိုက်စဉ်ကထားခဲ့တဲ့ ပင်ကြား တန်းကြားများပေါ်မူတည်၍ ကြပ်နေသောအပင်များကို နှုတ်ပစ်ရပါမည် ။ (၅ - ၁၀) နှစ်ခြား တစ်ခါ ပင်ကြပ် နှုတ်ခြင်းကို ဆောင်ရွက်ပေးပါ။ သို့မှသာ ကျွန်းပင်သည် ပင်စည်လုံးပတ်ကြီးလာမည်ဖြစ်သည်။
Sources : Myanmar Forest Department