menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ခရမ်း စိုက်ပျိုးနည်း
🍃🍆🍃🍆🍃🍆🍃🍆🍃🍆🍃
မြန်မာအမည် - ခရမ်း
အင်္ဂလိပ်အမည် - EGG PLANT ; BRINJAL
ရုက္ခဗေဒအမည် - Solanum melongena
မျိုးရင်းအမည် - SOLANACEAE
၁ ။ မူရင်းဒေသ
--------------
အိန္ဒိယနိုင်ငံဖြစ်သည်။
၂ ။ စိုက်ပျိုးသည့်ဒေသ
--------------------
မြန်မာနိုင်ငံတွင်အလွန်အေးသော တောင်ပေါ်ဒေသမှလွဲ၍ ကျန်ဒေသတွင်စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။
၃ ။ အမျိုးအစား
--------------
ပင်ထောင်(Up right) တစ်ဝက်ပြန့်(Semi-Spread) နှင့် ပင်ပြန့်(Spread type) ဟူ၍ အုပ်စုသုံးခုရှိ ပါသည်။ အသက်လျင်သောမျိုးများသည် ပင်ပြန့်မျိုးများဖြစ်၍ သက်ကြီးမျိုးများသည်ပင်ထောင်မျိုးများ ဖြစ်ပါသည်။ ပထမဦးဆုံးပန်းပွင့်သည်အဆစ်နံပါတ်(၆ မှ ၁၄) ဆစ်အတွင်းဖြစ်ပေါ်နိုင်သည်။ မြန်မာနိုင်ငံတွင် ခရမ်းကိုအကြမ်းအားဖြင့် သုံးမျိုးခွဲခြား၍စိုက်ပျိုးလေ့ရှိရာ အရှည်မျိုးကိုဆင်စွယ်ခရမ်း ဟုခေါ်သည်။ ရှည်၍ ခရမ်းရောင်၊ အစိမ်းရောင်ရှိသည်။ အလုံးမျိုးတွင်လုံးဝိုင်းသောသဏ္ဍာန်ရှိ၍ ခရမ်း၊ အစိမ်း၊ အဖြူရောင်ရှိသည်။ လုံးရှည်မျိုးတွင်ထောပတ်ခရမ်းကို စိုက်ပျိုးလေ့ရှိပါသည်။
၄ ။ မြေအမျိုးအစား
-----------------
ရေသွင်း ရေထုတ်လွယ်ကူသည့်မြေဩဇာကောင်းမွန်သော သဲနုန်းမြေကိုနှစ်သက်သည်။ အာဟာရဓာတ် အလွန်စားသုံးသောသီးနှံဖြစ်ခြင်းကြောင့် မြေဆီဩဇာထက်သန်သောမြေကို နှစ်သက်သည်။ pH မှာ (၅.၅ - ၆.၅) အတွင်းပိုမိုဖြစ်ထွန်းနိုင်သည်။
၅ ။ ရာသီဥတု
------------
ပူနွေးသောရာသီဥတုရှည်လိုလားသော အပင်ဖြစ်သည်။ အပူချိန်(၁၃) ဒီဂရီစင်တီဂရိတ်မှ (၂၁) ဒီဂရိစင်တီဂရိတ်တွင်အသင့်တော်ဆုံးဖြစ်သည်။
၆ ။ ပျိုးထောင်ခြင်း
----------------
ကောင်းစွာဆွေးမြေ့သောနွားချေး၊ သစ်ရွက်စိမ်းမြေဩဇာများအသုံးပြု၍ (၃)ပေအကျယ် (၃၀)ပေအရှည်ဘောင်များပြုလုပ်ပျိုးထောင်နိုင်ပါသည်။ မျိုးစေ့များကိုတစ်တန်းနှင့်တစ်တန်း (၄)လက်မခန့် ခြား၍ပျိုးရပါမည်။ အပင်များကြပ်မနေစေရန် လိုသောပျိုးပင်များနုတ်ပစ်ရမည်။ တစ်ဧက အတွက်မျိုးစေ့(၃၀၀)ဂရမ်နှုန်းဖြင့်စိုက်ပျိုးနိုင်ပါသည်။
၇ ။ မြေပြုပြင်ခြင်း
----------------
ပျိုးထောင်ချိန်တွင်စိုက်ခင်းကိုမြေပြုပြင်ထားရပါမည်။ ထယ်(၃)စပ်မှ (၄)စပ်ထိုး၍ ထွန်ရေးညက်သည် အထိထွန်ပေးရပါမည်။ မျိုးကိုလိုက်၍ပင်ကြား တန်းကြားအကွာအဝေးကွာခြားတတ်သော်လည်း အများအားဖြင့်တန်းကြား (၃-၄)ပေ၊ ပင်ကြား(၂-၃)ပေ ထား၍ရွှေ့ပြောင်းစိုက်စနစ်ဖြင့် စိုက်ပျိုးနိုင်သည်။
၈ ။ စိုက်ပျိုးခြင်း
-------------
ပျိုးပင်များအရွက်(၅)ရွက်ရရှိလျှင် စိုက်ခင်းသို့ရွှေ့စိုက်နိုင်ပါသည်။ သတ်မှတ်ထားသောတန်းကြား ပင်ကြား ဆုံရာကျင်းနေရာများတွင် ညနေခင်းအချိန် ပျိုးဘောင်မှပျိုးပင်များကိုနုတ်ယူ၍ အမြစ် ဖြောင့်တန်းအောင်ချစိုက်ရပါမည်။ စိုက်ချိန်တွင်အစိုဓာတ်လုံလောက်ရပါမည်။ ခြောက်သွေ့ပူပြင်းသော ရာသီတွင်ဖြစ်၍ အပင်များနေပူဒဏ်မှကာကွယ်နိုင်ရန် သစ်ပင်သစ်ကိုင်းများ စိုက်ပေးရမည်။ ပျိုးပင်များ ကောင်းစွာအမြစ်စွဲလျှင် အရိပ်များဖယ်ပေးနိုင်ပါသည်။
၉ ။ မြေဩဇာနှုန်းထားများ
------------------------
တစ်ဧကအတွက် နွားချေး (၁၀)တန်၊ ယူရီးယား (၅၀)ကီလို ၂အိတ်၊ ပိုတက်ရှ် (၅၀)ကီလို ၂အိတ် နှုန်းကို ထည့်သွင်းပေးရမည်ဖြစ်ပြီး ယူရီးယားကို မြေပြင်စဉ် နှင့် စိုက်ပြီးတစ်လ (သို့) နှစ်လ တို့တွင် တစ်အိတ်စီခွဲထည့်ပေးရပါမည်။
၁၀ ။ အပင်ပြုစုနည်း
------------------
ခရမ်းပင်ကို အချိန်မှန်စွာပေါင်းရှင်းပေးခြင်း၊ မိုးစိုက်ခရမ်းဖြစ်ပါက ရေမဝပ်စေရန်မြေတောင်မြှောက်ပေးခြင်း၊ ဘောင်လုံးခြင်းနှင့် ဆောင်းစိုက်ခင်းတွင် အစိုဓာတ်ထိန်းနိုင်ရန် ကောက်ရိုး မြက်ခြောက်များ အုပ်ပေးခြင်း၊ မြေတောင်မြှောက်ချိန်(တစ်လ (သို့) နှစ်လ)တွင် ယူရီးယားနောက်တစ်ကြိမ်ထည့်သွင်း ပေးခြင်း၊ အသီးအလေးချိန်ကြောင့်အပင်ယိုင်လဲမှုများမဖြစ်စေရန် တိုင်ထောင်ပေးခြင်းများပြုလုပ်ပေး ရပါမည်။ ခရမ်းသီးခူးပြီး အသီးထွက်မှုကျသွားသော်လည်း လမိုင်းထားခြင်းဖြင့် အသီးကိုထပ်မံရယူနိုင်ပါသည်။ ပင်ခြေမှ(၃)ဆစ်ခန့်ချန်၍ (၆-၈)လက္မ အမြင့်ခန့်တွင် ပင်စည်ကိုဖြတ်၍ အစာ၊ရေ ထပ်မံဖြည့်တင်းခြင်း ဖြင့် ဖြတ်ပြီးတစ်လတွင် အသီးကို စတင်ခူးနိုင်ပါသည်။
၁၁ ။ ပိုးမွှား နှင့်ရောဂါ
--------------------
ခရမ်းခေါင်ညွန့်ထိုးပိုး၊ သီးလုံးဖောက်ပိုးများကျရောက်ဖျက်ဆီးတတ်ပြီး ကျရောက်မှုနည်းပါက လက်နှင့်ကောက်ယူဖျက်ဆီးခြင်း (သို့မဟုတ်) “နိုက်ဝမ်း ၊ အီမာလန်ဒါ” ဆေးတစ်မျိုးမျိုးဖြင့်ပက်ဖျန်းကာကွယ်ပေးနိုင်ပါသည်။ ရောဂါအနေဖြင့် ဘက်တီးရီးယားပင်ညှိုးရောဂါ ကျရောက်မှုရှိပြီး “ကျူပရိုမက်စ်၊ ကာစင်” ဆေးတစ်မျိုးမျိုး (သို့မဟုတ်) အလှည့်ကျဖြင့် ပက်ဖျန်းပေးရပါမည်။
၁၂ ။ ဆွတ်ခူးခြင်း
----------------
အသီးဆွတ်ခူးရန်အချိန်သည်အသီး၏ပုံသဏ္ဍာန်ပေါ်မူတည်ပါသည်။ လုံးဝိုင်းပုံ နှင့် ဘဲဥပုံအသီးများကို ပန်းပွင့်ပြီး(၂၅ - ၃၀)ရက်ကြာလျှင် ဆွတ်ခူးနိုင်ပါသည်။ လုံးရှည်ပုံအသီးတွင် ပန်းပွင့်ပြီး(၃၀)ရက်ကြာ လျှင်ခူးနိုင်ပြီး အသီးရှည်နှင့် အလွန်ရှည်သောအသီးများတွင် ပန်းပွင့်ပြီး (၃၅ - ၄၀)ရက်ကြာလျှင်ခူးနိုင်ပါ သည်။ အသီးရောင်တောက်နေသောအချိန်သည်စားသုံးရန်အနေတော်ဖြစ်ပြီး အရောင်မှိုင်းသွားပါက အသီးရင့်လွန်းပြီးစားသုံးရန်မကောင်းတော့ပါ။ အသီးများပုံမှန်ခူးပေးခြင်းဖြင့်အသီးထွက်နှုန်းကိုများစေနိုင်ပါသည်။တစ်ဧက အထွက်နှုန်းပိဿာချိန် (၆,၀၀၀ - ၈,၀၀၀) အထိရရှိနိုင်ပါသည်။
Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း