menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
နှမ်းသီးနှံအထွက်တိုးရန် ဂရုပြုသင့်သည့်အချက်များ
🌿🌿🌿🌿🌿🌿🌿🌿🌿🌿
⏩မြန်မာနိုင်ငံ ဆီထွက်သီးနှံထဲမှာ နှမ်းသီးနှံဟာ ၁.၆၄ သန်း ဟက်တာစိုက်ပြီး အများဆုံးစိုက်ပျိုးတာ ဖြစ်ပါတယ်။ တစ်ဟက်တာမှာ ၀.၅၉ မက်ထရစ်တန်ထွက်ရှိပြီး နှမ်းစေ့ပေါင်း ၉.၄ သိန်း မက်ထရစ်တန် ထွက်ရှိနေတာဖြစ်ပါတယ်။ အထွက်နှုန်းဟာ ပျမ်းမျှ ၈တင်းခန့်သာ ထွက်ရှိတာဖြစ်ပါတယ်။ နှမ်းသီးနှံကို တစ်ဧကအထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်နိုင်မယ်ဆိုရင် နှမ်းစုစုပေါင်း အထွက်နှုန်းဟာလည်း တိုးမြင့်လာမှာ ဖြစ်ပါတယ်။
⏩ယခုခေတ်မှာ နှမ်းကို ပြည်ပတင်ပို့ဖို့ ရေပန်းစားလာပါတယ်။ ပြည်တွင်း နှမ်းအထွက်နှုန်း တိုးမြှင့် ထုတ်လုပ်နိုင်အောင် စီမံနိုင်မယ်ဆိုရင် ပြည်ပတင်ပို့မှုရော၊ ပြည်တွင်းဆီဖူလုံမှုကိုပါ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။ တောင်သူ လယ်သမားကြီးများလည်း ဝင်ငွေတိုးလာမှာ ဖြစ်ပါတယ်။ ယခုအချိန်မှာ မိုးဦးနှမ်း၊ မိုးနှမ်းလှိုင်လှိုင် စိုက်ပျိုးနေကြချိန် ဖြစ်ပါတယ်။ ဒါကြောင့် နှမ်းသီးနှံကို အထွက်တိုးစေဖို့ သတိပြုဆောင်ရွက်ရမယ့် အချက်ကလေးတွေကို မျှဝေပေးလိုက်ပါတယ်။
⏩နှမ်းသီးနှံအထွက်တိုးဖို့ အထွက်မိတ်ဖက်အချက်တွေကို အရည်အချင်းပြည့်ဝအောင်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ၎င်းအထွက်မိတ်ဖက်များမှာ .....
(၁) တစ်ဧကရှိရမယ့် အပင်အရေအတွက်ပြည့်အောင် ဂရုပြုဆောင်ရွက်ရန်
(၂) တစ်ပင်ပါ အသီးအရေအတွက် ပြည့်ပြည့်၀၀ရရှိအောင် ဂရုပြုဆောင်ရွက်ရန်
(၃) သီးတောင့်တစ်တောင့်ပါ အစေ့အရေအတွက်ရရှိအောင် ဂရုပြုဆောင်ရွက်ရန်
(၄) နှမ်းစေ့ အစေ့ ၁၀၀၀ အလေးချိန် သတ်မှတ်ချက်အတိုင်းပြည့်အောင် ဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။
⏩ပထမအချက်အနေနဲ့ တစ်ဧကရှိရမယ့် နှမ်းပင်အရေအတွက် ရိတ်သိမ်းပင် တစ်သိန်းတင်းတင်းရရှိအောင် ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ တစ်ဧကရှိရမယ့် အပင်တစ်သိန်းရရှိဖို့အတွက် စိုက်ပျိုးချိန်မှန်ရမယ်။ စိုက်ပျိုးချိန်မှာ မြေတွင်းအစိုဓာတ်၁၅-၂၀ ရာခိုင်နှုန်းရှိရမယ်။ အပင် ၉၀ ရာခိုင်နှုန်းရှိတဲ့မျိုးကိုပဲ ရွေးချယ်စိုက်ပျိုးရမှာ ဖြစ်ပါတယ်။ နှမ်းကို ကြဲစိုက်သည်ဖြစ်စေ၊ အတန်းလိုက်စိုက်သည်ဖြစ်စေ သတ်မှတ် အပင်ရေ တစ်သိန်းရှိနေစေဖို့ ပိုနေတဲ့နှမ်းပင် (ထူနေတဲ့နှမ်းပင်)ကို အရွက်စစ် ခြောက်ရွက်ထွက်ချိန် အပင်သက်သုံးပတ်မှ တစ်လသားအတွင်း သားခွဲ (နှမ်းမှုန်း) ခြင်း မဖြစ်မနေ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ နှမ်းသီးနှံ အဓိကအထွက်နှုန်း ကျဆင်းရတာဟာ တစ်ဧက အပင်အရေအတွက် မပြည့်လို့ဖြစ်ပါတယ်။ တစ်ဧက အပင်တစ်သိန်းရှိပြီး တစ်ပင်မှာ နှမ်းသီးတောင့် ပျမ်းမျှ ၃၀ ရှိပါက တစ်ဧက တင်း ၂၀ ထွက်ဖို့သေချာပါတယ်။
⏩ဒုတိယအချက်မှာ တစ်ပင်ပါ အသီးအရေအတွက် ရရှိဖို့ဖြစ်ပါတယ်။ နှမ်းတစ်ဧက တင်း ၂၀ ထွက်ရှိဖို့ နှမ်းအပင်တစ်သိန်း ပြည့်ဝပြီး တစ်ပင်မှာ နှမ်းသီးတောင့် ပျမ်းမျှအတောင့် ၃၀ ရရှိအောင် ဆောင်ရွက်ဖို့လိုပါတယ်။ ရရှိလာတဲ့ အတောင့်တွေ အောင်တောင့်နဲ့ အောင်စေ့ ဖြစ်ပေါ်လာဖို့ စိုက်ခင်း အစိုဓာတ်မပြတ်စေရေး၊ ဓာတ်မြေသြဇာ လုံလောက်စွာ ထည့်ပေးရေးနဲ့ နှမ်း ရွက်လိပ်ပိုး၊ စုပ်ပိုးများ ကာကွယ်နှိမ်နင်းပေးရေးတို့ကို ဂရုပြုဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နှမ်းသီးပွင့်ပြီး အတောင့်ဖြစ် အဆန်ထည့်ချိန်မှာ မြေတွင်းအစိုဓာတ် ၁၅-၂၀ ရာခိုင်နှုန်းရှိဖို့ လိုပါတယ်။ ရေချို အလွယ်တကူရနိုင်ရင် အဲဒီအချိန်မှာ စိမ့်ရေ (သို့) မှုတ်ရေ တစ်ကြိမ်သွင်းပေးနိုင်က အထွက်တိုးဖို့ သေချာပါတယ်။
⏩ဓာတ်မြေသြဇာကိုတော့ မြေပြင်ချိန်မှာ သဘာဝမြေဆွေး၊ နွားချေး လှည်း ၁၀ စီးချပြီးမှ မြေပြင်ခဲ့ပါ။ နှမ်းတစ်ဧက တင်း ၂၀ ထွက်ဖို့ ရေဆင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာနက ယူရီးယား ၈၄ ပေါင်၊ တီစူပါ ၅၆ပေါင်၊ ပိုတက်ရှ် ၂၈ ပေါင်နှုန်းသုံးဖို့ ထောက်ခံထားပါတယ်။ မြေသြဇာ လျှော့သုံးရင် အထွက်လည်း လျော့သွားမှာ ဖြစ်ပါတယ်။ နှမ်းသီးပွင့်ပြီး အတောင့်ဖြစ်၊ အစေ့အဆန်ထည့်ချိန် အစိုဓာတ်မပြတ်စေရန် ဂရု စိုက်ဖို့နဲ့ သဘာဝမြေသြဇာ ၊ ဓာတ်မြေသြဇာတွေကို ထောက်ခံနှုန်းထားအတိုင်း ထည့်ပေးနိုင်ခြင်း ပြည့်စုံပါက တစ်တောင့်ပါအောင်စေ့အရေအတွက်အလိုအလျောက်ပြည့်ဝစေမှာဖြစ်ပါတယ်။
⏩နှမ်းစေ့အစေ့ ၁၀၀၀ အလေးချိန် ၂.၅ - ၃.၅ ဂရမ်ရှိဖို့ လိုပါတယ်။ အစိုဓာတ်နဲ့ အာဟာရ ပြည့်စုံ လုံလောက်စွာ ရရှိပါက သတ်မှတ်အစေ့ ၁၀၀၀ အလေးချိန် အလိုလိုရရှိသွားမှာ ဖြစ်ပါတယ်။နောက်ဆုံး သတိပြုရမယ့် အချက်ကတော့ ရိတ်သိမ်းချိန်လွန် နည်းပညာ လိုက်နာဖို့ပါပဲ။ နှမ်းသီးများ ကွဲမထွက်မီ ရိတ်ချိန်မှန် ရိတ်သိမ်းဖို့၊ ရိတ်သိမ်းပြီးပါက နှမ်းပင်တွေကို ချက်ချင်းစည်းပြီးထောင်ဖို့၊ နှမ်းစည်းထောင်ချိန်မှာ နှမ်းစေ့စုပ်ပိုးကို အချိန်မီကာကွယ်နှိမ်နင်းဖို့ပဲ ဖြစ်ပါတယ်။
⏩ထို့ကြောင့် အထက်ပါ အချက်များကို သေချာစွာ ဂရုပြုလိုက်နာဆောင်ရွက်ရင်း နှမ်းအထွက် တိုးနိုင်စေရန်ရေးသားတင်ပြအပ်ပါသည်။
Sources : အောင်ဆန်း(စိုက်ပျိုးရေး)