menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မြေပဲခင်းတွင် ဂျစ်ပ်ဆမ်ကျောက်မှုန့် နှင့် စက်ဖွဲပြာ စနစ်တကျသုံးစွဲခြင်း
🌿🥜🌿🥜🌿🥜🌿🥜🌿🥜🌿
↗️ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရာတွင် မြေပဲစွယ်ချအားနှင့် အုနှုန်းကောင်းစေရန်အတွက် လိုအပ်သော ကယ်လ်စီယမ်ဓာတ်၊ ဆာလ်ဖာဓာတ် နှင့် ပိုတက်စီယမ်ဓာတ် များအတွက် မော်နီတာဂျစ်ပ်ဆမ် ကျောက်မှုန့် နှင့် ပိုတက်စီယမ်ဓာတ်မြေဩဇာများကိုအသုံးပြုကြရပါသည်။ သို့ပါ၍ မော်နီတာဂျစ်ပ်ဆမ် ကျောက်မှုန့် နှင့် ကုန်ကျစရိတ်လျှော့ချလိုပါကပိုတက်စီယမ်ဓာတ်မြေဩဇာ (သို့မဟုတ်) အစားထိုး စက်ဖွဲပြာ စနစ်တကျသုံးစွဲနိုင်ပါရန်ရေးသားတင်ပြအပ်ပါသည်။
↗️မြေပဲပင်တွင်အောက်ခြေအဆစ် ၄-၅ဆစ်မှကိုင်းများ၏အဆစ်များမှပွင့်တံထွက်ပါသည်။ ပွင့်တံထွက်ပြီး ထိပ်မှာပန်းပွင့်ပါသည်။ ပန်းပွင့်သန္ဓေအောင်ပြီးလျှင်စွယ်ဖြစ်သွားသည်။ ၎င်းစွယ်သည်မြေကြီး ထဲသို့ ဝင်သွားပြီးစွယ်ထိပ်မှာမြေပဲတောင့်ဖြစ်ပြီး တဖြည်းဖြည်းကြီးထွားလာခြင်းဖြစ်သည်။ ထိုမြေပဲတောင့် ဖြစ်ရန် ပိုတက်စီယမ်ဓာတ်လိုပါသည်။ မြေကြီးအတွင်းမြေဆီဩဇာကြွယ်ဝ၍ ပိုတက်စီယမ်ဓာတ် အလုံအလောက်ရှိနေပါက မြေပဲပင်အမြစ်တွေကစုပ်ယူပြီးအရွက်မှတစ်ဆင့်စွယ်တွေဆီပို့ပေးပါသည်။ မြေကြီးတွင်းအာဟာရဓာတ်မလုံလောက်ပါက မြေပဲကမအုတော့ဘဲ လုံးပိန်လုံးညှပ်ဖြစ်သွားတတ်သည်။
↗️ထို့ကြောင့် ပိုတက်စီယမ်မြေဩဇာ (သို့) စက်ဖွဲပြာကိုပန်းမပွင့်မီအချိန်မှာမြေပဲစိုက်မြောင်းထဲကိုထည့်ပေး ရပါမည်။ စက်ဖွဲပြာအသုံးပြုပါက တစ်ဧကလျှင် လှည်း(၃-၅)စီးနှုန်းသုံးပေးရပါမည်။ စက်ဖွဲပြာကို မြေပဲ စိုက်မြောင်းအတွင်းဖြူးချပေးပြီး ပေါက်ပြားနှင့်အပင်ခြေထဲရောက်အောင်ပြုပြင်ပေးရပါသည်။ သို့မှသာ မြေပဲပန်းပွင့်ပြီးစွယ်ချချိန်တွင် လိုအပ်သောအာဟာရဓာတ်များရရှိနိုင်ပါမည်။
↗️ထို့ပြင် မြေပဲအုအားကောင်းရန်အတွက်လိုအပ်သော ကယ်လ်စီယမ် နှင့် ဆာလ်ဖာဓာတ်တို့အတွက် တစ်ဧကလျှင် ဂျစ်ပ်ဆမ် ကျောက်မှုန့် ပေါင် (၂၀၀)နှုန်း ခန့်ထည့်သွင်းပေးရပါမည်။ သုံးရမည့်အချိန်မှာ မြေပဲပန်းမပွင့်မီ တစ်ပတ်အလိုတွင် စိုက်မြောင်းအတွင်းဖြူးထည့်ပေးပြီး အပင်ခြေထိရောက်အောင် ပြုလုပ်ပေးရပါမည်။ ဂျစ်ပ်ဆမ် ကျောက်မှုန့် ဖြူးပေးသည့်အချိန်တွင်လေထဲလွင့်ပြီး အလေအလွင့်မဖြစ်စေရန် လက်နှင့်ဖြူးပေးသည့်အခါ အောက်ကိုနှိမ့်ပြီးဖြူးပေးရန်အထူးဂရုပြုရပါမည်။
အောင်ဆန်း (စိုက်ပျိုးရေး)
စိုက်ပျိုးရေးရာအကြံပြုချက်များ