menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မုန်ညင်းရွက် စိုက်ပျိုးနည်း
🥬🥬🥬🥬🥬🥬🥬🥬🥬🥬
မြန်မာအမည် - မုန်ညင်းရွက်
အင်္ဂလိပ်အမည် - MUSTARD
ရုက္ခဗေဒအမည် - Bassica juncea
မျိုးရင်းအမည် - CRUCIFERAE
၁ ။ စိုက်ပျိုးသည့်ဒေသ
ကမ္ဘာအနှံ့အပြားတွင် စိုက်ပျိုးသည်။ မြန်မာပြည်တွင်ဒေသမရွေးစိုက်ပျိုးနိုင်သည်။ အေးသောရာသီ ရှိသည့်ဒေသတွင်ပိုမိုစိုက်ပျိုးကြသည်။
၂ ။ အမျိုးအစား
မုန်ညင်းသည်အရွက်အရောင်၊ အကြီး၊အသေး၊ အချောအကြမ်းပေါ်မူတည်၍ အမျိုးအစား အမျိုးမျိုး ကွဲပြားသည်။
၃ ။ မြေနှင့်ရာသီဥတု
မြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်သော်လည်း မြေဆီဩဇာပြည့်စုံရန်အရေးကြီးသည်။ မြေညံ့တွင် နွားချေး၊ မြေဆွေး များများထည့်ပေးရန်လိုသည်။ အထူးသဖြင့်ရေမဝပ်သောမြေဖြစ်ရမည့်အပြင် ခြောက်သွေ့ လွယ်သောမြေလည်း မဟုတ်ရပါ။ မြေ၏အချဉ်ဓာတ်ကိုအတော်အတန်ခံနိုင်ရည်ရှိပြီး pH (၅.၃ - ၆.၅) အတွင်းစိုက်ပျိုးနိုင်သည်။ ကယ်လ်ဆီယမ်ဓာတ်နည်းသောမြေတွင် အူတိုင်ပုပ်တတ်သည်။ ထို့ကြောင့် မိုးများသောဒေသများတွင်မိုးရေဖြင့် ကယ်လ်ဆီယမ်ဓာတ်များဆုံးရှုံးတတ်ခြင်းကြောင့် ဂျစ်ပ်ဆမ် ဓာတ်မြေဩဇာများထည့်ပေးရန်လိုသည်။ မိုးများသောရာသီတွင် ရောဂါအလွန်ကျရောက်တတ်သော ကြောင့် မိုးနည်းသောအချိန်ကိုရွေးစိုက်ရမည်။ မုန်ညင်းရွက်သည်အအေးကြိုက်သောသီးနှံဖြစ်၍ အအေးဓာတ်ကိုအတော်အတန်ခံနိုင်ရည်ရှိသည်။ တစ်နှစ်ပတ်လုံးမိုးရေချိန်သင့်တင့်စွာရွာသွန်းသော ဒေသများတွင် မုန်ညင်းရွက်ကိုတစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ အသင့်တော်ဆုံးအပူချိန်မှာ (၁၅ - ၂၀) စင်တီဂရိတ်ကြားဖြစ်ပါသည်။
၄ ။ ပျိုးထောင်ခြင်း
အချို့ဒေသများတွင်ပျိုးထောင်၍စိုက်ပျိုးသည်။ များသောအားဖြင့်တိုက်ရိုက်စိုက်ကြသည်။ ရာသီဥတု ဆိုးရွားသောအချိန်များတွင် ပျိုးထောင်စိုက်ကြသည်။ တစ်ဧကလျှင် မျိုးစေ့(၆-၇)ပေါင်နှုန်းအသုံးပြုရပါမည်။
၅ ။ ဓာတ်မြေဩဇာ နှုန်းထား
တစ်ဧကအတွက် .....
နွားချေး - ၁၀ - ၁၅ တန်
ယူရီးယား - ၂၂၄ ပေါင်
တီစူပါ - ၁၁၂ ပေါင်
ပိုတက်ရှ် - ၂၈ ပေါင်
၆ ။ မြေပြုပြင်ခြင်း
မစိုက်ပျိုးမီ (၃-၄)ပတ်အလိုတွင် မြေပြုပြင်ရန်လိုသည်။ မြေကောင်း၊ မြေပွကြိုက်သောကြောင့် မြေမပြုပြင်မီ နွားချေး၊ မြေဆွေးချပြီးမှထွန်ထယ်လိုက်ပါ။ ထွန်ရေးကောင်းသည်အထိမြေကိုပြုပြင်ပါ။ ရေဝပ်သည့်နေရာဖြစ်ပါကဘောင်တင်၍စိုက်ပါ။ မစိုက်မီတစ်ရက်အလိုတွင် ဓာတ်မြေဩဇာများချပေးပါ။
၇ ။ စိုက်ပျိုးခြင်း
ပျိုးထောင်စိုက်ပျိုးပါက အရွက်သေးမျိုးအတွက် တစ်ပေကွာအတန်းများတွင် တစ်ပင်နှင့်တစ်ပင် (၆)လက်မခြား၍စိုက်ပါ။ အရွက်ကြီးမျိုးကိုမူ တစ်ပေကွာအတန်းများတွင် တစ်ပင်နှင့်တစ်ပင် တစ်ပေခြားစိုက်ရမည်။ အစေ့မှအပင်ပေါက်ရန် (၅-၆)ရက်ကြာပြီး အရွက်အရေအတွက်(၄-၅)ရွက် ရလာလျှင် ပျိုးပင်များကိုစိုက်ခင်းသို့ချနိုင်သည်။ ညနေပိုင်းနေအပူရှိန်စတင်လျော့လာမှ ပြောင်းစိုက်ပါ။ စိုက်ချိန်တွင်မြေတွင်ရေအလုံအလောက်ရှိရန်အရေးကြီးသည်။ သို့မဟုတ် စိုက်ပြီးလျှင်ချက်ချင်းရေသွင်း ပေးသင့်ပါသည်။ စိုက်ခင်းတွင်တိုက်ရိုက်စိုက်ပျိုးပါက တစ်တန်းနှင့်တစ်တန်း (၁၂ - ၁၅)လက်မကွာသောစိုက်တန်းတွင် မျိုးစေ့ကိုထူထူချပေးပြီး မြေပါးပါးဖြင့်ဖုံးပေးပါ။ အပင်ပေါက်လာ၍ အရွက်(၂-၃)ရွက်ထွက်လာသော် တစ်ပင်နှင့်တစ်ပင် (၂-၃)လက်မခြားပြီးမှုန်းပေးရမည်။ အပင်ငယ်များဆက်လက်ကြီးထွားလာ၍ အပင်များကြပ်လာတိုင်း တစ်ပင်ခြားမှုန်းပေးပါ။ စိုက်ပြီး(၂၅-၃၀)ရက်ကြာသော် မုန်ညင်းရွက်များကို စားသုံးနိုင်ပြီဖြစ်သောကြောင့် နောက်ပိုင်းမှုန်းသောအပင်များကို စားသုံးခြင်း၊ ရောင်းချခြင်းများ ပြုလုပ်နိုင်ပါသည်။ မုန်ညင်းကို မေလမှဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်ပါသည်။
၈ ။ အပင်ပြုစုခြင်း
မုန်ညင်းကိုစိုက်ပြီးက အစောပိုင်းပေါင်းမြက်နှိမ်ထားရန်အရေးကြီးသည်။ အပင်ကြီးမြန်ခြင်းကြောင့် အစောပိုင်းပေါင်းနိုင်ထားလျှင် နောက်ပိုင်းတွင်ပေါင်းလိုက်ရန်သက်သာသည်။ ပေါင်းလိုက်မြေဆွရာ၌ အပင်မထိခိုက်စေရန်ဂရုပြုပါ။
၉ ။ ရေသွင်းခြင်း
မုန်ညင်းသည်အစိုဓာတ်လုံလုံလောက်လောက် အမြဲတမ်းရှိရန်လိုသည်။ ပူအိုက်ခြောက်သွေ့သောရာသီ တွင်မြေ၌အစိုဓာတ်အမြဲရှိနေစေရန် ကောက်ရိုး၊မြက်ခြောက်တို့ဖြင့် အပင်ခြေကိုအုပ်ပေးပါ။ လိုအပ်ပါက ရေသွင်းပေးရမည်။ ရေဝပ်ဒဏ်မခံနိုင်သောကြောင့် ရေကိုလိုသည်ထက်ပို၍ မသွင်းမိရန်အရေးကြီး ပါသည်။
၁၀ ။ ရိတ်သိမ်းခြင်း
အပင်များရောင်းတန်းအရွယ်ရောက်လာသောအခါ ကြပ်နေသောအပင်များကိုနုတ်၍သန့်စင်စွာ ဆေးကြောပြီး ရောင်းချနိုင်သည်။ သို့မဟုတ်အပြင်ဘက်ဆုံး အရွယ်ကြီးသောအရွက်များကို ခူး၍ရောင်း နိုင်သည်။ အရွက်များကိုခူးဖြတ်ရာတွင် အပင်ဆက်လက်ကြီးထွားနိုင်ရန် အပင်ပေါ်၌အရွက်လုံလောက် စွာ ချန်ထားရမည်။ အရွက်ချောသည့်မုန်ညင်းမျိုးကို ပွင့်တန်ထွက်၍အပွင့်များစတင်ပွင့်သည့်အချိန်အထိ ထား၍ ရိတ်သိမ်းနိုင်သည်။ အစေ့တည်၍အတောင့်များ စတင်ဖြစ်ပေါ်လာပါက အရွက်များကြမ်းလာ သောကြောင့်၎င်းအဆင့်အထိမထားသင့်ပေ။ အများအားဖြင့် မုန်ညင်းရွက်ရင့်လာပါက အချဉ်ထည့်ရန်အတွက် အသုံးပြုကြသည်။
၁၁ ။ မျိုးစေ့ထုတ်လုပ်ခြင်း
မုန်ညင်းသည်ပင်ခြားဝတ်မှုန်ကူးပင်ဖြစ်ခြင်းကြောင့် မျိုးစေ့ထုတ်လုပ်ရန်အတွက် သီးခြားစိုက်ပျိုးသင့် သည်။ စိုက်ပြီးရက်ပေါင်း (၇၀-၈၀)ခန့်ကြာသော် အပင်၏အလယ်မှပွင့်တံထွက်လာသည်။ ပန်းစတင် ပွင့်ချိန်တွင် ပွင့်တံတစ်လျှောက် ပျများ ကျရောက်တတ်ပြီး မျိုးစေ့အထွက်နှုန်းကိုလျော့စေသည်။ ပိုးမွှားရောဂါကင်းစင်၍ ထွားကြိုင်းသောအပင်များကိုရွေးချယ်၍မျိုးယူပါ။ ၇၅ ရာခိုင်နှုန်း အသီးရင့်မှည့် လာပါက စတင်ရိတ်သိမ်းပါ။ တာရှည်စွာဆက်လက်ထားရှိပါက အတောင့်များခြောက်သွေ့ပေါက်ကွဲပြီး မျိုးစေ့အလေအလွင့်များဖြစ်စေသည်။ အပင်တစ်ပင်လုံးကိုနှုတ်၍ မိုးကာဖျင်ပေါ်တွင် ထား၍နေလှမ်း ရသည်။ အတောင့်များအားလုံးခြောက်သွေ့ပါက တုတ်နှင့်ရိုက်ပြီးပြာလှေ့၍ အစေ့များကို သန့်စင်ယူ နိုင်ပါသည်။
Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း