menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
နှင်းဆီပန်း စနစ်တကျ စိုက်ပျိုး ပြုစုနည်း
🍀🌷🍀🌷🍀🌷🍀🌷🍀🌷🍀
နှင်းဆီပန်း စိုက်ပျိုးခြင်း .....
🔸 နှင်းဆီပန်း အမျိုးပေါင်း ၃,၀၀၀ ကျော်ရှိပါတယ်။ နှင်းဆီမျိုးစိပ်ကတော့ ၁၅၀ ကျော်လောက် ရှိပါတယ်။ ဒါပေမယ့်တကယ်တမ်း နှင်းဆီကိုခွဲခြားလိုက်မယ်ဆိုရင် ခြုံပုတ်နှင်းဆီ နှင့် နွယ်နှင်းဆီနှစ်မျိုး ပဲရှိပါ တယ်။ ထို့ပြင်နှင်းဆီစိုက်သည့်အခါအစေ့ကိုစိုက်လို့ရတာမဟုတ်ပါဘူး။ မျိုးပင်ကိုသာ စိုက်ရတာဖြစ်ပါတယ်။
🔸 မျိုးပင်ကို စိုက်ပျိုးတော့မယ်ဆိုရင် အရင်ဆုံး မျိုးထုပ်ကိုကြည့်ရပါတယ်။ မျိုးထုပ်မှာ တကယ်လို့ အမြစ်တွေ ထွက်နေမယ်ဆိုရင် အဲဒီအမြစ်တွေကိုညှပ်ပေးရပါတယ်။ ညှပ်ပေးပြီးတော့မှ၎င်းမျိုးထုပ်နဲ့ ကိုက်ညီတဲ့ မြေကျင်းကို တူးရပါမယ်။ တူးပြီးတော့ ပလပ်စတစ်အိတ်ကို ဖယ်လိုက်ရပါတယ်။
🔸 မျိုးပင်ကိုစိုက်တဲ့အခါမှာမျိုးပင်ကမြေကြီးထဲမှာ (၄-၅)လက်မလောက်ထားပြီးတော့ စိုက်ပေးရပါတယ်။ စိုက်ပျိုးတဲ့အခါမှာလည်း အပင်ကို ကြပ်နေအောင် အပင်ရဲ့ ပတ်ပတ်လည်မှာ ရှိတဲ့ မြေကြီးတွေကို ဖိသိပ်ပေးရပါတယ်။ စိုက်ပျိုးပြီးစ အပင်တွေကိုတော့ ရေကို ဂရုတစိုက် လောင်းပေးရမှာပါ။ အပင်ကြီးတွေအတွက်ဆိုရင်တော့ တစ်ရက်မှာ တစ်ကြိမ် ရေလောင်းပေးရမှာဖြစ်ပါတယ်။
🔸နှင်းဆီပင်စိုက်ပျိုးရာတွင် မြေပြန့်ဒေသတွင် မိုးရာသီအကုန် စက်တင်ဘာလ၊ အောက်တိုဘာလများအတွင်း နှင်းဆီစိုက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ နောက်အကျဆုံး နိုဝင်ဘာလကုန်အထိစိုက်နိုင်သည်။ သို့သော် ဂရုစိုက်နိုင်ပါက တစ်နှစ်လုံးနီးပါး စိုက်နိုင်ပါသည်။ (ဥပမာ- ပူပြင်းသော ရာသီတွင် အရိပ်လုပ်ပေးခြင်း)။ ထိုဒေသများတွင် အပူချိန်ပြင်းသည့် ဧပြီလမှ ဇွန်လအတွင်း နှင်းဆီမစိုက်သင့်ပေ။ မိုးများလွန်းသောဒေသများတွင် ဇူလိုင်လ၊ သြဂုတ်လ (မုတ်သုန်ရာသီ) အတွင်း နှင်းဆီစိုက်ပျိုးခြင်းကိုရှောင်သင့်ပါသည်။
🔸 နှင်းဆီကတော့ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပေမယ့် အပွင့်နှုန်းကောင်းစေဖို့နဲ့ အပင်ကြီးထွားမှု မြန်စေဖို့ မြေသြဇာကောင်းကောင်းရရှိဖို့လိုအပ်ပါတယ်။ ရေဝပ်တာကို မနှစ်သက်တဲ့အတွက် ရေစိမ့်ဝင်မှု ကောင်းတဲ့မြေ ဒါမှမဟုတ်ရင် စိုက်ဘောင်တွေနဲ့ စိုက်ပျိုးသင့်ပါတယ် ။ စိုက်ဘောင်တွေကိုတော့ မြေကြီးမှ ၆ လက်မအမြင့် ထားပေးရပါမယ်။ စိုက်ဘောင်အရှည် ပေ ၃၀ x အကျယ် ၅ ပေအတွက်ဆိုရင် နွားချေး ၅ တင်းခန့် နှင့်စက်ဖွဲပြာ နှစ်ပြည်ခန့် ကို မြေနဲ့ ရောပေးရပါမယ်။ အပင်ကိုတော့ တစ်ပင်နဲ့တစ်ပင် သုံးပေခန့် ခွာပြီးတော့ စိုက်ပေးရမှာဖြစ်ပါတယ်။ စိုက်ပျိုးဖို့ အကောင်းဆုံး အချိန်တွေကတော့ မိုးနည်းတဲ့ ဒေသတွေမှာဆိုရင်တော့ မိုးဦးစနဲ့ မိုးများတဲ့ဒေသတွေမှာဆိုရင် ဆောင်းဦးပေါက် ကာလတွေမှာ စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။
🔸 စိုက်ပျိုးမယ့်ပျိုးပင်တွေကိုလည်း သေချာစစ်ဆေးသင့်ပါတယ်။ မစိုက်ပျိုးမီ တစ်ပတ်အလိုလောက်မှာ ပိုးသတ်ဆေး ၊မှိုသတ်ဆေးတွေကို ကြိုတင်ကာကွယ်ပက်ဖျန်းပေးထားရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့အခါမှာလည်း မျိုးထုပ်ရဲ့ အပြင်မှာထွက်နေတဲ့ အမြစ်တွေကို ဖြတ်ပြီးတော့ မြေစိုင်ခဲမပျက် စိုက်ပျိုးခြင်းနဲ့ မြေစိုင်ခဲကိုဖယ်ပြီး အမြစ်ကို တစ်နာရီခန့် ရေ (သို့)ဟော်မုန်းဆေးရည်ထဲမှာ စိမ်ပြီးမှ စိုက်ပျိုးခြင်းဆိုပြီးတော့ နှစ်မျိုး စိုက်ပျိုးနိုင်ပါတယ်။
🔸 နှင်းဆီပန်းပွင့် ရောင်းတန်းဝင်ဖို့အတွက်ကတော့ ကိုင်းရှင်းတဲ့နေရာမှာ အရေးကြီးပါတယ်။ ကိုင်းရှင်းတာက နှင်းဆီပန်းပင် ရှင်သန်ရပ်တည်ဖို့နဲ့ ပန်းပွင့်လှလှဖြစ်ဖို့အတွက်အရမ်းကို အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
နှင်းဆီပန်းပင် ပြုစုစောင့်ရှောက်ခြင်း .....
🔸 နှင်းဆီပန်းပင် ကိုင်းရှင်းတဲ့အခါ အပင်မှာအတက်တွေထွက်နိုင်တဲ့နေရာရဲ့အောက်က နှစ်ကိုင်းလောက်ကို ချန်ထားပြီးတော့ ညှပ်ရမှာဖြစ်ပါတယ်။ သို့မှသာ ထွက်လာတဲ့အတက်တွေက သန်မာပြီး ရောင်းတန်းဝင်တဲ့ အပင်တွေဖြစ်လာမှာပါ။ ကိုင်းသင်ပြီး တစ်လခွဲခန့်ကြာတဲ့အချိန်မှာတော့ ပန်းတွေ စတင် ဖူးပွင့်လာပါမယ်။ ပန်းခူးခြင်းနဲ့ ကိုင်းသင်ခြင်းကို နောက်ပိုင်းမှာ အတူတူ လုပ်ဆောင်လာရမှာပဲ ဖြစ်ပါတယ်။ ပန်းခူးတဲ့အခါမှာ ပန်းပွင့်ရဲ့ အောက်မှာရှိတဲ့ အတက် လေးငါးဆစ်ပါအောင် ခူးပေးရမှာ ဖြစ်ပါတယ်။ ထိုအခါမှသာ သန်စွမ်းတဲ့ကိုင်းတွေ ထွက်ပြီးတော့ ဖူးပွင့်မှာဖြစ်ပါတယ်။
🔸 နှင်းဆီပင်ကို တစ်နှစ်မှာတစ်ကြိမ်ခန့် အစာကြီးကျွေးရပါတယ်။ ထိုအချိန်တွင် N : P : K အာဟာရဓာတ် စုံလင်စွာပါဝင်ပြီး အသင့်တင့်သောမြေဆီလွှာအစိုဓာတ်မှာပင်ပျော်ဝင်နိုင်သော ဇီလီယန် (၁၆ ပတ်လည်)မြေဩဇာကိုထည့်သွင်းပေးရပါမည်။ နှင်းဆီပန်းတွေကို ကိုင်းထိုးပြီးတော့ စိုက်ပျိုးလေ့ရှိပြီး ကိုင်းတွေကို (၄-၆)လက်မ အရှည်ခန့်ကိုဖြတ်ပြီး ပျိုးအိတ်ထဲမှာထည့်ပြီး စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ မိုးရာသီမှာတော့ မြေထုပ်စည်း ပြီးတော့လည်း မျိုးပွားနိုင်ပါတယ်။ နှင်းဆီပန်းကတော့ နေ့စဉ်ဝင်ငွေရနေတဲ့ပန်းဖြစ်ပြီးတော့ သုံးနှစ်အထိပန်းတွေကိုခူးဆွတ်နိုင်ပါတယ်။
🔸 နှင်းဆီစိုက်ပျိုးရေးတွင် ရေပေးခြင်းသည် အရေးကြီးသည့်အချက် တစ်ချက်ဖြစ်ပါသည်။ ရေပေးမှုမမှန်ကန်ပါကအပင်ဖြစ်ထွန်းမှု နည်းစေသည်။
🔸 နှင်းဆီပင်မှာ ကိုင်းဖျားခြောက်မှိုရောဂါ၊ ကြီးပေါင်းရောဂါ၊ ဖာဥမှိုရောဂါနဲ့ နှင်းဆီကွက်ပျောက်မှိုရောဂါတို့ ကျရောက်တတ်ပြီး ကျရောက်သည့်ရောဂါအလိုက် “ကျူပရိုမက်စ်၊ ဟက်ဇာဂွန်၊ ဒိုင်ဇီ၊ ကာဗာ" ဆေးများကိုဆေးညွှန်းအတိုင်းရွေးချယ်သုံးစွဲပေးရပါမယ်။ ကျရောက်တက်သည့် ပိုးမွှားများမှာ ခြ၊ အနီရောင်ကြေးပိုး၊ ပြပိုး၊ ရွက်ဖြတ်ပိုး၊ ပင့်ကူနီတို့ဖြစ်ပြီး “အေမီဒါ၊ အီမာလန်ဒါ၊ ဒါဘင်”ဆေးများကို ပက်ဖျန်းပေးနိုင်ပါတယ်။
🔸 စိုက်ပျိုးရေးဝါသနာရှင်များအနေဖြင့် နှင်းဆီပင် ဘယ်လိုစိုက်ရမယ်၊ ဘယ်လိုရှင်သန်အောင်မြင်အောင်ပြုစုစိုက်ပျိုးရမယ် ဆိုတာကိုအခြေခံသိရှိပြီး နှင်းဆီစိုက်ပျိုးခြင်းဖြင့် လှပအောင်မြင်သော နှင်းဆီ စိုက်ခင်းများကို ပိုင်ဆိုင်နိုင်ကြပါစေ။
🌷စစ်မှန် ပြည့်ဝ ဝိစာရ🌷
Source : ပန်းမာန်များစိုက်ပျိုးနည်း