menu

မြေပဲခင်းတွင် ဂျစ်ပ်ဆမ်(ကျောက်မှုန့်) စနစ်တကျထည့်သွင်းပါ


🌿🥜🌿🥜🌿🥜🌿🥜🌿🥜🌿

✅ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရာတွင် မြေပဲစွယ်ချအားနှင့် အုနှုန်းကောင်းစေရန်အတွက်လိုအပ်သော ကယ်လ်စီယမ်ဓာတ် နှင့် ဆာလ်ဖာဓာတ်များအတွက် မော်နီတာဂျစ်ပ်ဆမ်ကို ထည့်သွင်းအသုံးပြုကြရပါသည်။

✅မြေပဲပင်တွင်အောက်ခြေအဆစ် ၄-၅ဆစ်မှကိုင်းများ၏အဆစ်များမှပွင့်တံထွက်ပါသည်။ ပွင့်တံထွက်ပြီး ထိပ်မှာပန်းပွင့်ပါသည်။ ပန်းပွင့်သန္ဓေအောင်ပြီးလျှင်စွယ်ဖြစ်သွားသည်။ ၎င်းစွယ်သည်မြေကြီး ထဲသို့ ဝင်သွားပြီးစွယ်ထိပ်မှာမြေပဲတောင့်ဖြစ်ပြီး တဖြည်းဖြည်းကြီးထွားလာခြင်းဖြစ်သည်။ မြေကြီးအတွင်း မြေဆီဩဇာကြွယ်ဝနေပါမှ မြေပဲပင်အမြစ်တွေကစုပ်ယူပြီးအရွက်မှတစ်ဆင့်စွယ်တွေဆီပို့ပေးပါသည်။ မြေကြီးတွင်းအာဟာရဓာတ်မလုံလောက်ပါက မြေပဲကမအုတော့ဘဲ လုံးပိန်လုံးညှပ်ဖြစ်သွားတတ်သည်။

✅ထို့ကြောင့် မြေပဲအုအားကောင်းရန်အတွက်လိုအပ်သော ကယ်လ်စီယမ် နှင့် ဆာလ်ဖာဓာတ်တို့အတွက် တစ်ဧကလျှင် ဂျစ်ပ်ဆမ်ကျောက်မှုန့် ပေါင် (၂၀၀)နှုန်း ခန့်ထည့်သွင်းပေးရပါမည်။ သုံးရမည့်အချိန်မှာ မြေပဲပန်းမပွင့်မီ တစ်ပတ်အလိုတွင် စိုက်တန်းကြားအတွင်းဖြူးထည့်ပေးပြီး အပင်ခြေထိရောက်အောင် ပြုလုပ်ပေးရပါမည်။ ဂျစ်ပ်ဆမ် ကျောက်မှုန့် ဖြူးပေးသည့်အချိန်တွင်လေထဲလွင့်ပြီး အလေ အလွင့်မဖြစ်စေရန် လက်နှင့်ဖြူးပေးသည့်အခါ အောက်ကိုနှိမ့်ပြီးဖြူးပေးရန်အထူးဂရုပြုရပါမည်။

“ဂျစ်ပ်ဆမ် (ကျောက်မှုန့်)”အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ .....

(၁) ဂျစ်ပ်ဆမ်ကျောက်မှုန့်မြေဩဇာတွင်ပါဝင်သည့် ထုံးဓါတ်သည် အပင်ဆဲလ်နံရံများ တောင့်တင်း ခိုင်မာစေရန်အတွက် ဆောင်ရွက်ပေးပြီး အပင်အမြစ်ထိပ်ဖျားများသန်မာစေရန်အတွက်လည်း လုပ်ဆောင်ပေးပါသည်။

( ၂) ဂျစ်ပ်ဆမ်ကျောက်မှုန့်တွင်ပါဝင်သော ကန့်ဓါတ်သည် အပင်များအတွက် အာဟာရဓာတ်ကို ထောက်ပံ့ပေးရုံမျှမက အပင်အတွက်ထည့်သွင်းပေးထားသော နိုက်ထရိုဂျင်ဓါတ်ကို အပင်က ကြာရှည်စွာစားသုံးနိုင်ရန် ထိန်းထားပေးနိုင်တဲ့အတွက် နိုင်ထရိုဂျင်ဓါတ်များ လေလွင့်ဆုံးရှုံးမှုကို လျော့နည်းစေပါသည်။

(၃) ဂျစ်ပ်ဆမ် သည် ရွှံ့မြေများ၊ ဆားပေါက်မြေများ၏ မြေဆီလွှာဂုဏ်သတ္တိကို ပြန်လည်ကောင်းမွန် လာစေသည့်အပြင် မြေအက်ကွဲမှုကို သက်သာစေပြီး၊ စိုက်ပျိုးသီးနှံများ၏ အပင်ပေါက်နှုန်းကိုလည်း ကောင်းမွန်စေနိုင်ပါသည်။

(၄) မြေပဲသီးနှံတွင် ဂျစ်ပ်ဆမ်ကျောက်မှုန့်ကို ထည့်သွင်းအသုံးပြုပေးခြင်းဖြင့် မြေပဲစွယ်အောင်မြင်မှု ရာခိုင်နှုန်းတိုးစေနိုင်သည့်အပြင် မြေပဲအစေ့အဆံပြည့်ဝစေ၍ ဆီထွက်ရာခိုင်နှုန်း ကောင်းစေပါသည်။

✅ထို့ကြောင့်မြေပဲစိုက်ပျိုးမည့် ဦးကြီးတို့အတွက်“မော်နီတာ ဂျစ်ပ်ဆမ်” ကို စနစ်တကျ ထည့်သွင်း သုံးစွဲကြပါရန် အကြံပြုရေးသားလိုက်ရပါသည်။

🥜စစ်မှန် ပြည့်ဝ ဝိစာရ🥜