menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“မာလကာ စိုက်ပျိုးနည်း”
🍏🍏🍏🍏🍏🍏🍏🍏🍏🍏
မြန်မာအမည် - မာလကာ
အင်္ဂလိပ်အမည် - GUAVA
ရူပဗေဒအမည် - Psidium guajava
မျိုးရင်းအမည် - MYRTACEAE
၁။ မူရင်းဒေသ
အမေရိကတိုက်အပူပိုင်းတိုင်းပြည်များဖြစ်သော မက္ကဆီကိုနှင့်ပီရူးပတ်ဝန်းကျင် တိုင်းပြည်များ ဖြစ်ပါသည်။
၂။ မာလကာ မျိုးများ
မာလကာတွင် အကြမ်းအားဖြင့် အူနီသီးမျိုး နှင့် အူဖြူသီးမျိုးဟူ၍ ရှိသည်။ အူနီသီးမျိုးသည် အသီး၏အတွင်းသားသည် ပန်းရောင်မှ အနီရောင်ရှိ၍ စားသုံးရာတွင်ပျော့ပျောင်းသည်။ အူဖြူမျိုး ထက်ပို၍ ချိုသည်။ အသီးပုံသဏ္ဍန်သည် ဘူးသီးပုံဖြစ်သည်။ အူဖြူမျိုးအသီး၏အတွင်းသားသည် အဖြူရောင်ရှိပြီး အသီးသည်မာကျစ်သည်။ အူနီမျိုးထက် အစေ့လဲပိုများသည်။ အသီးပုံသဏ္ဍန်သည် အလုံးပုံဖြစ်သည်။ ၎င်းအပြင် ကီလိုမာလကာလို့ခေါ်တဲ့ အခြားမျိုးများလည်း ရှိပါသေးသည်။
၃။ ရေမြေရာသီဥတု
မာလကာသည် အပူပိုင်းသီးနှံဖြစ်သည်။ အပူသမပိုင်းဒေသများ၌လည်း ဖြစ်ထွန်းသည်။ သို့ရာတွင် ဆောင်းရာသီ သီးသန့်ရှိသောဒေသများတွင် အသီးအရသာနှင့် အရေအတွက် ပိုကောင်းသည်ဟု အဆိုရှိသည်။ မာလကာ အပင်ကြီးသည် အပူဒဏ်နှင့် ရေငန်ဒဏ်ကို ခံနိုင်ရည်ရှိသောအပင်ဖြစ်သည်။ နှင်းမှုန်ကျပြီး အနည်းငယ်အေးသော ဒဏ်ကိုခံနိုင်ရည်ရှိသော်လည်း ၂၀ ဒီဂရီဖာရင်ဟိုက်အထိအေးပါက အပင်ပေါ်ပိုင်းများသေသွားနိုင်သည်။ မြေအမျိုးအစားမရွေးဖြစ်ထွန်းနိုင်သည်တွေ့ရသည်။ ရေဝပ်ခြင်းကို မနှစ်သက်ပါ။ မြေချဉ်ငန်သည် pH ၄.၅ မှ ၈.၂ အတွင်း စိုက်ပျိုးနိုင်ပါသည်။ ထို့ကြောင့် မာလကာပင်သည် အလွန်စိုက်ရလွယ်ကူသော သီးပင်မျိုးဖြစ်ပါသည်။
၄။ စိုက်ပျိုးနည်း
မာလကာကို များသောအားဖြင့် အစေ့မှ စိုက်ကြပါသည်။ ရင်ချင်းအပ် ကိုင်းဆက်နည်းဖြင့် ကိုင်းဆက်၍ လည်းကောင်း၊ မြေထုပ်စည်းခြင်းဖြင့် လည်းကောင်း၊ အကိုင်းကိုဖြတ်၍ ပျိုးအိုးတွင် အမြစ်ပေါက်ခြင်းဖြင့်လည်းကောင်း ပျိုးပင်ကိုရယူ၍ စိုက်ပျိုးနိုင်ပါသည်။ အစေ့ပျိုးပင် သို့မဟုတ် မြေထုပ်စည်းပျိုးပင်ကို တစ်နှစ်သားအရွယ် ရောက်လျှင် ခြေချစိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် တစ်ပင်နှင့် တစ်ပင် ၁၅ပေ အကွာအဝေးထား၍ ကျင်းအလယ်တည့်တည့်တွင် မတ်မတ်ချစိုက်ရသည်။ ပျိုးပင်၏အနက်သည် ပျိုးအိုး (သို့မဟုတ်) ပလတ်စတစ်အိတ်တွင် ရှိစဉ်က အပင်၏ ခါး (Collar) အနက်အတိုင်း စိုက်သင့်သည်။ စိုက်ပြီးအပင်ကိုသေချာစွာဖိပေးပြီး အညွန့်သစ်များရလာသည် အထိ မိုးမရွာလျှင်နေ့စဉ်ရေလောင်းပေး ရပါသည်။ မာလကာပင်သည်ရေငတ်ခံနိုင်သောအပင်ဖြစ်သည်။ သဲဆန်သောတောင်ကုန်းများ၌ နွေရာသီတွင် ကောင်းစွာရှင်နိုင်ကြသည်။ သို့ရာတွင် နွေရာသီတွင် ရေလောင်း/ရေသွင်းပေးပါက အသီးပိုသီးပြီး တစ်နှစ်ပတ်လုံး သီးနိုင်ပါသည်။
၅။ မြေသြဇာကျွေးနည်း
မာလကာတစ်ပင်လျှင် နိုင်ထရိုဂျင်၊ ဖော့စ်ပရပ်၊ ပိုတက်စီယမ် ဆတူရောထားသော ကွန်ပေါင်းဓာတ်မြေသြဇာများကို တစ်နှစ်လျှင် ၃ ပေါင်မှ ၁၀ပေါင် အထိကျွေးသင့်ပါသည်။ ထိုသို့ ဓာတ်မြေသြဇာကျွေးတိုင်း နွားချေးမြေသြဇာကို တစ်ပင်လျှင် တောင်းသေးဖြင့် နှစ်တောင်းမှ ငါးတောင်းအထိ ကျွေးသင့်သည်။ ထိုမြေသြဇာများ ကျွေးရမည့်အချိန်များမှာ အပွင့်ပွင့်စတွင်တစ်ကြိမ်၊ မိုးဦးတွင် တစ်ကြိမ်၊ မိုးနှောင်းတွင်တစ်ကြိမ် စုစုပေါင်းသုံးကြိမ်ခွဲ၍ ကျွေးသင့်ပါသည်။
၆။ အပင်ပြုစုခြင်း
မာလကာပင်စိုက်ခင်းတွင် မြေဆွပေးခြင်း၊ ပေါင်းသင်ပေးခြင်း၊ ရေလောင်းပေးခြင်းများပြုလုပ်ရပါသည်။ အကိုင်းဖြတ်ပေးရာတွင် အပင်အမြင့်လေးပေခန့်အထိ မတ်မတ်ထောင်တက်ရန်အတွက် အပင်ခြေရင်းမှ ကိုင်းတက်များနှင့် ဘေးတက်များကို ဖြတ်တောက်ပေးရပါသည်။ သို့မှသာ မာလကာပင် အသီးဝေဆာပြီး ပိုမိုအသီးသီးနိုင်ပါသည်။
၆။ ပိုးမွှားရောဂါကာကွယ်ခြင်း
ပိုးစေးနှဲ၊ သီးထိုးပင်၊ ပျတို့ ကျရောက်တတ်ပြီး ပိုးသတ်ဆေးများ အချိန်မှီပက်ဖျန်း၍ ကာကွယ်နှိမ်နင်း ပေးရပါမည်။ မာလကာပင်ညှိုးရောဂါကျရောက်ပါက မာလကာပင်ငယ်များသည်ညှိုးနွမ်းသေဆုံး တတ်ပါသည်။ ငှက်မျက်စိကွက်ပြောက်ရောဂါ၊ ကြပ်ခိုးစွဲရောဂါများလည်း ကျရောက်တတ်ပြီး ဘော်ဒိုဆေးရည် (Bordeaux) ဖျန်း၍ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
၇။ ဆွတ်ခူးခြင်း နှင့် အထွက်နှုန်
မာလကာပင်သည် အစေ့မှစိုက်လျှင် လေးငါးနှစ်ကြာမှ အသီးသီးသည်။ မြေထုပ်စည်း မျိုးပွားပင်ဆိုလျှင် နှစ်နှစ်အတွင်းသီးသည်။ မြေသြဇာအပြည့်ကျွေး၍ ရေသွင်းရေလောင်းပေးသော အပင်များက တနှစ်ပတ်လုံး အသီးသီးနိုင်သည်။ မာလကာပင်တစ်ပင်သည် တစ်နှစ်လျှင် အသီးအများဆုံး ၁,၀၀၀ ခန့် အထိ သီးနိုင်သည်။ ပျမ်းမျှတစ်ပင်လျှင် တစ်နှစ်အသီး ၂၀၀ မှ ၃၀၀ သီးသည်။ မာလကာပင်သည် အသက် ၁၀ မှ ၁၅ နှစ်အတွင်းသာ အသီးထွက်ကောင်းသည်။ ထို့ကြောင့် သက်တမ်း(၁၅)နှစ် ကျော်လျှင် ပင်ပျိုများဖြင့် လဲလှယ်စိုက်သင့်ပါသည်။
Sources : စိုက်ပျိုးပညာပေးရေးဌာနခွဲ