menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မိုးရာသီနှင့် တနိုင်တပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်း
🌿🌶🍅🥦🥬🧄🧅🍆🌿
✔️ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုတွင် တပိုင်တနိုင် စိုက်ပျိုးမှုနှင့် စီးပွားဖြစ်စိုက်ပျိုးမှုတို့ရှိကြသည်။ ဘေးကင်းလုံခြုံသော အစားအစာရရှိရန် ငရုတ်တစ်ပင်၊ ချင်းသုံးပင်၊ ရုံးပတီ၊ ချဉ်ပေါင်၊ ပျဉ်းတော်သိမ်၊ ဥစားနှင့် အမြိတ်စားကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ကန်စွန်းတို့ကို အိမ်ခြံရှိသူများ စိုက်ပျိုးနိုင်သကဲ့သို့ နေ့စဉ် ဈေးကွက်ရှိနေသော ဟင်းသီး ဟင်းရွက်ကို စီးပွားဖြစ်ခြံကြီးများဖြင့်စိုက်ပျိုးမှုကလည်း မြို့ပြဝန်းကျင် တစ်ဝိုက်တွင် ရှိလာကြပြီ။
✔️ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုများပြားသည်မှာ ဆောင်းရာသီဖြစ်၍ ဒုတိယများပြားသည်မှာ မိုးရာသီ ဖြစ်သည်။ မိုးရာသီတွင် ရေမဝပ်ရန် စိုက်ခင်းပေါင်အမြင့်ဖြင့် စိုက်ပျိုးကြပြီး ဆောင်းရာသီတွင် စိုက်ခင်းပေါင် အနိမ့်ဖြင့်စိုက်ကြသည်။
✔️ဟင်းသီးဟင်းရွက်မှာ အုပ်စုသုံးစုခွဲခြားနိုင်သည်။ စင်မတင်ရသောအုပ်စုတွင် ငရုတ်၊ ခရမ်း၊ ဒန့်သလွန်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်လာဥ၊ ရုံးပတီ၊ ဆလတ်၊ ကြောင်လျှာ၊ ချဉ်ပေါင်၊ကန်းစွန်၊ ကိုက်လန်၊ မြင်းခွာ၊ မုန်ညင်း၊ နိုကို၊ ကန်စွန်းဥ၊ ကညွတ်၊ ပင်ထောင်ခရမ်းချဉ်၊ ကြက်သွန်၊ ဟင်းနုနယ်၊ ဆူးပန်း၊ နံနံ၊ပျဉ်းတော်သိမ် စသည်ရှိသည်။
✔️စင်တင်ရသော ဟင်းသီးဟင်းရွက်တွင် သခွား၊ ဘူး၊ ဖရုံ၊ ပဲတောင့်ရှည်၊ ပဲစောင်းလျား၊ ခဝဲ၊ ဘိုစားပဲ၊ ပဲလင်းမြွေ၊ တိုင်ထောင်ခရမ်းချဉ် ရှိသည်။ အပင်ကို ချုံပုတ်သဖွယ် စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များ မြို့ကြီးများ၏ ဘေးဝန်းကျင်အနီးအနား၌ စိုက်ပျိုးလာကြရာ လူခါးစောင်းခန့် အမြင့်ရှိအောင် ပြုပြင်ကိုင်းဖြတ်ထားသော ဆူးပုပ်၊ မန်ကျည်း၊ ခွေးတောက်၊ ကင်ပွန်းချဉ်၊ ဒန့်သလွန် (အရွက်စား)၊ ပေါက်ပန်းဖြူတို့ စိုက်ပျိုးနိုင်သည်။
✔️လူနေမှုနှင့် ဈေးကွက်အပေါ် မူတည်၍ ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုစနစ်သည် တိုးတက်ပြောင်းလဲလာသည်။ ခြံဝင်းမရှိသူများကလည်း တိုက်ခန်းဝရန်တာတွင် စိုက်ပျိုးကြသည်။ ခရမ်းချဉ်ဆိုလျှင် စင်တင် နွယ်မျိုး စိုက်ပျိုးမှု များလာသဖြင့် ဒေသကိုင်းသီး (ကိုင်းခရမ်းချဉ်) ရှားလာသည်။ စပ်မျိုးများ၏ အရည်အသွေးနှင့် အထွက်ကောင်းမှုကို လက်ခံလာကြသလို ဒေသမျိုး ဟင်းသီးဟင်းရွက်များကိုလည်း မျိုးထိန်းသိမ်းသင့်ပါသည်။ များသောအားဖြင့် ပဲစောင်းလျား၊ခရမ်းချဉ်၊ ငရုတ်၊ ဖရုံ၊ ကန်စွန်း၊ မုန်လာ၊ ကြက်သွန်တို့သည် ပြည်ပမျိုးများ များပြားလာသည်။ ဒန့်သလွန်ပင်မျိုးမှာ ခြောက်လမျိုး (ပြည်ပ) စိုက်ပျိုးလာကြသည်။ နယ်စပ်ဒေသမြို့အချို့တွင် ဟင်းသီးဟင်းရွက်စိုက်ခင်းများ နည်းပါးလာပြီး ထိ စပ်နေသောနိုင်ငံမှ ငရုတ်၊ စပါးလင်၊ နံနံပင်မှအစ ဝယ်စားနေကြပြီဖြစ်သည်။
✔️ကိုယ်တိုင်ဟင်းသီးဟင်းရွက် စိုက်ပျိုးစားသုံးခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး မိသားစုဝင်ငွေ ချွေတာရာရောက်သည်။ ပိုလျှံသမျှရောင်းချနိုင်သည်။ ဟင်းသီးဟင်းရွက်အမျိုးအစားပေါင်း (၅၀) ကျော် ရှိသည်။ အုပ်စုခွဲလိုက်လျှင် လေးမျိုးရှိသည်။ အပင်၏ အစိတ်အပိုင်းစားသုံးမှုအရ အရွက်စား၊ ဥစား စသည် ခွဲခြားခြင်း၊စိုက်ပျိုးမှုစနစ်အရမျိုးတူရာ ခွဲခြားခြင်း၊ ရုက္ခဗေဒအရ ခွဲခြားခြင်း၊ အပူဒဏ်၊ အအေးဒဏ်ခံနိုင်မှုအရ ခွဲခြားခြင်းတို့ ဖြစ်သည်။
✔️ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုတွင် မြေကောင်းရမည်။ မျိုးကောင်းရမည်။ မျိုးသန့်ရမည်။ အထွက်ကောင်း ရမည်။ အပင်ပေါက်ကောင်းရမည်။ မြေအစိုဓာတ်မပြတ်ရှိရမည်။ ရေမဝပ်ရ။ ပေါင်းလိုက်၊ မြေဆွ၊ ပိုးမွှားနှင့် ရောဂါကာကွယ်ရမည်။ စားသုံးသူဘေးအန္တရာယ်ကင်းစေရန် သဘာဝပိုးသတ်ဆေးများ ဖြစ်သည့် တမာ၊ မဲရိုင်း၊ ဆေးရွက်ကြီး၊ ဆပ်ပြာဖျော်ရည်တို့ကို သုံးသင့်သည်။ မှိုသတ်ဆေးအဖြစ် ထုံးကန့် ဆေးရည်၊ ထုံးဒုတ္ထာဆေးရည်တို့ကို အသုံးပြုနိုင်သည်။ ပိုးနှင့်ရောဂါကို ခူးဖယ်ရှင်း၊ ကောက်ယူဖယ်ရှင်း စနစ်ဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ခင်းများတွင် ပြုလုပ်သင့်သည်။ ကိုယ်တိုင်စိုက်ပျိုးစားသုံးသည် ဆိုကတည်းက ကျန်းမာရေးနှင့်ညီညွတ်သော ဘေးကင်းအစာ၊ ဓာတုဆေးဓာတ်ကြွင်းမပါသည့်အစာကို စားသုံးလို၍ ဖြစ်သည်။
✔️ထို့ကြောင့် မိုးရာသီမှာ ဟင်းသီးဟင်းရွက်စိုက်ပါ။ မိုးများသောဒေသကြီးများဖြစ်သည့် တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်နှင့်ကရင် ပြည်နယ်တို့တွင် ပလတ်စတစ်အကြည်စပေါင်းမိုးဖြင့် စိုက်ခင်းပေါင်အရှည်ပေါ်တွင် မိုး၍စိုက်ပျိုးနိုင် ပါသည်။ နေပူလျှင်ဖွင့်၊ မိုးရွာလျှင် ဖုံးအုပ်မှုဖြင့် မိုးမပြတ်ရွာလည်း စိုက်နိုင်ပါကြောင်းရေးသားလိုက်ရပါသည်။
✔️စစ်မှန် ပြည့်ဝ ဝိစာရ✔️
Sources : ကိုရဲ(စိုက်ပျိုးရေး) မြန်မာတောင်သူကြီးများဂျာနယ်