menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"မင်းကွတ်သီးစိုက်ပျိုးနည်း"
🌿🫐🌿🫐🌿🫐🌿🫐🌿🫐🌿
မြန်မာအမည် - မင်းကွတ်
အင်္ဂလိပ်အမည် - MANGOSTEEN
ရုက္ခဗေဒအမည် - Garcinia mangotana
မျိုးရင်းအမည် - GUTTIFERAE
မင်းကွတ်သီးပင်ကို အိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးလိုလျှင်ဖြစ်စေ အသီးအရည်အသွးနှင့် သီးထွက်နှုန်းကောင်းစေရန် စိုက်ပျိုးနည်းစနစ် မှန်ကန်မှုရှိရန် လိုအပ်ပါသည်။
၁။ မူရင်းဒေသ
အရှေ့တောင်အာရှ ဒေသဖြစ်သည်။
၂။ စိုက်ပျိုးနိုင်သောရာသီဉတု
ပူအိုက်စိုစွတ်သောရာသီဉတုကို နှစ်သက်သည်။ အသင့်တော်ဆုံး ပျမ်းမျှအပူချိန် (၂၅ ဒီဂရီစင်တီဂရိတ် - ၃၀ ဒီဂရီစင်တီဂရိတ်)ကြား၊ စိုထိုင်းဆ ၈၀% ခန့်၊ မိုးရေချိန် ၇၅ လက်မအထက်တွင် ဖြစ်ထွန်းသည်။
၃။ မြေအမျိုးအစား
မြေသားထုနက်သည့် နုန်းမြေဆွေး အမျိုးအစားဖြစ်ပြီး ရေစီးစိမ့်မှုကောင်းပါက အသင့်တော်ဆုံး ဖြစ်သည်။ အမြစ်ဖွဲ့စည်းပုံ အားနည်းသဖြင့်အစိုဓာတ် ကောင်းရန်လိုသော်လည်း ရေမဝပ်စေသင့်ပါ။ စိုက်ပျိုးရန်အသင့်တော်ဆုံး pH မှာ (၅.၅-၇.ဝ) အကြားဖြစ်သည်။
၄။ စိုက်ပျိုးချိန်
မိုးဦးကျ ဇွန်လဆန်းတွင် စိုက်ပျိုးနိုင်ပါသည်။ ရေရရှိပါက နိုဝင်ဘာလမှ ဇန်နဝါရီလအထိ စိုက်ပျိုးနိုင်သည်။
၅။ မျိုးရွေးချယ်ခြင်း
မင်းကွတ်မှာမျိုးကွဲမရှိပါ။ ကမ္ဘာပေါ်တွင် တစ်မျိုးတည်းသာရှိပါသည်။ အခြားသစ်သီးဝလံများကဲ့သို့ မျိုးပွားနည်း (ဖူးသွင်း/ကိုင်းဆက်) ဖြင့် ဆောင်ရွက်ရန်ခက်ခဲပြီး ၎င်းနည်းဖြင့် ပွားသည့်အပင်မှာ Canopy မလှဘဲ တစ်ခြမ်းစောင်းနေသဖြင့် အပင်ပုံစံမကျပါ။ တောမင်းကွက်အရိုင်း၊ တောင်သလဲအောက်ခံပင် များနှင့် စမ်းသပ်အကိုင်းဆက်သော်လည်း သဟဇာတ သိပ်မဖြစ်ပါ။ ထိုကြောင့် အစေ့မှသာပျိုးပြီး ပျိုးခင်းတွင် နှစ်ချို့မွေးကာ အနည်းဆုံး (၂) နှစ်သား (၂ ပေခန့်) ရှိမှ စိုက်ပျိုးသင့်ပါသည်။
၆။ စိုက်ပျိုးနည်း
- ပင်ကြားတန်းကြား ၃၀ပေ x ၃၀ပေ (တစ်ဧကဝင်ဆန့်ပင်ရေ ၄၈ ပင်)
- ပင်ကြားတန်းကြား ၂၅ပေ x ၂၅ပေ (တစ်ဧကဝင်ဆန့်ပင်ရေ ၆၉ ပင်)
မင်းကွက်စိုက်ပျိုးရန်အတွက် ၃ပေ x ၃ပေ x ၃ပေ အရွယ် စိုက်ကျင်းတူးပြီး မြေခံမြေသြဇာ အဖြစ် ယူးရီးယား၊ တီစူပါ၊ ပိုတက်ရှ် ၁၅ : ၁၅ : ၁၅ အချိုး (၃) မျိုးစပ် နို့ဆီဗူး(၁) ဘူး၊ နွားချေးဆွေး (သို့) ကြက်ချေးဆွေး (၂) တင်း၊ မြေအောင်း ပိုးသတ်ဆေး (၁)ဇွန်း၊ မဖောက်ထုံး နို့ဆီဘူး (၁) ဘူးတို့အား အပေါ်ယံမြေနှင့် သမအောင်ရော၍ စိုက်ကျင်းအတွင်း ထည့်ကာ တစ်လခန့် နှပ်ထားရမည်။ ကျန်းမာသန်စွမ်းသော (၂-၃) နှစ်သား မင်းကွတ်ပျိုးပင်ကို မြေနှပ်ထားသော ကျင်းတွင် မြေလုံးမပျက် စိုက်ပျိုးရမည်။ ရေမဝပ်စေရန် ပင်ခြေပတ်လည် မြေဖို့ပေးပြီး ပလက်စတစ်အနက်စအုပ်ကာ တိုင်ထောင်ကြိုးချည်ရပါမည်။
၇။ ရေပေးသွင်းခြင်း
ခြောက်သွေ့ရာသီတွင် အနည်းဆုံး (၇) ရက်တစ်ကြိမ် ရေသွင်းရပါသည်။ ပင်ခြေတွင် ကောက်ရိုး၊ မြက် ခြောက် ဖုံးအုပ်ပေးခြင်းသည်အကျိုးရှိစေပါသည်။
၈။ အရိပ်ပေးခြင်း
အရိပ်ပေးခြင်းသည် မင်းကွတ်ပင်အတွက် အကျိုးသက်ရောက်မှုများစွာရှိပါသည်။ (၂-၃) နှစ်သားအထိ အရိပ်ပေးနိုင်ပါက အပင်ကြီးထွားမှုမြန်ဆန်ကြောင်းတွေ့ရသည်။
၉။ မြေသြဇာကျွေးခြင်း
သဘာဝမြေသြဇာ (Organic Manure) ကို အဓိကသုံးထားပြီး ဓာတ်မြေသြဇာလည်း အားဖြည့် သုံးသင့်ပါသည်။ N:P:K အချိုး (၁၅ : ၁၅ : ၁၅) ကို (၁-၂) နှစ်သားအပင်များအတွက် (၂၅၀) ဂရမ် (တစ်ပင်နှုန်း) နှင့် သက်တန်းကြီးလာသည်နှင့် အမျှ တစ်ဖြည်းဖြည်းတိုးကျွေးရပါသည်။ (၁၀)နှစ်သား အထက်ဖြစ်ပါက ၅-၇ ကီလို (၃-၄ ပိဿာ) အထိ၊ နွားချေး၊ ကြက်ချေး (၄-၅) တင်းထိ ကျွေးသင့်ပါသည်။ သီးကင်းဝင်ပြီးတစ်ကြိမ်နှင့် ရိတ်သိမ်းပြီးတစ်ကြိမ် ခွဲကျွေးသင့်သည်။
၁၀။ ပိုးမွှားနှင့်ရောဂါ
မင်းကွတ်သည် ပိုးမွှားရောဂါကျရောက်မှုနည်းပါးသော သီးနှံဖြစ်သည်။ ပိုးမွှားကျရောက်မှုမှာ လှေးပိုး နှင့် ပရွက်ဆိတ် တို့သာကျရောက်တတ်သည်။
ရောဂါအနေဖြင့် Brown rot (အညိုပုပ်ရောဂါ)၊ Stem Cancer (ပင်စည်ကင်ဆာရောဂါ) နှင့် အကိုင်းနုများတွင် အစက်အပြောက်များဖြစ်ပေါ်တတ်ပါသည်။
၁၁။ အပွင့်နှင့်အသီးဖွဲ့စည်းပုံ
လိင်စုံပင်ဖြစ်ပြီး ဖိုမပေါင်းစပ်မှုမရှိဘဲ (ဝတ်မှုန်မကူးဘဲ) မျိုးစေ့ရရှိပါသည်။ အစေ့များမှာ လိင်ပေါင်းစပ်မှု မရှိသည့် အသီး၏အတွင်းသား Nucellar tissue မှ ဖြစ်လာခြင်းဖြစ်သည်။
၁၂။ ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုနှေးကွေးခြင်းနှင့် ပွင့်သီးရန် အချိန်ကြာရခြင်းအကြာင်းရင်း
မင်းကွတ်ပင်သည် အခြားသီးပင်များနှင့် နှိုင်းယှဉ်ပါက ကြီးထွားမှုနှေးခြင်း၊ စီးပွားဖြစ်အသီးရရန် နှစ်ကြာခြင်းများရှိပါသည်။ အကြောင်းရင်းမှာ မင်းကွတ်ပင် သဘာဝအရ ငယ်ရွယ်နုပျိုကာလ (Juvenile phase) သည် (၁၀-၁၂)နှစ် ရှည်လျားသောကြောင့်ဖြစ်သည်။
၎င်းကို ကျော်လွှားနိုင်ရန် .....
(၁) ပျိုးခင်းတွင် (၃-၄) နှစ် မွေးခြင်း၊
(၂) စိုက်ပျိုးပြုစုမှု စနစ်ကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် (၅-၆) နှစ်သားတွင် စီးပွားဖြစ် အသီးရနိုင်ပါသည်။
၁၃။ အသီးထွက်ရာသီ
မွန်ပြည်နယ်တွင် ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွင် ပန်းပွင့်ပြီး ဧပြီ၊ မေလတွင် အသီးမှည့်ပါသည်။ ပန်းပွင့်သည်မှ မှည့်သည်အထိ (၃)လခန့် ကြာပါသည်။
၁၄။ အသီးဆွတ်ခူးခြင်း
အသီးခွံ ခရမ်းရောင်သည် အစိမ်းရောင်ပေါ်တွင် ၂၅% ရှိပါကဆွတ်ခူးနိုင်ပြီဖြစ်သည်။ ၎င်းအသီးသည် ၂၄နာရီအတွင်း မှည့်ပြီး (၁)ပတ်ခန့် အထားခံပါသည်။ အသီးခူးရာတွင် လက်ဖြင့်ခူးရန် လိုအပ်ပြီး မြေကြီးပေါ်မကျရန် သတိထားရပါသည်။ အသီးများကို ၁၃ ဒီဂရီ စင်တီဂရိတ် တွင် (၂-၃) ပတ်အထိ ထားနိုင်ပါသည်။ မင်းကွတ်သည် အသီးခူးပြီးမှ မှည့်သောအသီး (Crimactric Fruit) ဖြစ်သည်။ အသီးမှည့်စဉ် အီသလင်းဓာတ်ငွေ့ထုတ်လွှတ်ပါသည်။ ထိုကြောင့် အသီးမှည့်နှေးစေရန် နိမ့်သောအပူချိန်တွင်ထားပြီးထိန်းရပါသည်။
၁၅။ အထွက်နှုန်း
(၁၀-၂၀)နှစ်သား တစ်ပင်လျှင် အသီးထွက် ၁,၀၀၀ခန့် ရနိုင်ပါသည်။ အပင် Canopy ကြီးလာသည်နှင့် အမျှ အသီးအထွက်နှုန်းလည်း များလာမည်ဖြစ်သည်။
မင်းကွတ်သီးသည် အခြားသစ်သီးဝလံနှင့် နှိုင်းယှဉ်ပါက အရင်းကျေ အမြတ်ရခြင်း နောက်ကျသော် လည်း ရေရှည်အတွက်မူ စိုက်ပျိုးသင့်သောသီးနှံဖြစ်သည်။
Source : စိုက်ပျိုးရေး ဦးစီးဌာန