menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မိမိ၏စိုက်ပျိုးမြေ အမျိုးအစားနှင့် အဆင့်အတန်းကို မိမိကိုယ်တိုင် အကြမ်းဖျင်း စမ်းသပ်စစ်ဆေးနည်း။
မြေဆီလွှာသည်..
သဲမြေ (sand)
နုံးမြေ (silt)
မြေစေး (clay)တို့၏
အမှုန့်ကလေးများ အချိုးအစားအမျိုးမျိုးဖြင့် ရောနှောပေါင်းစပ် ကာ သဲမြေ၊ သဲနုံးမြေ၊ နုံးမြေ၊ နုံးမြေစေး၊ မြေစေး စသည်ဖြင့် အမည်အမျိုးမျိုးဆောင် ကာ ကောင်း-သင့်-ညံ့ အရည်အသွေး အဆင့်အတန်းမျိုးစုံဖြင့် တည်ရှိနေကြ ပါသည်။
၎င်းကို မြေသားအနုအကြမ်း (သို့မဟုတ်) မြေမှုန့်ပေါင်းစပ်မှု (soil texture)ဟုခေါ် ပါသည်။ သဲ၊ နုံး နှင့် မြေစေးပါဝင်မှု တိုင်းတာခြင်းဖြစ်သည်။
မြေတစ်မျိုးတွင် နုံးမြေပေါင်းစပ်ပါဝင်မှု ပမာဏများပြားလျှင် သမ(loam)သည်ဟု ခေါ်ဝေါ်သတ်မှတ်ပါသည်။
ဥပမာ..
သဲသမ loamy sand
မြေသမ loam
မြေစေးသမ loamy clay
မြေမှုန့် အရွယ်အစားအနေဖြင့် သဲသည် အကြီးဆုံးဖြစ်သည်။ လက်ဖြင့်စမ်းသပ်လျှင် ကြမ်းတမ်းသည်။ နုံးသည် အလယ်အလတ်ဖြစ်သည်။ မြေစေးသည် အသေးဆုံးဖြစ်၍ လက်ဖြင့်စမ်းသပ်လျှင် နုညံ့သည်။
သဲနုံးမြေစေး အချိုးကျပါဝင်ပြီး သမသည့်မြေ loamy soil (သို့မဟုတ်) အတုံးအခဲ၊ အပြားလိုက်ဖြစ်မနေဘဲ ထွန်ယက်စိုက်ပျိုးရန် ကောင်းမွန်သည့် ပွရွပြီးမွနေသည့်မြေကို မြေသား တည်ဆောက်မှု (soil structure) ကောင်းသည်ဟုခေါ်ပါသည်။
၎င်း soil texture နှင့် soil structure ကိုမိမိကိုယ်တိုင် အကြမ်းဖျင်းစမ်းသပ် သိရှိနိုင်လျှင် မိမိမြေ၏ ရေထိန်းသိမ်းနိုင်မှု၊ ရေစီးရေလာကောင်းမွန်မှု၊ အပင်များအာဟာရဓါတ်ရယူနိုင်မှု၊ မြေဆီလွှာထိန်းသိမ်းမှု၊ စသည်များသိရှိနိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်း အတွက် များစွာအထောက်အကူ ရရှိကြမည်ဖြစ်ပါသည်။
လက်တွေ့စမ်းသပ်ရန်မှာ..
ပထမဦးစွာ..မြေနမူနာရယူရန်ဖြစ်သည်။ မိမိမြေသည် တစ်ကွက်လုံး မြေအမျိုးအစား၊ အခြေအနေအားလုံးတူညီပါက ကိုယ်စားပြုတနေရာတည်းမှ ရယူနိုင်ပါ သည်၊ မြေအရောင်၊ အနမ့်အမြင့်၊ အမျိုးအစား၊ အခြေအနေများ မတူညီပါက နေရာအမျိုးမျိုးမှ ရယူရပါမည်။ ထွန်ထယ်ဖြင့် မြေမပြုပြင်မီယူရမည်။
ယူမည့်နေရာတွင် အပေါ်ယံမြက်၊ အမှိုက် များကိုရှင်းပါ။ ပေါက်ပြား (သို့) ဂေါ်ပြားဖြင့် ၆-လက္မအနက်ရောက်အောင် ဒေါင်လိုက် ၁-လက္မအထူ မြေချပ်ရအောင် V-shape ကော်ယူပါ။ နေရာများများယူနိုင်လေ ကောင်းလေဖြစ်သည်။ ရလာသည့် မြေနမူနာများကို သမအောင် မွှေနှောက်ရောနှောပါ။
၎င်းနမူနာထဲမှ စမ်းသပ်ရန်မြေ လက်တစ်ဆုပ်ခန့်ယူပါ။ ၎င်းမြေကို ရေနှင့် မနည်းမများ အလောတော်ရောပြီး နယ်ပါ။ လောက်စာလုံး လုံးရနိုင်မည့်အနေအထား မျိုးဖြစ်သည်။ ၎င်းအထဲမှ အလောတော်ယူ၍ ညီညာသည့် မျက်နှာပြင်ပေါ်တွင် အချောင်း(သို့)အတောင့် ရှည်ရှည်ရအောင်လှိမ့်ပါ။ မြေအချောင်း၏ အချင်းသည် 3 mm (နှစ်လက္မခွဲအိမ်ရိုက်သံအလုံးခန့်)ရှိပြီး အရှည် (၄)လက္မခန့်ရှိရမည်။ ရလာသည့် မြေချောင်းအတောင့်ကို အဖျားနှစ်ဖက် ထိအောင်ကွေး၍ လက်စွပ်သဏ္ဍာန် အဝိုင်းပုံဖြစ်အောင် ပြုလုပ်ရမည်။ လက်စွပ်ကွင်း၏အချင်း သည် 3 cm (တစ်လီတာရေသန့်ဗူးအဖုံး) ခန့်ရှိရမည်။
သဲ - သဲနု
---------------------
လက်ဖြင့်စမ်းသပ်လျှင် ကြမ်းတမ်းသည်။ မြေချောင်းအတောင့် လုံးဝလုပ်မရပါ။
ထွန်၊ ထယ်ဖြင့် မြေပြင်ရလွယ်ကူပါသည်။ အမြင့်ဆုံး ရေထိန်းနိုင်မှု (၉-၁၄)%ရှိပြီး ပင်ညှိုးအမှတ် (၂-၄)%သာရှိသဖြင့် ရေထိန်းနိုင်မှုမကောင်း။ အပင်မှအစာရေ စာရရှိနိုင်မှု ညံ့ဖျင်းသည်။ သို့သော် ရေစီးရေလာ ကောင်းမွန်ပါသည်။ မြေတိုက်စားခြင်းဒဏ်မှ ကာကွယ်ရန် လိုအပ်ပါသည်။
သဲသမ
----------------
လက်ဖြင့်စမ်းသပ်လျှင် ကြမ်းတမ်းသည်။ မြေချောင်း အတောင့်အရှည် လုပ်မရပါ။ မြေချောင်း အတောင့်အတိုသာ လုပ်ရသည်။
ထွန်ထယ်ဖြင့် မြေပြင်ရလွယ်ကူသည်။ အမြင့်ဆုံး ရေထိန်းနိုင်မှု (၂၃-၃၀)%ရှိပြီး ပင်ညှိုးအမှတ် (၉-၁၂)%ရှိသဖြင့် ရေထိန်းနိုင်မှု၊ အာဟာရရှိနိုင်မှု သိပ် မကောင်းပါ။ ရေစီးရေလာ ကောင်းမွန်ပြီး မြေတိုက်စား မှုမှ ကာကွယ်ရန်လိုအပ်ပါသည်။
နုံးသမ - မြေစေးသမ
-------------------------------
လက်ဖြင့်စမ်းသပ်လျှင် အနေတော် အလယ်အလတ် ဖြစ်ပါသည်။ မြေချောင်း အတောင့်ရှည် လုပ်ရသော်လည်း လက်စွပ်ကွင်း လုပ်မရပါ။
ထွန် ထယ်ဖြင့် မြေပြုပြင်၍ကောင်းပါသည်။ အမြင့်ဆုံး ရေထိန်းနိုင်မှု ၃၀% ရှိပြီး ပင်ညှိုးအမှတ် (၁၄-၁၆)%ရှိသဖြင့် ရေထိန်းနိုင်မှု၊ အာဟာရရရှိနိုင်မှု ကောင်းမွန်ပါသည်။ ရေစီးရေလာ သင့်တင့်ပါသည်။ ရေလွှမ်းမိုးမည့်ရန်မှ ကာကွယ်ရပါမည်။
နုံးမြေစေး-သဲမြေစေး-မြေစေး
----------------------------------
လက်ဖြင့်စမ်းသပ်လျှင် နုညံ့ပါသည်။ မြေချောင်း အတောင့်ရှည် ပြုလုပ်၍ရပါ သည်။ လက်စွပ်ကွင်းလဲ လုပ်ရပါသည်။
ထွန်ထယ်ဖြင့် မြေပြုပြင်ရခက်ခဲပါသည်။ အမြင့်ဆုံး ရေထိန်းနိုင်မှု(၃၄-၃၈)%ရှိပြီး ပင်ညှိုးအမှတ် (၂၀-၂၄)%ရှိသဖြင့် ရေထိန်းနိုင်မှုနှင့် အာဟာရရရှိနိုင်မှု သင့်တင့်ပါသည်။ ရေစီးရေလာမကောင်းပါ။ ရေနှုတ်စနစ် ကောင်းမွန်အောင် ပြုပြင်ရန် လိုအပ်ပါသည်။
----
Soil structure နှင့်ပါတ်သက်၍
ရေသွင်းပြီးဖြစ်စေ..မိုးရွာပြီးဖြစ်စေ.. အကောင်းဆုံး ထွန်ရေးထယ်ရေး ရရှိအောင် မည်သည့်အချိန်တွင် ထွန်ထယ် စတင်ဝင်ရောက်ရမည်ကို စိုက်ခင်း၏အစိုဓါတ်အား လက်တွေ့ စမ်းသပ်သိရှိနိုင်ရန်လည်း အရေးကြီးသည့် အချက်ဖြစ်ပါသည်။
လက်တွေ့စမ်းသပ်ကြည့်ရမည်မှာ..
စိုက်ခင်းထဲရှိမြေကို လက်တစ်ဆုပ်စာ ခန့်ယူ၍ လက်ထဲတွင် ထမင်းဆုပ်ကဲ့သို့ ဆုပ်ကြည့်ပါ။
ထမင်းဆုပ် လုပ်မရလျှင်.. အစိုဓါတ်နည်းသေး၍ ထွန်ထယ်ဝင်လို့ မရနိုင်သေးကြောင်း သိရှိနိုင်ပါသည်။
မြေကို လက်ဖြင့်ဆုပ်ရာတွင် လက်ချောင်း များကြားမှ ရေများစီးကျလာလျှင်.. အစိုဓါတ်များလွန်းသေး၍ ထွန်ထယ်ဝင်လို့ မရနိုင်သေးကြောင်း သိရှိနိုင်ပါသည်။
ထမင်းဆုပ်ပမာဆုပ်ရပြီး လက်ချောင်းကြားမှ ရေများယိုစီးမကျတော့လျှင်.. ၎င်းမြေဆုပ်ကို မတ်တပ်ရပ်အနေအထားမှ မြေကြီးပေါ်သို့ ပစ်ချကြည့်ပါ။
မြေကြီးပေါ်ကျပြီး မြေဆုပ်သည် အနေအထားမပျက် ကွဲကြေခြင်းမရှိလျှင် .. အစိုဓါတ်များသေး၍ ထွန်ထယ်ဝင်၍ မကောင်းသေးကြောင်း သိရှိနိုင်ပါသည်။
မြေဆုပ်သည် မြေပေါ်သို့ကျသည်နှင့် ဖွာကနဲ အားလုံးကြေမွ ကွဲကျေသွားလျှင် ထွန်ထယ်ဝင်ရန် အကောင်းဆုံး အစိုဓါတ်အခြေအနေကို ရောက်ရှိပြီဖြစ်၍ ၎င်းအချိန်တွင် စတင်မြေပြုပြင်ပါက မှုန့်ညက်ပွရွသည့် အကောင်းဆုံး ထွန်ရေးကို ရရှိနိုင်မည်ဖြစ်ကြောင်း ကိုယ်တိုင်စမ်းသပ် သိရှိနိုင်ကြမည် ဖြစ်ပါသည်။ ။
Than Win Agri
Photo : Google