menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“မိုးနည်းရေရှား ဒေသများတွင် စပါးအခြောက်စိုက်ပျိုးနည်း”
🌾🌱🌾🌱🌾🌱🌾🌱🌾🌱🌾
✔ မိုးနည်းရေရှား အညာဒေသများတွင် ရေအခက်အခဲများကြောင့် စပါးစိုက်ဖို့ အခက်အခဲများစွာရှိနေကြ ပါသည်။ ထိုဒေသများအတွက် စပါးစိုက်ဖို့အဆင်မပြေပါက စပါးအခြောက်တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။ မိုးနည်ဒေသဖြစ်သောကြောင့် ဒေသနှင့် ကိုက်ညီပြီး စိုက်သင့်သောမျိုးကို အရင်စဉ်းစားရပါမယ်။ သက်တမ်းတို၊ အထွက်လည်းကောင်း၊ အရည်အသွေးလည်းကောင်းတဲ့ စပါးမျိုးများ၊ ရေအနည်းလို (၁) ရေငတ်ခံမျိုး၊ ရေအနည်းလို (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆) ရေငတ်ခံမျိုးများ၊ သက်တမ်းအားဖြင့် (၈၀-၁၂၀) ရက်သာရှိတဲ့ ရက်မျိုးများကို အသုံးပြုစေချင်ပါတယ်။
✔ စပါးအခြောက် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းကို မြေအစိုဓာတ် သင့်တင့်စွာရှိချိန်မှာ မြေပြင်ရမှာ ဖြစ်ပါတယ်။ နွားတယ်နှစ်စပ် ဒါမှမဟုတ် ၁၆ သွားထွန်နဲ့ နှစ်စပ်ထွန်ပါ။ ထယ်ရေးနက်နက်နဲ့ ထွန်ရေးညက်နေအောင် ထယ်စာခဲမွသွားအောင်ထွန်ပါ။ မြေပြင်ချိန်မှာ တီစူပါ ၁/၂ အိတ်၊ ဂျစ်ပ်ဆမ် သုံးအိတ်ထည့်ပြီး မွှေပါ။ မြေအစိုဓာတ် အားကောင်းအောင် မြေမပြင်မီ ကောက်ရိုး၊ နှမ်းရိုး၊ စပါးခွံများထည့်ပါ။ ဆွေးမြေ့သွားအောင်ထားပါ။ သီးနှံအကြွင်းအကျန်များနှင့် နွားချေးမြေဆွေးလုပ်ပြီး အနည်းလိုအာဟာရဓာတ်များပါထည့်ပါ။
✔ မြေမွနေအောင်ညက်သွားပါက အစိုဓာတ်ထိန်းနိုင်အောင် ကြမ်းတုံးရိတ်ပြီး မြေကိုညှိပေးပါ။ ပြီးလျှင် ဒုတိယအကြိမ် ထွန်ဖြင့် တစ်စပ်ထပ်မွှေ၍ ကြမ်းတုံး ထပ်မံရိုက်ပေးပါ။ မြေညှိပေးပြီး ညှိထားသောမြေ ပေါက်တွင် ရှစ်လက်မခြားထွန်သွားတပ်ထားသော နွားထွန်ဖြင့် စိုက်ကြောင်းများဖြောင့်နေအောင်ဆွဲပါ။ စိုက်ကြောင်းအနက် တစ်လက်မ၊ နှစ်လက်မခန့်သာ နက်စေရန်သတိပြုပါ။
✔ တစ်ဧကမှာ မျိုးစေ့ (၁.၅ -၂) တင်းနှုန်း အသုံးပြုပါ။ စပါးကိုရေစိမ်အညှောင့်ဖောက်ရန် မလိုပါ။ မြေအခြောက်၊ မျိုးစပါးအခြောက် စိုက်ပျိုးရမည့်စနစ်ဖြစ်ပါသည်။ စပါးမျိုးစေ့အတောင့်များကိုစိုက်ကြောင်းများတစ်လျှောက် တစ်နေရာလျှင် စပါးစေ့(၂-၃) စေ့နှုန်း တစ်နေရာနှင့်တစ်နေရာ ရှစ်လက်မ၊ ကိုးလက်မခန့် ခွာ၍ မျိုးစေ့များ လူဖြင့်လိုက်ချပေးပါ။ ပြီးလျှင် မျိုးစေ့များမြေအတွင်း ဖုံးသွားစေရန် ကြမ်းတုံးဖြင့်ညီညာအောင် ကြမ်းရိုက်ဖုံးပေးပါ။ အစိုဓာတ်အနည်းငယ်ရသည်နှင့် ထွန်ရေး၊ ထယ်ရေးအခြောက်မှာပင် စပါးစေ့များအညှောင့်ပေါက်၍ အပင်များ အတန်းလိုက်စိမ်းစိုလာပါမည်။
✔ အပင်ပေါက်လာပြီး သုံးပတ်သားတွင် ပေါင်းလိုက်ခြင်းလုပ်ငန်း လုပ်ပေးရပါ့မယ်။ စပါးအတန်းကြား အတွင်း ကြားလိုက်နွားထွန်ဖြင့်လိုက်ပြီး ပေါင်းမြက်နှိမ်နင်းခြင်းအားဖြင့် ပေါင်းလည်းသေမြေလည်း ထပ်ဆွပြီးသား ဖြစ်သွားပါ့မယ်။ ပေါင်းကိုစိုက်ပြီး (၄၅) ရက်အတွင်း အပြီးနှိမ်နင်းပေးပါ။ ပေါင်းမြက် နှိမ်နင်းပြီးပါက ဒုတိယအကြိမ် ဓာတ်မြေဩဇာကျွေးခြင်းကို အပင်ပွားစည်းချိန် ယူရီးယား ၁/၂ အိတ်၊ ပိုတက်ရှ် ၁/၄ အိတ်ထည့်ပေးပါ။ တတိယအကြိမ် ဓာတ်မြေဩဇာကျွေးခြင်းကို စပါးမှို့ကပ်ချိန်ယူရီးယား ၁/၂ အိတ်၊ ပိုတက်ရှ် ၁/၄ အိတ်ကို ထည့်ပေးပါ။
✔ အပင်ကြီးထွားချိန်တွင် ရေလုံလောက်အောင်မရလိုက်ပါက ထွန်သွားနှင့် စရိတ်၍ အပင်ဦးရေ လျှော့ချပေးပါ။ ရေချိန်နိုင်ပါက မြေအစိုဓာတ်ရှိရုံ ရေစပ်စပ်သွင်းပေးနိုင်ကသွင်းပေးပါ။ မိုးရွာလျှင် မိုးဦးရေ မဆုံးရှုံးစေရန် ကန်သင်းလုံနေအောင် ဂရုတစိုက်ဆောင်ရွက်ထားပါ။ မိုးအနည်းငယ်ရလျှင်ပင် စပါးပင်တဖြည်းဖြည်း ရှင်သန်ကြီးထွားလာနိုင်ပါတယ်။ အပင်သက်တမ်းတစ်လျှောက် ပိုးမွှားရောဂါ ဂရုတစိုက်ကာကွယ်နှိမ်နင်းပါ။
Sources : အောင်ဆန်း (စိုက်ပျိုးရေး)