menu

မပေါ့ဆသင့်သော “ဖားဥမှိုရောဂါ”



 Powdery Mildew ; Erysiphe polygoni

 🔹ဝိစာရရဲ့တောင်သူဦးကြီးများကို ပဲမျိုးစုံ၊ ပန်းအမျိုးမျိုး နှင့် သီးနှံမျိုးစုံမှာ ကျရောက်တတ်တဲ့ “ဖားဥမှိုရောဂါ” အကြောင်း တင်ပြဆွေးနွေးလိုက်ပါတယ်။

 🔹ဤရောဂါသည်အေး၍ ခြောက်သွေ့သော ရာသီဥတုတွင် အဖြစ်များပြီးမြေကြီးအစိုဓာတ်ဆုတ်ယုတ်ချိန်၌ သီးနှံပင်၏ မည်သည့်အသက်အရွယ်တွင်မဆို ကျရောက်နိုင်ပါသည်။

 🔹ရောဂါစကျလျှင် အရွက်ပေါ်တွင်ပေါင်ဒါမှုန့်များဖြူးထားသကဲ့သို့ သေးငယ်သည့်အဖြူကွက်များ ဖြစ်ပေါ်လာပါသည်။ ထိုအချိန်တွင်ဖားဥအတွဲလေးများနှင့်တူပြီး၊ ၎င်းအဖြူကွက်များ ပေါင်းစပ်သွားပြီး နောက် အရွက် တစ်ခုလုံး ဖွေးနေရာမှ ခရမ်းရောင်ပြောင်းသွားပြီး အရွက်များသေသွားတတ်ပါသည်။

 🔹ဖားဥမှိုရောဂါ သည်အပင်၏မြေပေါ်အစိတ်အပိုင်း အားလုံးတွင်ကျရောက်နိုင်ပြီး ရောဂါပြင်းထန်ပါက အရွက်နုများ အပါအဝင် အရွက်၊ သီးတောင့်နှင့် ပင်စည်များပေါ်တွင် အဖြူရောင်ပေါင်ဒါမှုန့်များ ဖြူးထား သကဲ့သို့ ပြည့်နှက်အောင်ဖုံးအုပ်ထားပါသည်။ 

 🔹ဖားဥမှိုရောဂါ၏ မှိုစပိုးများသည်လေနှင့်ပြန့်လွင့်နိုင်သည့်အတွက် ရောဂါဖြစ်သည်နှင့် လွယ်လွယ်ကူကူ ပြန့်နှံ့နိုင်ပါသည်။ ၎င်းအပြင်ရောဂါဖြစ်စေသည့်မှိုများသည် အပင်အကြွင်းအကျန်များနှင့်အတူ အခြားလက်ခံပင်များဖြစ်သည့် ပေါင်း၊ မြက်များတွင် ခိုအောင်းနေ၍ လေမှ တစ်ဆင့် တစ်ပင်မှတစ်ပင် ကူးစက်ပျံ့ နှံ့နိုင်ပါသည်။

 ✅ကာကွယ်နှိမ်နင်းရန်နည်းလမ်းများ✅

 ၁။ သီးနှံများကို သီးလှည့်စနစ်ဖြင့်စိုက်ပျိုးပါ။

 ၂။ ရောဂါကျအခင်းအတွင်းမှ အပင်အကြွင်းအကျန်များကိုစုပုံမီးရှို့ပေးပါ။

 ၃။ သီးနှံစိုက်ခင်းအတွင်း ပေါင်း၊ မြက်များကိုပြောင်စင်အောင် ရှင်းလင်းပါ။

 ၄။ ရောဂါလက္ခဏာစတွေ့သည်နှင့် ဟက်ဇာဂွန် ၅အက်စ်စီ ၊ ဆာဗိတ် ၈၀ဒဗလျူဒီဂျီ ၊ဒိုင်ဇီ ၃၂.၅အက်စ်စီ ဆေးများအသုံးပြု၍ ကြိုတင်ပက်ဖျန်း နှိမ်နင်းရန်ဖြစ်ပါသည်။

 🔰 စစ်မှန် ပြည့်ဝ ဝိစာရ 🔰