menu

လယ်ယာမြေပြုပြင်ခြင်း


🌾🌱🌾🌱🌾🌱🌾🌱🌾🌱🌾

➡️သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်းစဉ်မှာ အခြေခံအကျဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် ဤလုပ်ငန်းမှာအရေးပါလှပါသည်။ 

➡️အဆင့်မြင့်လယ်ယာမြေပြုပြင်ခြင်းကို နည်းလမ်း နှစ်ခုနဲ့ ပြုပြင်ဆောင်ရွက်နိုင်ပါသည်။ 

(၁) အခြောက်စနစ်နဲ့ပြုပြင်ခြင်း

(၂) အစိုစနစ်နဲ့ပြုပြင်ခြင်းတို့ဖြစ်ပါသည်။

➡️ယခုကဲ့သို့စနစ်နှစ်ခုနဲ့ မြေပြုပြင်ရာတွင် အသုံးပြုတဲ့ကိရိယာတော့ ကွာခြားမှုရှိပါသည်။ ထိုစနစ်နှစ်ခုတွင် ကောင်းကျိုး၊ ဆိုးကျိုးများလည်းရှိပါသည်။

➡️အခြောက်စနစ်နဲ့ပြင်ရာတွင် မြေအနိမ့်အမြင့် ချက်ချင်းမသိနိုင်ပါ။ ရေသွင်းပြီး (သို့) မိုးရွာသွန်း၍လယ်ကွက်ထဲရေတင်ပြီဆိုမှ သိနိုင်ပါသည်။ လယ်မြေတွေကို ထွန်ယက်ပြီး မြေသားကို အမှုန့်ဖြစ်အောင်ပြုလုပ်၍ ထွန်စက်ဂေါ်ပြား၊ မြေညှိကိရိယာတွေနဲ့ မြင့်ရာမှနိမ့်ရာသို့တွန်းပို့ပြီး ပြုပြင်တာဖြစ်ပါသည်။ ပထမနှစ်မှာ ကုန်းမြင့်မြေခြစ်ယူခံရတဲ့နေရာက မိုးတွင်းမှာ မြေမာနေတတ် ပါသည်။ အပင်စိုက်လည်း မဖြစ်ထွန်းနိုင်ပါဘူး။ နိမ့်လို့ မြေမှုန့်တွေနဲ့ ပို့ချခံရတဲ့နေရာက နွံတွေပျော်သလို ဖြစ်သွားပြီး နွားကျွံ၊ စက်ကျွံ၊ အပင်လည်းမဖြစ်ထွန်းတတ်ပါဘူး။ သုံးနှစ်လောက်နေမှ အသားကျ တတ်ပါသည်။ ဤစနစ်သည်လယ်မြေထက် ယာမြေများတွင်ပို၍ အကျိုးပြုပါသည်။

➡️အစိုစနစ်နဲ့ပြင်ရင်တော့ ရေရှိတဲ့အတွက် မြေအနိမ့်အမြင့်ညီ၊ မညီသိနိုင်ပါတယ်။ ကုန်းမာ၊ မြေကျွံတဲ့ပြဿနာလည်း မကြုံတွေ့ရပါဘူး။ ချက်ချင်းသီးနှံစိုက်လို့ အဆင်ပြေနိုင်ပါကြောင်း ဗဟုသုတအဖြစ်ရေးသားတင်ပြအပ်ပါသည်။

Sources : အောင်ဆန်း (စိုက်ပျိုးရေး)