menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
နှမ်းရိုးကိုမီးမရှို့ပါနှင့် ၊ အကျိုးရှိရှိသုံးပါ
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿
▪️နှမ်းရိုးကိုဘာကြောင့်မီးမရှို့စေချင်တာလဲဆိုသည့်အကြောင်းမှာ နှမ်းရိုးတွေဟာမြေကြီးထဲကိုထည့်လိုက်ရင်ဆွေးလွယ်ပြီး မြေဆီလွှာကိုပြုပြင်ရာမှာလည်းအကောင်းဆုံးပစ္စည်းဖြစ်ပါတယ်။ မြေဆီလွှာ ကိုအာဟာရဓာတ်တွေနဲ့ပြည့်စုံစေတယ်လို့မြေဆီလွှာပညာရှင်တစ်ဦးကဆိုပါတယ်။
▪️တောင်သူတွေကနှမ်းရိုးကိုမီးရှို့ပစ်ကြတယ်။ ပြီးရင်စပါးစိုက်တဲ့အခါအများစုက ယူရီးယားဘဲထည့်တယ်။ ဖော့စ်ပရပ်တို့၊ ပိုတက်စီယမ်တို့မထည့်ကြတော့ဘူး။ ကြာလာတော့မြေဆီလွှာအာဟာရတွေ ချို့တဲ့လာ ပါတယ်။ မြေလည်းပျက်လာပါတယ်။ နှမ်းရိုးဟာသဘာဝမြေဩဇာလည်းဖြစ်တော့ဒီလိုအခြေအနေမှာ နှမ်းရိုးထည့်ရင်မြေကြီးအတွက် ပိုတက်စီယမ်ဓာတ်ရရှိသလို နိုက်ထရိုဂျင်ဓာတ်၊ ဖော့စ်ပရပ်ဓာတ်လည်း ရရှိတယ်။ နှမ်းရိုးရှိတဲ့နေရာတွေမှာ နှမ်းရိုးကိုလွယ်လွယ်ထည့်နိုင်တဲ့အတွက် စပါးအထွက်လည်းတိုးလို့ အများကြီးအကျိုးရှိနိုင်ပါကြောင်း ရေဆင်းစိုက်ပျိုးရေးသုတေသနမှတွေ့ရှိချက်များအရ အကြံပြုထားပါတယ်။
▪️စပါးခင်းထဲကိုနှမ်းရိုးထည့်ပေးရင်စပါးအထွက်နှုန်း(၁၀-၃၀)ရာခိုင်နှုန်းတိုးနိုင်ပါတယ်။ ထို့အပြင် စိမ့်ဆွဲမြေ၊ ဒုံပေါက်မြေများပြုပြင်ရန်ခက်ခဲနေလျှင် သီးနှံတစ်ရာသီလှမ်းထားပြီး နှမ်းရိုးရသမျှကို နှစ်နှစ် သုံးနှစ်ဆက်တိုက်ချပေးလျှင်သီးနှံစိုက်ပျိုးနိုင်သည့်မြေကောင်းပြန်ဖြစ်လာနိုင်ပါတယ်။နှမ်းရိုးမှာ ပိုတက်စီယမ်ဓာတ်ကြွယ်ဝပြီး မဆွေးမြေ့မီထည့်ပြီး (၃)ရက်အတွင်း စပါးခင်းရေရှိလျှင်နှမ်းရိုးမှာပါဝင်သည့် ပိုတက်စီယမ်ဓာတ်၏(၄၀) ရာခိုင်နှုန်းကိုနှမ်းရိုးကထုတ်ပေးသည့်အတွက်စပါးခင်းက ပိုတက်စီယမ်ဓာတ်ရရှိနိုင်ပါတယ်။
▪️စပါးခင်းထဲမှာနှမ်းရိုးတစ်တန်ဆွေးမြေ့သွားလျှင် ယူရီးယား(၂၅)ပေါင်၊ ပိုတက်စီယမ်(၃၅)ပေါင်နဲ့ညီမျှတဲ့ ဓာတ်တွေရရှိနိုင်ပါတယ်။ နှမ်းရိုးမှာနိုက်ထရိုဂျင် ၁.၅ ရာခိုင်နှုန်း၊ ဖော့စ်ပရပ် ၀.၂၄ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၂.၄ ရာခိုင်နှုန်း၊သစ်ဆွေးဓာတ် ၉၆ ရာခိုင်နှုန်း၊ကာဗွန်နိုက်ထရိုဂျင် ၃၇.၁ ရာခိုင်နှုန်း ပါဝင်တယ်လို့ဆိုပါတယ်။ နှမ်းရိုးကိုမီးရှို့ရင်ဒီဓာတ်တွေဆုံးရှုံးသွားပါတယ်။ နှမ်းစိုက်ခင်းတစ်ဧကကိုရိတ်သိမ်းလျှင်နှမ်းရိုး(၁.၅ - ၂)တန်အထိရနိုင်ပါတယ်။စပါးတစ်ဧကအတွက်လုံလောက်သည့်နှမ်းရိုးဖြစ်ပါတယ်။ ထို့ကြောင့်နှမ်းရိုးကိုမီးမရှို့ဘဲလယ်ထဲတွင်အကျိုးရှိရှိအသုံးပြုနိုင်ပါရန်ရေးသားတင်ပြအပ်ပါသည်။
အောင်ဆန်း(စိုက်ပျိုးရေး)
🍃စစ်မှန် ပြည့်ဝ ဝိစာရ🍃