menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မှန်ကန်သောသီးနှံပုံစံ ရွေးချယ်စိုက်ပျိုးကြရန်
🌾🌽🌿🌻🌾🌾🌽🌿🌻🌾
🔘မြန်မာနိုင်ငံအနှံ့အပြားမှာ သူ့ဒေသအလိုက် စီးပွားရေးတွက်ခြေကိုက်တဲ့ သီးထပ်သီးနှံ၊ သီးညှပ်သီးနှံ (သီးနှံပုံစံ) တွေကိုစိုက်ပျိုးကြတာ တွေ့ရပါတယ်။ စိုက်ပျိုးကြတဲ့ သီးနှံပုံစံတွေကြည့်ရင် (မိုးစပါး-ပဲမျိုးစုံ)၊ (မိုးစပါး-ဆီထွက်သီးနှံ)၊ (မိုးစပါးဟင်းသီးဟင်းရွက်)၊ (မိုးစပါး-ပဲမျိုးစုံ-ဆီထွက်သီးနှံ)၊ (မိုးစပါး-နွေစပါး)၊ (မိုးစပါး-ပဲမျိုးစုံ- ပဲမျိုးစုံ)၊ (မိုးစပါး-အစေ့ထုတ်ပြောင်း)၊ (မိုးစပါး-ပဲမျိုးစုံ၊ ဆီထွက်-နွေစပါး)၊ (မိုးစပါး-ပဲမျိုးစုံ- သစ်စိမ်းမြေသြဇာ)၊ သီးညှပ်အနေနဲ့ (ဆီထွက်သီးနှံနဲ့ပြောင်း)၊ (ပဲမျိုးစုံနှင့် ပြောင်း) ၊ (ဆီထွက်)စတဲ့ သီးနှံပုံစံတွေစိုက်ပျိုးကြတာ တွေ့ရှိရပါတယ်။
🔘သီးထပ်သီးနှံပုံစံမှာတော့ စပါး-ပဲမျိုးစုံ-နွေစပါး သီးနှံပုံစံဟာ ငွေတစ်ကျပ်ရင်းနှီးမြှုပ်နှံရင် ၂ ဒသမ ၉၄ ကျပ် အကျိုးအမြတ်ရရှိနိုင်တာ တွေ့ရပါတယ်။ စပါး-ပဲမျိုးစုံ-ဆီထွက်သီးနှံပုံစံကတော့ ငွေတစ်ကျပ် ရင်းနှီးမြှုပ်နှံရင် ၂ ဒသမ ၉၃ ကျပ်အကျိုးအမြတ်ရရှိနိုင်တာ တွေ့ရပါတယ်။စပါး-ပဲမျိုးစုံ-နွေစပါး သီးနှံ ပုံစံကတော့ငွေတစ်ကျပ် ရင်းနှီးမြှုပ်နှံရင် ၂ ဒသမ ၇၀ကျပ် အကျိုးအမြတ်ရရှိနိုင်ပါတယ်။ စပါး-ပဲမျိုးစုံ-ပဲမျိုးစုံ သီးနှံပုံစံကတော့ ငွေတစ်ကျပ်ရင်းနှီးမြှုပ်နှံရင် ၂ ဒသမ ၆၂ ကျပ်အကျိုးအမြတ် ရရှိနိုင် တာကိုတွေ့ရပါတယ်။
🔘ဒီလို သီးနှံပုံစံများရဲ့ စီးပွားရေးအကျိုးအမြတ်ရရှိနိုင်မှုအပြင် သီးနှံပုံစံများကြောင့် မြေဆီလွှာအတွင်းသို့ အာဟာရပြန်လည်ဖြည့်စွမ်းနိုင်မှုဟာလည်း အရေးပါတာတွေ့ရပါတယ်။ စီးပွားရေးလည်း တွက်ခြေကိုက် ပြီး မြေတွင်းသို့အာဟာရပြန်လည်ဖြည့်စွက်မှုလည်း အားကောင်းတဲ့ သီးနှံပုံစံဆိုရင် တောင်သူ လယ်သမားကြီးများအတွက် ပိုပြီးတွက်ခြေကိုက်မှာ ဖြစ်ပါတယ်။ စီးပွားရေးတော့ တွက်ခြေကိုက်ပြီးမြေဆီလွှာဆုတ်ယူဆုံးရှုံးမှု များနေရင်တော့တောင်သူလယ်သမားကြီးများအတွက် “ပေးကပေး၏ မရ” ဖြစ်နိုင်ပါတယ်။
🔘တပ်ကုန်းခြံမှာ (ပဲတီစိမ်း၊ ပိုက်ဆံလျှော်၊ ပဲတီစိမ်း) သီးနှံပုံစံဟာ ပဲတောင့်များကောက်အပြီး ကြွင်းကျန် နေသော ပဲပင်များကို မြေတွင်းသို့ ထယ်ထိုးထွန်မွှေ မြေမြှုပ်၍ ပြန်လည်ထည့်သွင်းပေးနိုင်ပါက ရေရှည်တွင် ကုန်ခန်းသွားသော မြေဆီလွှာအာဟာရဓာတ်များ ပြန်လည်ပြည့်ဖြိုးလာပြီး မြေဆီလွှာပျက်စီးမှု ကို ထိန်းသိမ်းနိုင်တာကို တွေ့ရပါတယ်။
🔘ဇလုပ်ခြံမှာ နှမ်းလျင်-ပဲတီစိမ်း၊ ပဲစင်းငုံ (၂ : ၁) သီးနှံပုံစံ စိုက်ပျိုးခြင်းသည်ပဲတီစိမ်းပင်ကျန်၊ ပဲစင်းငုံပင် ကျန်နဲ့ နှမ်းရိုးတို့ကို မြေတွင် ထယ်ထိုးမြေမြှုုပ် ပြန်လည်ထည့်သွင်းသော်လည်း ယူရီးယားမြေသြဇာကို ပုံမှန်နှုန်းထားထက် ပိုမိုအသုံးပြုနိုင်မှသာ မြေဆီလွှာအာဟာရဓာတ်ကို ထိန်းသိမ်းနိုင်ကြောင်း တွေ့ရ ပါတယ်။
🔘အောင်ပန်းခြံမှာ (အာလူး-ပန်းနှမ်း) သီးနှံပုံစံစိုက်ပျိုးခြင်းဟာ ယူရီးယားမြေသြဇာနဲ့ ပိုတက်ရှ်မြေသြဇာ ကို ပုံမှန်နှုန်းထားထက်အနည်းငယ် ပိုမိုသုံးစွဲနိုင်မှသာ ရေရှည်မှာမြေဆီလွှာအာဟာရကို ထိန်းသိန်းနိုင်ကြောင်း တွေ့ရပါတယ်။ အောင်ပန်းခြံမှာပင် (ပဲပုပ်-ပန်းနှမ်း) သီးနှံပုံစံ စိုက်ပျိုးတာဟာ သီးနှံများ ကောက်သိမ်းပြီးပါက အပင်အကြွင်းအကျန်အားလုံးကို ထယ်ထိုးထွန်မွှေမြေမြှုပ်ပေးပါက မြေဆီလွှာ အာဟာရကို ထိန်းသိမ်းနိုင်ကြောင်း စမ်းသပ်တွေ့ရှိချက်များကိုရေးသားတင်ပြပါသည်။
အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂၅ - ၃၁) ရက်။