menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မြေဆီလွှာ ဘာကြောင့်ဆပ်ပြာပေါက်ရသလဲ?
🔸ဘယ်လိုပြုပြင်ရမလဲ?🔸
🔸မြန်မာနိုင်ငံမှာ မြေဆီလွှာဆပ်ပြာပေါက်တာကို ပဲခူး (အရှေ့၊အနောက်) အထက်ပိုင်း၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ဖြစ်ပေါ်တာကို တွေ့ရပါတယ်။ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ အဲဒီဒေသတွေက မြေဆီလွှာအပေါ်မျက်နှာပြင်တွေမှာဆပ်ပြာမှုန့်ဖြူးထားသလို ဆပ်ပြာမှုန့်တွေဖွေးနေအောင်ပွင့်နေတာကို တွေ့ရပါတယ်။မြေဆီလွှာဆပ်ပြာပေါက်ခြင်းမှာ မြေဆီလွှာအောက်ရှိ ရေထဲမှာ ဆပ်ပြာတွေပျော်ဝင်နေရာက နေပူရှိန်ပြင်းလာတာနဲ့အမျှ ရေထဲပျော်ဝင်နေတဲ့ ဆပ်ပြာတွဟာ ရေနဲ့အတူအငွေ့ပြန်ပြီး မြေဆီလွှာမျက်နှာပြင်သို့ တက်လာပါတယ်။
🔸 မြေဆီလွှာအပေါ်မျက်နှာပြင်ရောက်တဲ့အခါ ရေဟာ အငွေ့ပြန်ပြီးလေထဲကိုတက်သွားကာ ရေထဲပျော်ဝင်နေတဲ့ ဆပ်ပြာဟာ အငွေ့မပြန်နိုင်တော့ဘဲ မြေဆီလွှာမျက်နှာပြင်မှာ ဆပ်ပြာမှုန့်များအဖြစ်ဖွေးနေအောင်ကျန်ရစ်ခဲ့ခြင်း ဖြစ်ပါတယ်။ဓာတ်သဘောအရဆိုရင် မြေဆီလွှာအတွင်း ဖလှယ်နိုင်တဲ့ ဆိုဒီယမ် (Na) ပါဝင်မှုပမာဏ များနေခြင်းကြောင့်လည်းကောင်း၊ မြေဆီလွှာချဉ်ငန်ကိန်း ၈ ဒသမ ၅ မှ ၁၁ အထိ ရှိနေခြင်းကြောင့်လည်းကောင်း၊ ဆိုဒီယမ်ကာဗွန်နိတ် (NaCO3)၊ ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် (NaHCO3) ၊ ကယ်လ်စီယမ်ကာဗွန်နိတ် (CaCO3)နဲ့ ဆီလီကာများပျော်ဝင်ပျောက်ဆုံးမှု များလွန်းခြင်းကြောင့်လည်းကောင်း၊ နိုက်ထရိုဂျင်ဓာတ်နဲ့ ဖော့စဖရပ်ဓာတ်ချို့တဲ့ပြီး မြေစေးနဲ့ မြေဆွေးဓာတ်များ ပြန့်ကျဲနေခြင်းကြောင့်လည်းကောင်းဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။ ဆပ်ပြာပေါက်မြေများဟာ စိုနေရင် စေးကပ်နေပြီး ခြောက်သွေ့နေရင် မာကျောကာ ရေစိမ့်ဝင်နိုင်မှု ညံ့ဖျင်းတာ၊ ရေပျံ့နှံ့မှု ညံ့ဖျင်းတာတွေ ဖြစ်ပေါ်စေပါတယ်။
🔸ဆပ်ပြာပေါက်မြေမှာ စပါးစိုက်ပျိုးပါက ကြုံတွေ့ရတဲ့ လက္ခဏာတွေက ရွက်ထိပ်ဖျားဖြူ၊ ကြီးထွားမှုရပ်တန့်၊ အပင်ပုပြီး နောက်ဆုံးညှိုးခြောက်သေသွားပါတယ်။စပါးပင်ငယ်စဉ်မှာ ဆပ်ပြာဒဏ်မခံနိုင်ပါ။အသက်ရလာရင် ခံနိုင်ရည်ရှိသွားပါတယ်။ပန်းပွင့်ချိန်မှာ ဆပ်ပြာဒဏ်မခံနိုင်တာ တွေ့ရပါတယ်။ ဆပ်ပြာအဆိပ်သင့်မှုဖြစ်ပါကစပါးရွက်တွေပေါ်မှာ အရောင်မညီ အနာကွက်တွေဖြစ်ပေါ်ပြီး ရွက်ဟောင်းတွေမှာမီးလောင်ကွက်လို ဖြစ်ပေါ်လာကာ နောက်ဆုံး စပါးပင်သေသွားပါတယ်။ စပါးပင်အမြစ်က စုပ်ယူတဲ့အာဟာရများနဲ့ ရေမှာဆိုဒီယမ်များနေသဖြင့် အဲဒီဆိုဒီယမ်များက စပါးပင်ရဲ့ အစာကြော၊ ရေကြောစီးကို ပိတ်ဆို့နေလို့ အပင်အပေါ်ပိုင်းကို အစာအာဟာရများနဲ့ ရေများမပို့နိုင်တော့ဘဲ ခြောက်သေရတာ ဖြစ်ပါတယ်။
🔸ဆပ်ပြာပေါက်မြေများကို ပြုပြင်ရန်နည်းလမ်းမှာ "ဂျစ်ပဆန်ကျောက်မှုန့်"ကိုတစ်ဧက ပေါင် ၃၀ မှ ၅၀ နှုန်းထည့်ပေးပြီးရေသွင်း၊ ရေလှောင် ထွန်နဲ့မွှေပြီး ရေပြန်လွှတ်တာ၊ ရေပြန်လှောင်တာ၊ တစ်ရာသီငါးကြိမ်၊ခြောက်ကြိမ် ရေသွင်းလိုက်၊ ထုတ်လိုက် ပြုလုပ်ပေးပါက ရေဆေးချသလိုဖြစ်သွားကာ ဆပ်ပြာ (ဆိုဒီယမ်ဓာတ် -Na) များ ရေနဲ့ပါသွားစေပါတယ်။ အခုလိုပြုလုပ်ပေးခြင်းဖြင့် မြေဆီလွှာအတွင်း ဆပ်ပြာပမာဏ လျော့နည်းစေခြင်း၊ မြင့်မားနေတဲ့မြေချဉ်ငန်ကိန်းကို လျော့ကျစေခြင်း၊ ဘိုရွန်အဆိပ်သင့်ခြင်းမှ ကင်းလွတ်စေခြင်း၊ မြေစိုနေချိန်မြေဆီလွှာ အောက်ဆီဂျင်နည်းခြင်းမှ ကင်းဝေးစေခြင်း၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်၊မဂ္ဂနီးစ်ဓာတ်၊ ဖော့စဖရပ်ဓာတ်များ အပင်က စုပ်ယူနိုင်မှုမြင့်မားစေခြင်း၊မြေဆီလွှာရုပ်ဂုဏ်သတ္တိများ ကောင်းမွန်လာစေခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိပါတယ်။
အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ(၇-၁၃)ရက်။