menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မိုးနှမ်းစိုက်ခင်းများမှာ “နှမ်းရွက်လိပ်ပိုး” ကာကွယ် နှိမ်နင်းပါ
Sesamum Leaf Roller or Leaf & Pod Caterpillar
🌿🐛🌿🐛🌿🐛🌿🐛🌿🐛🌿
ကျရောက်သည့်အချိန်
-------------------
မိုးနှမ်းစိုက်ခင်းများတွင် မိုးပြတ်သောဇူလိုင်လတွင် ကျရောက်လေ့ရှိပြီး ဆောင်းနှမ်းများရာသီအစောပိုင်းတွင်ကျရောက်တတ်ပါသည်။
ဖျက်ဆီးပုံလက္ခဏာ
-----------------
နှမ်းတစ်မျိုးတည်းတွင်ကျသည်။ နှမ်းသီးတောင့်မပေါ်မီ ဥမှပေါက်လာသောလောက်ကောင်သည် အပင်ထိပ်ရှိ အရွက်နုများကိုစားသည်။ တစ်ခါတစ်ရံ ပင်စည်နှင့်အသီးထဲသို့ထိုးဖောက်စားသည်။ နောက်ဆုံးအဆင့်တွင် ပိုးချည်မျှင်ဖြင့်စုချည်ပြီး အတွင်း၌စားပြီးအသီးအပွင့်များကိုဖျက်ဆီးကြသည်။ ပြင်းထန်စွာကျရောက်ပါက အပင်ထိပ်ရှိအရွက်များ လောင်ကျွမ်းသွားသည်ကိုတွေ့ရှိရသည်။ အသီးပေါ်လာက အသီးထဲတွင် စားသောက်ဖျက်ဆီး၍ အထွက်နှုန်းကိုထိခိုက်နိုင်ပါသည်။
ဘဝစက်ဝန်း
-----------
ဥများကိုတစ်ဥချင်းအုသည်။ အမတစ်ကောင်သည် ဥ(၂၀၀)ခန့် အုနိုင်သည်။ ဥမှပေါက်ပြီး ပိုးလောက်ကောင်မှာ အစတွင်ချည်မျှင်မထုတ်သေးဘဲ အစာစားပြီးမှထုတ်သည်။ လက်ဖြင့်တို့လိုက်ပါက တွဲလောင်းခိုနေတတ်သည်။ ဥဘဝတွင် (၄-၅)ရက်၊ ပိုးလောက်ကောင်ဘဝတွင်(၂-၃)ပတ်၊ ရုပ်ဖုံးဘဝတွင် တစ်ပတ်ခန့်ကြာသည်။
ကာကွယ် နှိမ်နင်းနည်း
--------------------
(၁) ပိုးကျသောအရွက်များကို ဖယ်ရှားမီးရှို့ပစ်ပါ။
(၂) “နှမ်းရွက်လိပ်ပိုး”ကို နှိမ်နင်းနိုင်ရန် အတွက် အကောင်ငယ်ဘဝတွင် “ဆိုင်လာ ၂၅ ဒဗလျူပီ၊ အက်စ်ဖိတ် ၇၅ အက်စ်ပီ” ပိုးသတ်ဆေးများနှင့် အကောင်ကြီးကို “ရယ်ဒီ ၅၀၅အီးစီ၊ လိုင်းအောက် ၄၈၀ အက်စ်စီ၊ သူရိယ ၈၀အက်စ်ပီ” ဆေးများ ပက်ဖျန်းအသုံးပြုပေးနိုင်ပါသည်။
🌿စစ်မှန် ပြည့်ဝ ဝိစာရ🌿
Sources : သီးနှံကာကွယ်ရေးဌာနခွဲ