menu

“နှမ်းဖိုရောဂါ” ကို ကြိုတင် ဂရုပြုကာကွယ်ပါ


🌿🌿🌿🌿🌿🌿🌿🌿🌿🌿

✅နှမ်းဖိုရောဂါ (Sesame Phyllody)

ရောဂါကျရောက်မှု အခြေအနေ .....

ဖြုတ်ညိုကျရောက်မှုများပါက ဤရောဂါဖြစ်ပေါ်တတ်ပါသည်။

ရောဂါလက္ခဏာ .....

အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ ကြားဖူးများမှ မူမမှန်ကိုင်းများစွာ ထွက်ခြင်း၊ အပွင့်အင်္ဂါ အစိတ်အပိုင်းများ အစိမ်းရောင် ဖြစ်ခြင်းတို့ကိုတွေ့မြင်နိုင်ပါသည်။ နှမ်းခင်းအား အဝေးမှကြည့်ပါက ထိပ်ဖျားတွင် အထက်ပါလက္ခဏာကြောင့် အဆုပ်လိုက်အဆုပ်လိုက် အပွင့်ရောင်မရှိဘဲ အစိမ်းရောင်ကိုတွေ့မြင်နိုင်ပါသည်။

ကူးစက်ပျံ့နှံ့ခြင်း .....

နှမ်းဖိုရောဂါသည် ပင်ရည်ဖြင့် မကူးစက်နိုင်ပါ။ ကိုင်းကူးနည်းဖြင့်သာ ကူးစက်နိုင်ပါသည်။ မျိုးစေ့ဆောင် အဖြစ်မတွေ့ရပါ။ ဤရောဂါသယ်ဆောင်ကောင်မှာ ဖြုတ်ညို (Orosiusalbicinetus) ပိုးဖြစ်သည်။ ရောဂါဖြစ်စေ မိုက်ကိုပလပ်စမာသည် အဓိကအားဖြင့် အပူချိန်ပေါ်တွင် မူတည်၍ သယ်ဆောင်ကောင်၏ ခန္ဓာကိုယ်တွင် (၁၅) ရက်မှ (၆၃) ရက်ကြာပြီးမှ ရောဂါကူးစက်စွမ်းအားရှိသည်။ ရောဂါအရအပင်အတွင်း၌မူ (၁၃) ရက်မှ (၆၁) ရက်ကြာမှ ရောဂါလက္ခဏာကို ဖြစ်ပေါ်စေသည်။

ကာကွယ်နှိမ်နင်းနည်း .....

 (၁) နှမ်းပင်ငယ်စဉ်တွင် ဖြုတ်ပိုးကို “နိုးဝမ်း၊ ကေလာ” ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖြန်းကာကွယ်ပါ။

 (၂) စိုက်ချိန် စောစောစိုက်ခြင်းကိုရှောင်ပါ။

✅နှမ်းဖိုရောဂါသည် ဗိုင်းရပ်ကြောင့်ဖြစ်သော ရောဂါဖြစ်သောကြောင့် ကုသရန်ဆေးမရှိသေးပါ။ ဗိုင်းရပ်ပိုးကိုသယ်ဆောင်သော ဖြုတ်ညိုပိုးကိုသာလျှင် ကြိုတင်နှိမ်နင်းခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ပါသည်။

Sources : သီးနှံကာကွယ်ရေးဌာနခွဲ