menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"ခရမ်းချဉ်"အထွက်တိုးရန် ဂရုပြုသင့်သည့်အချက်များ
🌿🍅🌿🍅🌿🍅🌿🍅🌿🍅🌿
✔ မိမိဒေသ ရာသီဥတုနှင့်ကိုက်ညီသောမျိုးကို ရွေးချယ်စိုက်ပျိုးပါ။
✔ ပျိုးပင်ငယ်များကျန်းမာသန်စွမ်းပြီး ပိုးမွှားရောဂါကင်းစေရန် ပျိုးထောင်ချိန်တွင်ခရမ်းချဉ်မျိုးစေ့များကို မျိုးစေ့လူးနယ်ဆေးနှင့် လူးနယ်အသုံးပြုပေးပါ။
✔ စိုက်ခင်းအတွင်း ပေါင်းမြက် ကင်းစင်အောင်ဆောင်ရွက်ပေးပါ။
✔ သီးနှံပင်များနေရောင်ခြည်လုံလောက်စွာရရှိစေရန် ပင်ကြားတန်းကြား အကွာအဝေးသည် မှန်ကန်ရမည်။
✔ ပန်းပွင့်ချိန်တွင် အလင်းရောင်ရရှိမှု၊ အပူချိန်တို့သည် သန္ဓေအောင်ခြင်း အသီးတင်ခြင်းတို့အတွက် များစွာအရေးပါသည်။ အပူချိန် (၁၀ မှ ၃၀) ဒီဂရီစင်တီဂရိတ် အတွင်းသည်အကောင်းဆုံးဖြစ်သည်။
✔ မြင့်မားသည့်အပူချိန်သည် ပန်းမပွင့်မီ ပန်းဖူးပြည်တည်နာကို ဖြစ်စေနိုင်သည်။ ပန်းပွင့်ချိန်တွင် မြင့်မားသည့်အပူချိန်ဖိအားရှိပါက ပုံသဏ္ဌာန်မမှန်သော ပန်းပွင့်ဖွံ့ဖြိုးမှုနှင့် သေဆုံးခြင်းကိုဖြစ်စေသည်။ ထို့ကြောင့် ပန်းပွင့်ချိန်အပူချိန်များလွန်းပါက အမိုးစဖြင့်အရိပ်ပြုလုပ်ပေးသင့်ပါသည်။
✔ ရင့်မှည့်သောအသီးများ အလင်းရောင်ပိုမိုရရှိစေရန် အောက်ပိုင်းအရွက်များကိုဖယ်ရှားခြင်း အရွက်ခေါင်နှိမ်ခြင်း ပြုလုပ်ပေးနိုင်သည်။ ဤသို့ပြုလုပ်ခြင်းသည်ပင်စည်ရောဂါကျရောက်မှုကိုလျော့နည်းစေပြီး အောက်ပိုင်းပင်စည်တစ်လျှောက် လေဝင်လေထွက်ကိုလည်း ပိုမိုကောင်းမွန်စေသည်။
✔ ခရမ်းချဉ်သီးနှံများသည် နေလောင်ဒဏ်အန္တရာယ်ရှိနိုင်သဖြင့် အလင်းရောင်မြင့်မားစွာရရှိသော ပတ်ဝန်းကျင်တွင် အလွန်အမင်းခေါင်နှိမ်ခြင်းအား ရှောင်ရှားရန် အရေးကြီးသည်။
✔ အပင်ကြီးထွားစေပြီး ကောင်းမွန်သောအာဟာရ ရရှိမှုကိုသေချာစေရန် အမြစ်ပတ်ဝန်းကျင်တွင် ကောင်းမွန်သော ရေသွင်းရေထုတ်စနစ်များပြုလုပ်ပေးရန်လိုအပ်ပါသည်။
✔ ခရမ်းချဉ်သီးနှံတွင် ဗိုင်းရပ်စ်ရောဂါကိုသယ်ဆောင်သော စုပ်စားပိုးများကျရောက်တတ်သဖြင့် အပင်ငယ်စဉ်မှာပင် “ကေလာ၊ နိုးဝမ်း” ပိုးသတ်ဆေးတစ်မျိုးမျိုးကိုပက်ဖျန်းပေး၍ စုပ်စားပိုးများ ကျရောက်မှုကို ကြိုတင်ကာကွယ်နိုင်ပါသည်။
Sources : စိုက်ပျိုးရေးဦးစီးဌာန။