menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မြေငံနေရင် ဘယ်လိုပြုပြင် စိုက်ပျိုးမလဲ ?
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
↗️ငံနေတဲ့မြေငံမှာ ဘယ်လိုပြုပြင်ပြီးသီးနှံစိုက်ပျိုးရမလဲ ? ဘယ်အချက်တွေကို ဂရုပြုဆောင်ရွက်ရမလဲ ? စတဲ့အကြောင်းအရာများကို ဆွေးနွေးလိုပါတယ်။
↗️မြေငံရတဲ့အကြောင်းအချက် (၃)ချက်ရှိပါတယ်။
(၁) မြန်မာပြည်အောက်ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ ဒီရေလွှမ်းခံရတာကြောင့် ဖြစ်ရခြင်း။
(၂) ဒီရေမလွှမ်းသော်လည်း ဒီရေဟာလယ်မြေတွေရဲ့အောက်မြေလွှာအထိ စိမ့်ဝင်လာပြီး နေပူတဲ့အခါမှာ ရေနွေးငွေ့တွေဟာမြေမျက်နှာပြင်အပေါ်တက်လာပါတယ်။ ရေဟာအငွေ့ပျံသွားပြီးဆားတွေဟာ မြေကြီးမှာကပ်ကျန်နေခြင်းကြောင့် ဖြစ်ရခြင်း။
(၃) မြန်မာပြည်အလယ်ပိုင်းတွေမှာ ဆပ်ပြာပေါက်မြေကြောင့် ဖြစ်ရခြင်း။
↗️ဆားငံမြေ(ဒီရေလွှမ်းမြေ)မှာ စပါးစိုက်ရင် စပါးပင်ဟာရေငတ်ဒဏ်ခံရသလို ညှိုးနွမ်းပါမယ်၊ စပါးပင်တွေ အကွက်လိုက် သေကုန်မယ်၊ ပင်ပွားထွက်နည်းပြီး အပင်အရပ်မညီပါဘူး။ ကြဲခင်းဖြစ်ရင်တော့ အပင်ပေါက် မစုံပါဘူး။ မြေချဉ်ငံဓာတ်လွန်ကဲရင် ဆားငံဒဏ်ပိုခံရပါတယ်။ ထို့ကြောင့်ဆားငံဒဏ်ခံရတဲ့ လယ်မြေတွေမှာ သဘာဝမြေဩဇာလုံးဝမထည့်ရပါဘူး။ နွေစပါးစိုက်မည်ဆိုလျှင် သက်တမ်းရက် ၉၀ မှ ၁၀၀ ရှိတဲ့မျိုးကို စိုက်ပျိုးသင့်ပါတယ်။
↗️၎င်းမြေမျိုးတွင်စပါးစိုက်ပါက စပါးအရွက် တစ်ရွက်နှစ်ရွက် ထွက်ချိန်မှာ ဆားငံဒဏ်ခံနိုင်ရည်မရှိပါဘူး။ ပင်ပွားချိန်မှာ အနည်းငယ်ခံနိုင်ရည်ရှိပါတယ်။ ထို့ကြောင့် မျိုးစေ့ကိုတိုက်ရိုက်မျိုးစေ့မချရပါ။ ကြဲခင်း မကြဲသင့်ပါ။ ပျိုးထောင်စိုက်မည်ဆိုလျှင် ပျိုးသက်ရက်(၃၀)ထက် မငယ်သင့်ပါ။ ပျိုးပင်သန်စွမ်းဖွံ့ဖြိုး ရပါမယ်။ အနှံထွက်၊ ပန်းပွင့်ချိန်မှာ ဆားငံရည်ဒဏ်လုံးဝမခံနိုင်ပါ။ ထို့ကြောင့် အနှံထွက်၊ ပန်းပွင့်ချိန်မှာ စိုက်ခင်းအတွင်း ရေမနည်းစေရန်ဂရုစိုက်ရပါမည်။ ရေချိုကို ၅လက်မခန့် အမြဲလှောင်ထားပေးပါ။ မြေယာပြုပြင်ထွန်ယက်ချိန်တွင် ဆန်ကွဲ (၂-၃)တင်းခန့် ကြဲပက်၍ထွန်၊ ထယ် နှင့်သမအောင်မွှေပေးပါ။
↗️မြန်မာပြည်အောက်ပိုင်းဒေသများတွင် နွေစပါးကို တန်ဆောင်မုန်းလဆန်းတွင်အပြီးစိုက်ပျိုးပါ။ မိုးစပါးမှာ ဆားငံဒဏ်ခံနိုင်သည့် မျိုးများကိုရွေးချယ်စိုက်ပျိုးပါ။
↗️မြန်မာပြည်အလယ်ပိုင်းဒေသများအတွက် လယ်မြေအငံဓာတ်လျော့သွားအောင် သဘာဝမြေဩဇာ များများထည့်ပါ။ ကျောက်မှုန့်မြေဩဇာ တစ်ဧက ပေါင် ၃၀၀ ခန့် သုံးပါ။ သွပ်ဓာတ်မြေဩဇာ တစ်ဧက ၃ ပိဿာနှုန်းထည့်ပါ။ ဆားဓာတ်ပါသောစက်ရေတွင်းရေကို သွင်းရေအဖြစ်အသုံးမပြုရပါ။ ကြာလျှင် မြေပျက်သုဉ်းသွားနိုင်ပါသည်။ ရေဆင်းစိုက်ပျိုးရေးသုတေသနမှ ထုတ်ဝေထားသည့် ဆားငံဒဏ်ခံ စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးပါရန် အကြံပြုရေးသားအပ်ပါသည်။
↗️စစ်မှန် ပြည့်ဝ ဝိစာရ↖️
Sources : Saya U Aung San (အောင်ဆန်း - စိုက်ပျိုးရေး)