menu

မုန်ညင်းတွင် ကျရောက်တတ်သောရောဂါများ နှင့် ကာကွယ်နည်းများ


🥬🥬🥬🥬🥬🥬🥬🥬🥬🥬

၁ ။ ပင်စည်ပုပ်ရောဂါ (Sclerotinia Stem Rot)

ရောဂါလက္ခဏာများ
------------------
☑️ ပင်စည်များတွင်ရေစိုနာစက်ပြောက်များပေါ်လာကြကာ နောင်တွင်ဝါဂွမ်းဖြူရောင်ဖြင့် ဖုံးထားသည်။
☑️ ရောဂါရင့်လာသည်နှင့်ရောဂါကျပင်စည်အစိတ်အပိုင်းများသည်အရောင်ကျွပ်သည့်ပုံစံရှိကာ နောက်ဆုံးတွင်တစ်ရှူးများမွစာကျဲသွားသည်။
☑️ ရောဂါကွက်များသည်ပင်စည်အားရစ်ပတ်ခြင်းဖြင့်အချိန်မတိုင်မီရင့်မှည့်ကာအပင်များကိုယိုင်လဲစေသည်။
☑️ ပင်စည်အတွင်းပိုင်းတွင်အနက်ရောင်မှိုများကိုတွေ့ရပြီး တစ်ခါတစ်ရံတွင် ပင်စည်၏မျက်နှာပြင်တွင် တွေ့ရသည်။အောက်ပိုင်းရိုးတံတွင် ရောဂါကျရောက်ခြင်းကိုတွေ့ရခဲသည်။

ကာကွယ်နှိမ်နင်းခြင်း
------------------
☑️ သီးလှည့်စိုက်ပါ။ ရောဂါဒဏ်ခံနိုင်ရည်အလွန်နည်းသောမျိုးများကို မစိုက်ပါနှင့်။ ဤရောဂါဆိုးဝါးစွာ ကျဖူးသောစိုက်ခင်းများတွင်(၅)နှစ်တစ်ကြိမ်သီးလှည့်စိုက်ပါ။
☑️ ဤမှိုရောဂါကျဖူးသော စိုက်ခင်းဘေးတွင်မုန်ညင်းစိုက်ပျိုးခြင်းကိုရှောင်ပါ။
☑️ ကောင်းစွာသန့်စင်သော မျိုးစေ့ကိုစိုက်ပါ။

၂ ။ အော်လ်တာနေးရီးယားနက်စက်ပြောက်ရောဂါ (Alternaria Black Spot)

ရောဂါလက္ခဏာများ
-----------------
☑️ ဒဏ်ရာများသည်ဗဟိုတူစက်ဝိုင်းအကွင်းများနှင့်အတူ အဝါရောင်၊ ညိုရင့်ရောင်မှ အနက်ရောင်စက်ဝိုင်း ရှိသော စက်ပြောက်များဖြစ်ကြသည်။ ဗဟိုဒဏ်ရာများအပြင်ထွက်သွားတတ်ပြီးအပေါက်ရာဖြစ်သွား တတ်သည်။ စက်ပြောက်တစ်ခုချင်း စုစည်းမိသောအခါကြီးမားသည့်တစ်ရှူးသေဧရိယာများဖြစ်လာကာ အရွက်ကြွေခြင်းကိုတွေ့ရသည်။ ဒဏ်ရာများကို ရွက်ရိုးတံများ၊ ပန်းပွင့်များ၊ ပွင့်ညှာများနှင့်သီးတောင့် များတွင်တွေ့ရသည်။

ကာကွယ်နှိမ်နင်းခြင်
-----------------
☑️ သီးလှည့်စိုက်ပါ။
☑️ ရောဂါကင်းသောမျိုးစေ့ကိုစိုက်ပါ။
☑️ အညှောင့်ပေါက်ရာခိုင်နှုန်းမြင့်သော မျိုးစေ့ကိုအသုံးပြုပါ။

၃ ။ သံချေးဖြူရောဂါ (White Rust)

ရောဂါလက္ခဏာများ
------------------
☑️ အဖြူရောင်မှနို့နှစ်ဝါရောင်မှိုစုများ အရွက်အောက်ဖက်မျက်နှာပြင်တွင်ပေါ်လာပြီး ၎င်းနောက်ထိုမှိုစု များပေါင်းစည်းသွားကာ အကွက်များဖြစ်သွားသည်။
☑️ သံလွင်ဝါရောင်စက်ပြောက်များသည်မှိုစုများနှင့်ဆန့်ကျင်ဖက် အရွက်၏အပေါ်ဖက်မျက်နှာပြင်တွင် ပေါ်လာကြသည်။
☑️ မှိုစုများကိုသီးတောင့်များပေါ်တွင်လည်းတွေ့ရသည်။ ရောဂါကျပန်းပွင့်များမြုံသွားပြီးပုံစံမမှန်ဖြစ်သွား သည်။ ပန်းပွင့်၏အစိတ်အပိုင်းအမျိုးမျိုးထူထဲပြီး စိမ်းနေကာခွက်ပုံစံပေါက်ပြီး အကြီးအကျယ်ကြီးလာသည်။

ကာကွယ်နှိမ်နင်းခြင်း
------------------
☑️ ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးများကိုစိုက်ပါ။
☑️ အနည်းဆုံး သုံးနှစ်တစ်ခါသီးလှည့်စိုက်ပါ။

၄ ။ ဒေါင်းနီးရွက်ခြောက်ရောဂါ (Downy Mildew)

ရောဂါလက္ခဏာများ
------------------
☑️ စက်ပြောက်များသည်ပထမဦးစွာ ထောင့်ချွန်းပုံရှိကာ အလင်းဖောက်နိုင်ပြီးစိမ်းနုရောင်ရှိကာ နောင်တွင် မီးခိုးဖြူရောင်ပုံသဏ္ဍာန်မမှန်သည့်တစ်ရှူးသေအကွက်များဖြစ်သွားသည်။
☑️ ပင်စည်များနှင့်ပန်းခိုင်များဖောင်းပွလာသည်။
☑️ သံချေးဖြူရောဂါနှင့်အတူတူကျလေ့ရှိသည်။

ကာကွယ်နှိမ်နင်းခြင်း
------------------
☑️ သီးလှည့်စိုက်ပါ။ ရောဂါခိုအောင်းနိုင်သောအပင်များကိုဖျက်ဆီးပါ။

🥬စစ်မှန် ပြည့်ဝ ဝိစာရ🥬

ကိုးကား - ဒေါက်တာကိုကို (စိုက်ပျိုးရေး)