menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
နေကြာပင် ကျပ်ခိုးမှိုကျရင် ဒီလိုကာကွယ်ပါ
🌻🌻နေကြာပင် ကျပ်ခိုးမှိုကျရင် ဒီလိုကာကွယ်ပါ🌻🌻
▪️ဒီတစ်ပတ် တောင်သူလယ်သမားကြီးများကို ဆွေးနွေးအကြံပြုလိုတဲ့အချက်ကလေးကတော့ နေကြာပင်မှာကျရောက်တတ်တဲ့ကျပ်ခိုးမှိုကို ကာကွယ်နှိမ်နင်းနည်းလေးပဲ ဖြစ်ပါတယ်။စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်က တောင်သူလယ်သမားကြီး ဦးဒွေးဖုန်းဆက်ပြီး အကြံဉာဏ်တောင်းခံလာပါတယ်။ သူအကြံဉာဏ်တောင်းခံလာတာကတော့ သူ နေကြာ ၁၀ ဧက သီးသန့်စိုက်ထားပါတယ်။ အပင်နှစ်လသားရောက်တော့ နေကြာရွက်တွေအပေါ်မှာ မည်းမည်းအမှုန်တွေဖြစ်ပြီး အရွက်တွေဝါ၍ ကြွေကျကုန်တယ်။ ဒီလိုဖြစ်တာ နှစ်နှစ်ရှိသွားပြီ။အဲဒါ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကာကွယ်နှိမ်နင်းရမလဲဆိုတာ ဆရာ့ဆီ အကြံဉာဏ်တောင်းတာပါလို့ ဆိုပါတယ်။
▪️တကယ်တော့ ဦးဒွေးရဲ့ နေကြာခင်းဟာ ကျပ်ခိုးမှိုရောဂါဖြစ်နေတာပါ။ မှိုကြောင့်ဖြစ်တဲ့ ရောဂါပါ။ ဒီရောဂါဟာ နေကြာပင်အပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပိန္နဲ၊မာလကာ၊ ထောပတ်၊ သရက်၊ ကျွဲကော၊ ဒန့်သလွန်၊ မရန်းနဲ့ သံပရာပင်တွေမှာလည်းဖြစ်တတ်ပါတယ်။ ဒီရောဂါမှိုဟာ အပင်ရဲ့အရွက်၊ အဖူး၊ အညွန့်၊ ပန်းခိုင်၊ အပွင့်၊ ပင်စည်၊ ကိုင်းတွေအားလုံးမှာ ကျရောက်နိုင်ပါတယ်။ ဒီရောဂါမှိုဟာ အပင်တွေမှာကျရောက်တဲ့ ပျပိုး၊ ဖြုတ်ပိုး၊ ပိုးစေးနှဲ စတဲ့ စုပ်စားဖျက်ပိုးတွေ ကျရောက်တဲ့အခါ အဲဒီပိုးကောင်တွေက စစ်ထုတ်တဲ့ စစ်ထုတ်ရည်ကြောင့် ဖြစ်ပေါ်လာပြီး မှိုစပိုးတွေရဲ့အရောင်ဟာ အမည်းရောင်ဖြစ်နေပါတယ်။ ကျရောက်ပြီး မကြာခင်မှာ ပင်စည်အစိတ်အပိုင်းအားလုံးကို အမည်းရောင်ဖုံးလွှမ်းသွားပြီး ကျပ်ခိုးလိုဖြစ်နေပါတယ်။ ဒါကြောင့် ကျပ်ခိုးမှိုလို့လည်း ခေါ်တာဖြစ်ပါတယ်။
▪️ဒီကျပ်ခိုးမှိုရောဂါဟာ ရွက်နုထွက်ချိန်၊ ပန်းပွင့်ချိန်၊ သီးကင်းဝင်စအချိန်တွေမှာ ကျရောက်တတ်ပြီး ရွက်နုထွက်ချိန်၊ ပန်းပွင့်ချိန်မှာ ကျရောက်ရင်တော့ အပွင့်အားလုံးကြွေကျသွားပြီး အသီးမတင်တော့ပါ။ သီးကင်းဝင်စအချိန်ဆိုရင်လည်း အသီးငယ်အားလုံး ကြွေကျကုန်ပါတယ်။ နေကြာမှာဆိုရင် ပန်းပွင့်ဘဝမှာပဲ နိဂုံးချုပ်သွားပါတယ်။ ဒါကြောင့် ကျပ်ခိုးမှိုရောဂါ ကျပြီဆိုရင် အထွက်ကျဖို့ သေချာနေပါပြီ။
▪️ဒီကျပ်ခိုးမှိုရောဂါကို ကာကွယ်နှိမ်နင်းမယ်ဆိုရင်တော့.....
(က) ကြိုတင်ကာကွယ်မှုလုပ်ငန်း
▪️ဒီမှိုရောဂါဟာ ရာသီဥတုအေးနေရင်ပိုပြီးကျရောက်နိုင်တဲ့အတွက်ရာသီဥတုအေးနေရင် မိမိစိုက်ခင်းကို သေချာစွာလေ့လာပါ။ရာသီဥတုအေးနေမယ်ဆိုရင် ရွက်နုတွေကလည်း ထွက်ချိန်ဆိုရင် ပျပိုး၊ ဖြုတ်ပိုး၊ ပိုးစေးနှဲများ စိုက်ခင်းသို့ မလာရောက်နိုင်အောင် ဆေးရွက်ကြီးဇီဝပိုးသတ်ဆေးရည်နဲ့ တစ်ပတ်တစ်ကြိမ် ဖျန်းပေးပြီး ပိုးလှန့်ပေးပါ။ ဆေးရွက်ကြီးဇီဝပိုးသတ်ဆေးရည် ပြုလုပ်နည်းကတော့ ဆေးရွက်ကြီးအမှုန့် ၃၀ ကျပ်သား၊ ဆပ်ပြာမှုန့် ၃၀ ကျပ်သား (ဂရမ် ၅၀၀) ကို ရေလေးဂါလန်တွင်ထည့်၍ သမအောင် တုတ်နဲ့မွှေပါ။ လေလုံအောင်ပိတ်ထားပါ။ တစ်ပတ်ကြာရင် ပိတ်ပါးစ (သို့) စွပ်ကျယ်စနဲ့ စစ်ပါ။ အဖတ်များကို ပုံးထဲ ပြန်ထည့်သုံးပါ။ အရည်ကို အရည်တစ်ဆ၊ ရေ ၁၀၀၀ ဆနဲ့ရောပြီး အသုံးပြုပါ။ကုန်ကျစရိတ်လည်း သက်သာ၊ ဓာတ်ကြွင်းအာနိသင်လည်း ကင်းမှာဖြစ်ပါတယ်။ပိုးသတ်ဆေးမှ သုံးချင်တယ်ဆိုရင် စုပ်စားပိုးများကိုနိုင်တဲ့ ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးကို နှုန်းထားမှန်အောင် အသုံးပြုပါ။
(ခ) နှိမ်နင်းခြင်း
▪️စုပ်စားပိုးကိုနိုင်တဲ့ ပင်လုံးပြန့်ပိုးသတ်ဆေး တစ်မျိုးမျိုးကို နှစ်ပတ်တစ်ကြိမ်ဆေးညွှန်းပါနှုန်းထားအတိုင်း ဖျန်းပါ။မှိုအတွက် မှိုသတ်ဆေးတစ်မျိုးမျိုးကိုအညွှန်းပါနှုန်းထားအတိုင်း တစ်ပတ်တစ်ကြိမ် သုံးကြိမ်ဖျန်းပါ။ ရောဂါရတဲ့အပင်တွေကို မီးရှို့ပစ်ပါ။ဒါဆိုရင် နေကြာခင်းကို ဒုက္ခပေးနေတဲ့ ကျပ်ခိုးမှိုရောဂါဘေးအန္တရာယ်က ကင်းဝေးသွားပါလိမ့်မယ်။
- အောင်ဆန်း(စိုက်ပျိုးရေး)
- မြန်မာတောင်သူကြီးများဂျာနယ်